Saturday, August 15, 2009

ခွန်အားသစ် ဖြစ်တည်လာရခြင်း

ခွန်အားသစ် (Migrant Workers Association)

ခွန်အားသစ် အလုပ်သမားအဖွဲ့ ဖြစ်တည်လာခဲ့ရတာက စိတ်ကူးအိပ်မက်တွေ ဆန္ဒတွေ တူညီကြတဲ့ ညီအစ်ကို သူငယ်ချင်းတွေစုစည်းပြီး လုပ်ခဲ့ကြတာပါ။ အိပ်မက်ဆိုတာ တနေ့ တာဖြတ်သန်းခဲ့ရတဲ့ ကြုံဆုံခဲ့ရတဲ့ အရာကိစ္စတွေ စိတ်စွဲလန်းမှုတွေ အိပ်မက်ထဲရောက် ရောက်လာတာမဟုတ်လား။

ကျနော်တို့ နေ့စဉ် ကြုံတွေ့နေရတဲ့ ထိုင်းနိုင်ငံ မဲဆောက်က မြန်မာပြည်သားတွေရဲ့ ဘ၀ အမော မြင်ခင်းတွေကတော့ ….
မဲဆောက်အမှိုက်ပုံကြီးရယ်၊ ကျောက်တန်းက အမှိုက်ပုံတွေမှာ မွှေနှောက်ရှာနေတဲ့ ကလေး တွေ၊ နာဇီအကျဉ်းစခန်းတွေမှာ ဂျူးတွေအထပ်ထပ် အိပ်သလို စက်ရုံထဲမှာ နေထိုင်နေ ကြတဲ့ မြန်မာပြည်သားတွေ၊ မဲဆောက်ဈေးထဲက မြင်ကွင်းတွေ၊ ကိုယ့်နဘေးနား ဖြတ် သွားတဲ့ အနက်ရောင် အချုပ်ကားကြီးထဲက မျက်လုံးတွေ၊ ထမင်းမစားရသေးတဲ့ နှစ်ထပ် အချုပ်က ကျနော်တို့ မြန်မာပြည်သားတွေ၊ ဥာဥ့်နက်သန်းခေါင်မှ စက်ရုံကပြန်လာတဲ့ ခြေ သံတွေ စကားပြောသံတွေ ရယ်သံတွေ ကြားရပြီးဆိုရင် အိပ်ရေးပျက်ခဲ့ရတဲ့ ညတွေ …

နေ့တိုင်း နေ့တိုင်း မြင်နေ ကြားနေ သိနေရတဲ့ ဒီအမောတွေအတွက် ကျနော်တို့က အ လုံစုံမဟုတ်တာတောင်မှ ရေဆာသူအတွက် ရေတပေါက်ဖြစ်ဖြစ်၊ အရိပ်ကောင်းကောင်း ပေးနိုင်တဲ့ သစ်ပင်တပင်ရဲ့ တထောင့်တနေရာက သစ်ရွက်တရွက် ဖြစ် ဖြစ်ပေါ့ …

ကျနော်တို့ ဖြစ်စေချင်တာတွေက …

(၁) ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ အသိပညာဗဟုသုတများ တိုးတက် လာစေရန်၊

(၂) ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ မိမိတို့ရပိုင်ခွင့် အခွင့်အရေး များကို သိရှိနားလည်ခံစားခွင့်များရရှိရန်၊

(၃) ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ သာရေးနာရေး၊ လူမှုရေး ကိစ္စများကို ၎င်းတို့နှင့်အတူ တတ်နိုင်သလောက်ကူညီဆောင်ရွက်ပေးရန်၊

(၄) ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်လက်မဲ့ပြဿများကို လက် လှမ်းမီ သလောက်ကူညီဆောင်ရွက်ပေးရန်၊

(၅) အသိပညာဖွံ့ဖြိုးတိုးတက်မှုအပေါ်အခြေခံ၍ အချင်းချင်းစည်းလုံးညီညွတ်ပူးပေါင်းလာ စေရန်၊
အဲဒါတွေပါပဲ ….

ခုလောလောဆယ်မှာ ကျနော်တို့ လုပ်နိုင်တာတွေ ကူညီနိုင်တာတွေကတော့ လုပ်ဆောင် နေပါတယ်။

ထိုင်းနိုင်ငံကို ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ နာရေးနဲ့ ကြုံလာရတဲ့ အခါမှာ ခွန်အားသစ်အနေနဲ့ တတ်နိုင်တဲ့အပိုင်းကနေ ကူညီဆောင်ရွက်ပေးတာ အပြင် အလုပ် သမားထုအတွက် အသိပညာ အတတ်ပညာနဲ့ ပတ်သက်တဲ့ …
- အမျိုးသမီးအခွင့်အရေးသင်တန်းများ
- ကျန်းမာရေးပညာပေးသင်တန်းများ
- အခြေခံကွန်ပျူတာသင်တန်းများ
- သတင်းအချက်အလက်ပေးသင်တန်းများ
- ဘာသာစကားသင်တန်းများ
စတဲ့ သင်တန်းတွေကိုလည်းလုပ်ပေးပါတယ်။

ခွန်အားသစ် (Migrant Workers Association) အဖွဲ့အစည်းကို ၈၊၈၊၂၀ဝ၈ ရက်နေ့မှာ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့ဝင် ၁၄ ဦးနဲ့ စတင်ဖွဲ့စည်းလိုက်တာပါ။ ရွှေ့ပြောင်းအလုပ် သမားအရေးအတွက် စိတ်ပါဝင်စားတဲ့ ဘယ်သူမဆို လူမျိုး/ ဘာသာ/ကျား/မ မရွေး အသင်းဝင်အဖြစ် ပူးတွဲပါဝင်လို့ရပါတယ်။

(ခွန်အားသစ်)

No comments: