Saturday, December 24, 2011

တကယ်လုပ်မှာလားပြန်ယုတ်မှာလား

သူငယ်တန်းတောင်ကျူရှုင်နေရတဲ့ခေတ်မှာ
ပညာတတ်တွေဆိုက်ကားနင်းနေရသလို
လက်ဘက်ရည်ဆိုင်နဲ့အရက်ဆိုင်တွေထဲမှာ
အရွယ်မရောက်သေးတဲ့ကလေးငယ်တွေ
မိသားစုစားဝတ်နေရေးအတွက်အလုပ်တွေလုပ်နေကြရတယ်
တရားဝင်သတ်မှတ်ကြေးမရှိတဲ့တို့နိုင်ငံရဲ့လုပ်အားခကြောင့်
အလုပ်ဆိုတာရွေးချယ်ခွင့်မရှိသလို
ရရစားစားဘ၀တွေနဲ့
နှစ်လုံးတိုက်သုံးလုံးတိုက်ဘောလုံးပွဲဆိုတဲ့
လောင်းကစားမှုတွေကြားမှာ
ဖြတ်လမ်းလိုက်စီးပွားရေးစနစ်ကိုတို့ပြည်သူတွေကျင့်သုံးနေကြတယ်
ပေါများလာတဲ့အရက်သေစာတွေကြားမှာ
လူငယ်တွေရဲ့ဘ၀တွေတိမ်မြုပ်နေရတယ်
စနစ်ဆိုးမင်းစိုးတွေကြောင့်
မြို့မှာနေတဲ့တို့ပြည်သူတွေမြို့ပြင်ရောက်ခဲ့ရသလို
ပိုင်ဆိုင်မှုတွေချွတ်ချုံကြပြီး
အငှားဘ၀နဲ့ရပ်တည်နေကြရတယ်
အာဏာရှင်နဲ့တရုတ်ကုလား
ကြီးစိုးထားတဲ့စီးပွားရေးစနစ်မှာ
တို့ပြည်သူတွေသူတို့ကျွန်တွေဖြစ်နေရတယ်
ပြောင်းလဲမှုတွေစတင်လုပ်ပေမယ့်
ကျောင်းသားခေါင်းဆောင်တွေကိုခုထိမလွတ်သေးသလို
ကချင်မှာယင်ကောင်ရဲ့အစာတောင်ဖြစ်နေရတဲ့
မြင်မကောင်းတဲ့ပြည်သူတွေရဲ့အလောင်းတွေရှိနေသလို
သေနတ်တလက်ဝါးတလုံးနဲ့လုပ်စားနေတဲ့ကရင်ပြည်နယ်မှာ
လက်လုပ်လက်စားအလုပ်သမားတွေ
မြေဇာပင်ဖြစ်နေကြရတယ်
လေးနှစ်တာစိတ်ချရတဲ့မြစ်ဆုံမှာ
ဧရာဝတီကတို့ပြည်သူတွေဘ၀က
ရင်တမမနဲ့နေနေရတဲ့အဖြစ်တွေကို
၂၀၁၁မှာဘဲဆုံးသတ်မှာလား
၂၀၁၂မှာဘဲဆုံးသတ်မှာလား
တကယ်လုပ်မှာလား
ပြန်ယုတ်မှာလားဆိုတာ
မေးလိုက်ခြင်ရဲ့..............................................
အောင်မင်းထက်

Sunday, August 7, 2011

မမေ့ကောင်းစရာ (အိတ်ခ်ျ)အကြောင်း(8888)

၈၈မှာကျတော်ပာာ ခုနှစ်သားပေါ့ဗျာ
လူကြီးလူငယ်လူရွယ်လူလတ်
ထိုသူများကြားတိုးဝှေ့လုယက်
မမေ့ရက်နိုင်တာက ဘဲသားဆန်ပြုတ်
အာပာာရလုပ်ဖို့အတွက်ပေါ့
ကားလမ်းတစ်လျောက်စီတန်းကြွေးကျော်
ပာစ်အော်သံက
ဒီမိုကရေစီရရှိရေး….ဒို့အရေး…ဒို့အရေး
ဘဲဥတလုံးတစ်ရာကျော် စိန်လွင်မသာပေါ်
ပာစ်အော်သံတွေသံပြိုင်သီဆို
ခွပ်ဒေါင်းအလံလေမှာလွင့်အမိမြန်မာအလံကိုထောင်
အဖြူစိမ်းဝတ်ထားကျောင်းသားများနဲ့
သက်ကြီးရွယ်အိုလူအစုံနဲ့
မတရားမှု့အတွက်တိုက်ပွဲဝင်ခဲ့တဲ့
တို့ပြည်သူတွေရဲ့အသံတွေက
၈၈ရဲ့သမိုင်းဝင်တဲ့ပုံရိပ်တွေပေါ့
၈၈မှာစစ်အာဏာအစွန်းရောက်
သေနတ်ဆိုတာမိုးပေါ်ထောင်မပစ်
အတည့်ပစ်တာလို့ဆိုတဲ့စကားတိုင်း
ပြည်သူတွေကိုသေစေနိုင်တဲ့သေနတ်တွေနဲ့
မတရားနှိပ်စက်အနိုင်ယူခဲ့တော့
၈၈မှာသွေးစက်တွေလည်းမြေခခဲ့တယ်
ရာထူးဆိုတဲ့၇ူးတတ်တဲ့အာဏာ၇ှင်
အာဏာ၇ှုးတွေကြောင့်စစ်ဆိုရင်
ရေတောင်စစ်မသောက်တော့ဘူးလို့
ပြောခဲ့တဲ့စစ်သားကြီးတစ်ယောက်ရဲ့စကားသံကို
ကျတော်ကြားခဲ့မိသေးတယ်
အခုဆိုရင်၈၈ကစ
ယနေ့ထက်တိုင်နှစ်တွေအလီလီပြောင်း
၂၃နှစ်ဆိုတဲ့ကာလတောင်ရောက်ခဲ့ရပြီ
နေ၀င်း၊သန်းရွှေ၊သိန်းစိန်
နံမည်နှစ်လုံးနဲ့လူစွာလုပ်နေတဲ့
အာဏာရှင်အာဏာရူးတွေက
ပြည်သူတွေကိုအမြတ်ထုတ်ရင်း
လူတွေပြောင်းမူတွေမပြောင်း
စစ်ဖိနပ်အောက်ကဥပဒေတွေနဲ့
ကြိုးကိုင်တဲ့ဒီမိုကရေစီကိုအသွင်ဖော်
မာယာများတဲ့မဲရွေးပွဲတွေနဲ့
တော်လှန်သူတွေကိုအကျဉ်းချ
သူတို့ပါးစပ်ထဲကသူတို့ဥပဒေတွေကြောင့်
အမှန်ပျောက်ပြီးထောင်ထဲရောက်ခဲ့ရတဲ့သူရဲကောင်းတွေ
ဒါတွေနဲ့တင်မပြီးဆုံး
တိုင်းရင်းသားတွေကိုထိုးစစ်ဆင်
ပြည်တွင်းစစ်တောင်လေယဉ်သုံးခဲ့ကြသေးတယ်
တရုတ်နဲ့မြောက်ကိုရီးယားကိုလင်မယားလိုသူတို့ဆက်ဆံ
ပြည်ပကိုဒင်းတို့အားကိုးပြီးတော့
ပြည်ပအားကိုးပုဆိန်ရိုးလို့တောင်
သူတို့သတင်းမှာအတင်းကာကြေငြာတာက
သူခိုးကလူကိုပြန်ပာစ်တဲ့အဖြစ်တွေနဲ့
ကလေးစစ်သားတွေဗလပွ
ပြည်သူတွေသူဆင်းရဲကာမွဲတေနေလည်း
ကိုယ်ကျိုးအတွက်ပြည်သူဘက်ကိုလှည့်မကြည့်ဘဲ
သဘာဝဘေးစစ်အာဏာရှင်ဘေးကြားမှာ
တို့ပြည်သူတွေဒုက္ခကိုပျားသကာလိုမိတ်ဆွေဖွဲ့ရင်း
လူငယ်တွေလည်းပြည်ပကိုရောက်ကာစီးပွားရှာရ
ဒါတွေပာာတကယ့်ဖြစ်ရပ်တွေနဲ့အတူ
၂၃နှစ်ပြည့်ပြီဖြစ်တဲ့၈၈ရဲ့သမိုင်းမှတ်တိုင်အတွက်
ယနေ့ချိန်ခါမှာတိုင်းရင်းသားတွေလက်နက်စွဲကိုင်တော်လှန်
တို့ပြည်သူတွေလည်းမတရားမှု့မခံတော့တဲ့အဖြစ်တွေနဲ့
ပြည်တွင်းပြည်ပတိုက်ပွဲဝင်နေတို့သွေးခြင်းတွေလည်း
တပေါင်းတစည်းတည်းစုစည်းကာတော်လှန်မယ်ဆိုရင်
မဝေးတော့တဲ့အနာဂတ်ဆီကတို့တတွေမျော်မှန်းတဲ့
ဒီမိုကရေစီဆိုတာတို့ရဲ့လက်တကမ်းအကွာမှာ
ရှိနေမှာအမှန်ပေါ့
၈၈ရဲ့ပုံရိပ်တွေကိုလည်းအမှတ်ရစေခြင်
အကျဉ်းကျခံသူရဲကောင်းတွေအတွက်လည်းစာနာစေခြင်
သုံးယောက်ကိုတဖွဲ့ဖွဲ့မယ့်အစား
တို့တွေများညီညွတ်စေခြင်
အများအတွက်ပြည်သူအတွက်
အိတ်ကပ်ထဲထည့်တဲ့အဖြစ်တွေလည်းမရှိစေခြင်
ငါဆိုတဲ့အတ္တမာန်မာနလည်းမရှိစေခြင်
ကိုပြည်ထိမှကိုချမယ်ဆိုရင်
ငါတို့လုပ်တဲ့ဒီမိုကရေစီအရေး
နှောင့်နှေးမှာအမှန်မို့
ကဲ…………စုစည်းမှာလား
ကဲ………..စုဖြီးမှာလား
ကဲ……….နိုင်ငံရေးကိုအမြတ်ထုတ်စီးပွားလုပ်မှာလား
ဘာဘဲလုပ်လုပ်ပြည်သူမျက်နှာမြင်ယောင်ကြဖို့
တောင်းဆိုရင်းနဲ့အဆုံးသတ်
မမေ့ရက်နိုင်တဲ့၈၈ရဲ့နှစ်ပတ်လည်နေ့မှာ
ငါ့ကဗျာကိုအသက်သွင်းရင်း
အမှားပါကခွင့်လွတ်စေခြင်…………………………






အောင်မင်းထက်

Thursday, August 4, 2011

သုံးနှစ်သား ခွန်အားသစ်

သုံးနှစ်သား ခွန်အားသစ်
ရွှေ့ပြောင်းအလယ်မှာ မာန်ဝံ့လို့ချီနေမယ်
ဟန်တင့်ဘို့ ပြည်ခွင်မယ်
ညီစေမယ် ရှေ့သို့လှမ်း
ခွန်တွေ…. အားတွေ…. သစ်လိုက်စမ်း
အရာရာကို အကောင်းတိုင်း
ဖြစ်လိုက်စမ်းစေချင်တယ်…. ရွှေ့ပြောင်းအပေါင်းတို့ရယ်……..။

တပြည်တရွာမှာ ဝမ်းရေးဖွေရှာ
ရွှေဗမာရဲ့ ဖြစ်ရပ်တွေဟာ
ကြေးစည်သံရဲ့နောက်ကွယ်
ခမ်းခြောက်နေတဲ့ မျက်ရည်တွေပါကွယ်….
ရတက်ပွေနေတဲ့ ညှိုးငယ်မျက်နှာများ
သရဏဂုံတင်ဖို့အရေးထားတာ ရွှေဗမာပါ
သေချာတာက အကူအညီလို
လို…လိုနေတဲ့………လိုအပ်ချက်များ
စာနာစိတ်နဲ့ ဖေးမ
ခွန်အားသစ် ညီအကိုများရဲ့စိတ်က
ရွှေ့ပြောင်းအားလုံးကို ကူညီခဲ့တယ်
အခုဆိုရင်… သုံးနှစ်ရှိခဲ့ပါပြီကွယ်…………..။

အမုန်းစစ်တွေကြောင့်
ပြောင်းရွှေ့ခဲ့ရ ငါတို့ဘဝ
တမြေခြားမှာ စည်းလုံး
မပြီးဆုံးသေးတဲ့ ရှင်သန်ခြင်းမှာ
တစ်ဦးကို တစ်ဦး ဖေးမတာ
အနတ္တဂရုဏာ သက်စရာပါ
အချက်အခြာကျတာက နာရေး
ဒါနဲ့တင် မပြီးသေး
ခွန်အားသစ် ညီအကိုများက
ရွှေ့ပြောင်းအလုပ်သမားများအတွက်
အလှုတန်းနဲ့လည်း မဝေးရအောင်
သီတင်းကျွတ် တန်ဆောင်တိုင်..
ခါသင်္ကြန်တွေမှာ မြိုင်အောင်
မြန်မာ့ယဉ်ကျေးမှုတွေ ဖေါ်ဆောင်
တရားသာသနာဘောင်ကို
အောင်မြင်အောင်…..ကြံဆောင်ခဲ့သေးတယ်လေ…………။

ဒါတင်ပဲလား….မဟုတ်သေးပါဘူးခင်ဗျာ
တပြေတရွာကနေ
အလုပ်လေးရှာဘို့ ကူးလာထား
ရွှေ့ပြောင်းမောင်နှမ အထွေထွေအား
စက်ဆွဲ…စက်ချုပ်……စက်ရုံဝင်နိုင်ဘို့အလုပ်တွေ
အတတ်ပညာတွေ သင်ကြားပေးတာလည်း
ခွန်အားသစ် ညီအကိုများပါပဲ
ကလေးများရဲ့ ပညာရေး
အပါတ်စဉ်တိုင်းမှာ ပြုလုပ်ပေးတာလည်း
ခွန်အားသစ် ညီအကိုများရဲ့
တတပ်တအားပါပဲလေ………..။

အချိန်အခါမရွေး ကျန်းမာရေး
ကားတစ်စီးနဲ့ ဆောင်ရွက်ပေး
လိုအပ်ရင် အိတ်ထဲကစိုက်
အလှူရှင်နောက်ကို မလိုက်တာ
ခွန်အားသစ် ညီအကိုတွေပါ
လစာထဲက အရင်းမတည်
စိတ်ထားညီတဲ့ ညီနောင်တွေဖွဲ့စည်း
ခွန်အားသစ်ရဲ့ စည်းလုံးခြင်း
ရွှေ့ပြောင်းများကို ကူညီရင်းနဲ့
အလင်းရောင်ပေးတဲ့ ဖယောင်းတိုင်ပမာ
ခွန်အားသစ်ညီအကိုတွေ အရည်ပျော်ကျရတာ
အခုဆိုရင် သုံးနှစ်ပြည့်တဲ့အခါ…
ပျော်ကျရကျိုး နပ်ပါပြီ ခင်ဗျာ………..။

အဲဒါကြောင့်…
အဟုတ်ပါစွဲနေတဲ့ ရွှေ့ပြောင်းတို့ရဲ့အသိ
ခွန်အားသစ်ရှိနေတာ
ငါတို့အတွက် အားတစ်ရပ်ပါ
ခွန်အားသစ် ညီအကိုများ
ကျန်းမာ…ချမ်းသာစွာ ရှိပါစေသားလို့
ရွှေ့ပြောင်းတွေရဲ့ တောင်းဆုသံ
မဲဆောက်ကောင်းကင်မှာ ညံနေတဲ့အခါ
တကယ်ပါ………
ညီအကိုများမှာ
မျက်ရည်များတောင် စို့မိပါတယ်ခင်ဗျာ…………..။

ညီအကိုတွေ ပင်ပန်းရကျိုးနပ်တယ်
ရွှေ့ပြောင်းတွေရဲ့ ဝန်ကို ထမ်းရကျိုးနပ်တယ်လို့
ပုခုန်းခြင်းထိ လက်ခြင်းစိလို့
အများအကျိုးကို သယ်ပိုးမိတဲ့
ခွန်အားသစ်ရဲ့ ညီအကိုတွေ
စွန့်လွှတ်အနစ်နာခံမှု အဓွန့်ကြီးရှည်ပါစေလို့……
တပြည်တရွာမှာ ဝမ်းရေးအတွက်
အနေလာတဲ့ ရွှေဗမာ
အချိန်တိုင်းမှာ ခွန်အားသစ်က……ကြည့်နေမှာပါ
ရွှေ့ပြောင်းတို့ရဲ့ ရင်ဘတ်ထဲမှာ
ခွန်အားသစ်ဆိုတာ ရှိနေမှာပါ
အသိစိတ်တွေထဲမှာလည်း ငြိနေမှာပါလေ………။

သုံးနှစ်သား ခွန်အားသစ်
ရွှေ့ပြောင်းအလယ်မှာ မာန်ဝံ့လို့ချီနေမယ်
ဟန်တင့်ဘို့ ပြည်ခွင်မယ်
ညီစေမယ် ရှေ့သို့လှမ်း
ခွန်တွေ… အားတွေ……. သစ်လိုက်စမ်း
အရာရာကို အကောင်းတိုင်း
ဖြစ်လိုက်စမ်းစေချင်တယ်…….. ရွှေ့ပြောင်းအလုပ်သမားအပေါင်းတို့ရယ်……………….။




ကိုမဲကြီး

Friday, June 24, 2011

မုန်တိုင်းထဲကငှက်ဇာမဏီ

ဘာမထီအာဇာနည်ဖွား
အမှောင်ကိုခွင်းလို့အလင်းကိုဆောင်
ရှေ့ဆောင်ကာလင်းကိုပြ
အမှန်တရားအတွက်တိုက်ပွဲဝင်
မုန်တိုင်းထန်လည်းသူမမှု
ရေလှိုင်းခတ်လည်းသူမမှု
တောမီးရံလည်းသူမမှု
စစ်အာဏာရှင်အောက်မကြောက်မရွံ့
နောက်မတွန့်တဲ့ ထိုလူသား
ဘမျိုးဘိုးတူအောင်ဆန်းချစ်သမီး
အဖကလွတ်လပ်ရေးဖခင်
သမီးကဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရင်း
ခြောက်ဆယ့်ခြောက်နှစ်သို့ပြည့်ခဲ့ပြီ

ရတုတွေသီကာထပ်
သူရဲကောင်းတွေအထပ်ထပ်ရှိခဲ့လည်း
ပြည်သူကိုရင်ဝယ်သားလို
ရှေ့ဆုံးကနေမားမားရပ်ကာ
အာဏာရှင်စနစ်ကျဆုံးစေဖို့
ဆက်လက်တိုက်ပွဲဝင်တဲ့
မြတ်လှတဲ့ကျွန်ုပ်တို့ရဲ့အို…..မိခင်

ဒီနေ့ချိန်ခါဒီခါမယမှာ
သင့်ရဲ့ကောင်းခြင်းစွန့်လွတ်ခြင်းတွေအတွက်
ကဗျာသီစာတွေစီလည်း
လိုက်လို့မမှီပါဘူး

သို့ပေမယ့်လည်း
သင့်ရဲ့ကောင်းခြင်းစွန့်လွတ်ခြင်းတွေအတွက်
ရင်ဘတ်ထဲကကျုပ်ရေးဆပ်
ကဗျာမပာုတ်တဲ့ကျုပ်ရဲ့စာလွှာတပုဒ်နဲ့
ဂုဏ်ပြုရေးဆပ်တင်ဆက်လိုက်ကာ
မြန်မာပြည်ကြီးစစ်အာဏာရှင်အောက်
အမြန်ဆုံးလွတ်မြောက်ပါစေ
တောင်းဆုချွေသည်
သင့်မွေးရက်နေ့ရက်မြတ်မှာ
ဆုတောင်းကာပေးလိုက်တယ်
ကျန်းမာစေကြောင်းဆုမွန်ကောင်းနဲ့
အများအတွက် ဒီထက်မက
လုပ်ဆောင်နိုင်ပါစေတောင်းဆုချွေသည်……

အောင်မင်းထက်

Sunday, June 19, 2011

မဲဆောက်ရှိ မြန်မာပြည်သူများအတွက် ဒေါ်အောင်ဆန်းစုကြည် နှုတ်ခွန်းဆက်စကား

Thursday, June 2, 2011

CDC ကျောင်းဖွင့်ပွဲ ဇွန်လ ၂ ရက် ၂၀၁၁

Tuesday, February 15, 2011

နှစ်သစ်အတွက် တိုက်ပွဲခေါ်ခြင်း

စစ်အာဏာရှင်အုပ်ချုပ်တဲ့ခေတ်မှာ

အဖိုးမဖြတ်နိုင်တဲ့  တိုင်းပြည်သယံဇာတတွေကို

အမျိုးဖျက်စစ်အာဏာရှင်တွေက

ကိုယ်ကျိုးအတွက်အသုံးချခဲ့တယ်။

စစ်အာဏာရှင်ခေတ်မှာမျိုးဆက်သစ်သူရဲကောင်း

အမျိုးသားကောင်းတို့အကျဉ်းချခံရတယ်။

ပာုတ်တာပြောမှန်တာလုပ်ရင်

ခေါင်းပေါ်သေနတ်ရောက်တဲ့ခေတ်မှာ

ဝ လုံးကိုဇကောလောက်ရေးရင်တောင်

ဝ လုံးမှန်းမသိတဲ့ကလေးငယ်တွေရဲ့ဘဝက

စစ်ကျွန်စနစ်ရဲ့မြေဇာပင်တွေဖြစ်နေခဲ့တယ်။

ထမင်းတနပ်အတွက် ဘဝတွေကိုစတေး

အမျိုးကောင်းသမီးတို့ဘဝတွေပျက်ခဲ့ရတယ်။

လက်ကိုထောင်အခွင့်ရေးတောင်းတဲ့တို့ပြည်သူတွေ

သွေးစက်တွေမြေခခဲ့ပြီး

အသက်သွေးချွေးတွေပေးဆပ်ခဲ့ရတယ်။

လာပြန်ပေါ့(၂၀၁၁)

(၂၀၁၀)မှာကြိုတင်ဇာတ်တိုက်

(၂၀၁၁)မှာကကွက်ဆင်

ဘီလူးခေါင်းဆောင်းတဲ့မင်းယုတ်တပါးလိုအသွင်ဖန်တီး

ဇာတ်ဆရာအာဏာရူးရဲ့ကြိုးဆွဲတိုင်းကမယ့်

သမ္မတဆိုတဲ့ထိုလူသား

ကြိုးကိုင်ဒီမိုကရေစီစနစ်ဖော်ဆောင်

ပုဆိုးမနိုင်ပဝါမနိုင်ဇာတ်လမ်းကို

ပြည်တွင်းစစ်မီးနဲ့  စကာကပြလိုက်တယ်။

စောင့်ကြည့်နေတဲ့ပရိသတ်ရေ

လူမိုက်ကိုဘဲအားပေးမှာလား

အမှန်တရားကိုဘဲဖော်ထုတ်မှာလား

ရေငုံကာနှူတ်ပြီးတော့နေမှာလား

စစ်အာဏာရှင်စနစ်အမြစ်ပြုတ်ဖို့

ညီညီညွတ်ညွတ် လက်တွဲကြပါစို့ ။

အောင်မင်ထက်

Wednesday, January 19, 2011

ဖလူးစစ်ဒေသ နအဖ စစ်ကြောင်းမှ ထွက်ပြေးလာတဲ့ အကျဉ်းသားပေါ်တာများ

Sunday, January 9, 2011

ဖလူးစစ်ဒေသ ဇန်နဝါရီလ ၉ ရက်နေ့ ၂၀၁၁

Tuesday, January 4, 2011

ဗမာပြည်နိုင်ငံရေးကို ထိရောက်စွာဖြေရှင်းပေးဖို့ မဲဆောက် UN ရုံးရှေ့မှာ လက်ပစ်ဗုံး ကိုင်ဆောင်ကာ ဆန္ဒပြတောင်းဆို

Friday, December 31, 2010

အမြန်ဆက်သွယ်ပါ

Saturday, December 18, 2010

“ရက်စက်ခံကြရတော့မည့် ရွှေ့ပြောင်းအလုပ်သမား ကိုယ်ဝန်ဆောင်တို့ ဘ၀”

တကယ်လို့သာ အလုပ်သမားဝန်ကြီး ချလမ်ချိုင်းဆရီယွန် က သာ ဆက်လုပ်မယ်ဆိုရင် ကိုယ်ဝန်ဆောင် ရွှေ့ပြောင်းအလုပ် သမားတွေအားလုံးဟာ သူတို့နေရင်းတိုင်းပြည်ကို ပြန်ပို့ခံ ကြရပါလိမ့်မယ်။

ရှင်တို့သာ အဲဒီကိုယ်ဝန်ဆောင် ရွှေ့ပြောင်းအလုပ်သမားတ ယောက်ဖြစ်မယ်ဆိုရင် ဘာလုပ်မှာပါလဲ။ စဉ်းစားကြည့်ပါ ရှင်တို့မှာ ကိုယ်နဲ့တွဲနေတဲ့ သူကို ကာကွယ်မှုရှိ လိင်ဆက်ဆံမှုရအောင်ပြောဆိုနိုင်တဲ့စွမ်း အားမရှိဘူးဆိုရင်၊ ကိုယ့်ဘ၀ဟာ ဖိနှိပ်မှုတွေ အကြောက်တရားတွေကြောင့် အကြမ်းဖက် ခံရမှု၊ လိင်ပိုင်း ဆိုင်ရာအရ မတော်မတရား အပြုခံရမှုအားလုံးကို အပြုခံရနိုင်တဲ့ အခြေအနေဖြစ်နေရင် ဆိုပြီးစဉ်းစားကြည့်ပါ။

ကလေးတယောက်မွေးမြူပြုစုဖို့မတတ်နိုင်တဲ့အခြေအနေမှာ ငတ်မွတ်ခေါင်းပါးမှု၊ ဆိုးဝါး တဲ့ဆင်းရဲခြင်းနဲ့ နိုင်ငံရေးအရ မတရား ရက်ရက်စက်စက်ပြုမူခံရဖို့သာရှိတဲ့ အိမ်ပြန်ရ မယ့် အခြေအနေဆိုရင်။

အဲဒီအခြေအနေတွေအောက်မှာ ရှင်တို့ကိုယ်ဝန်ရှိလာမယ်ဆိုရင် ဘာလုပ်ကြမှာပါလဲ။

မထူးဆန်းဘူးလားရှင် ဘုန်းကြီးကျောင်းမှာ ဆိုးဝါးရက်စက်တဲ့ ကိုယ်ဝန်ဖျက်ချထားတဲ့ သန္ဓေသား၂၀၀၀ လောက်တွေ့ရှိမှုကြီးဖြစ်ပြီးတဲ့နောက် ကိုယ်ဝန်ဖျက်ချမှုအပေါ် ပြည် သူလူထုက ဒေါသ ထွက်နေကြတဲ့အချိန်မှာမှ မစ္စတာ ချာလမ်ချိုင်းရဲ့ မူဝါဒက ထွက်ပေါ် လာခဲ့တာပါ။ ဒါပေမယ့် ကိုယ်ဝန်ဖျက်ချဖို့ကြိုးစားကြတဲ့ အမျိုးသမီးတွေကို ဒေါသထွက် နေကြတဲ့ ကိုယ်ကျင့်တရား မှန်ကန်ဖြောင့်မတ်တဲ့သူတွေအနေနဲ့ ကိုယ်ဝန် ဖျက်ချပေးတဲ့ ဆေးခန်းတွေကို ပိုပြီးအလျှင်အမြန် ပြေးသွားကြရမယ့်ကိန်းဆိုက်စေတဲ့ မစ္စတာချာလမ် ချိုင်း ရဲ့ လုပ်ရပ်က ဘာပြဿနာမှမရှိပါဘူး။ ဘာဖြစ်လို့ပါလဲ။

သေချာတာကတော့ ဒီဖမ်းဆီးပြန်ပို့မယ့် မူဝါဒက အသက်အန္တရာယ်ရှိပြီး စိတ်မချရတဲ့ ကိုယ်ဝန်ဖျက်ချမှုကို မရေမတွက်နိုင်အောင်များပြားတဲ့ အမျိုးသမီးတွေ လုပ်လာအောင် တွန်းအားပေးတော့မယ် ဆိုတာပါပဲ။ အတော်များများစိုးရိမ်ရတဲ့ ကျန်းမာရေးပျက်ယွင်းမှု တွေ ခံစားကြရပါလိမ့်မယ်။ အများကြီး သေကြပါလိမ့်အုံးမယ်။

ဒါနဲ့တောင် ကျမတို့က ဂရုမစိုက်ကြပါဘူး။ ဘာဖြစ်လို့ပါလဲ။ ကိုယ်ဝန်ဖျက်ချတာကို ပြော ပြီး ခါတိုင်းလိုပဲ ကျမတို့က ကိုယ်ဝန်ဖျက်ချတဲ့ အမျိုးသမီးတွေကို အကျင့်ပျက်တွေ လိင် ပိုင်းဆိုင်ရာအရ ဖောက်ပြန်ပျက်စီးသူတွေအဖြစ် အပြစ်တင်ကြဖို့ပါပဲ။ ဘာသာရေးကို အသုံးပြုပြီး မကောင်းမှုအကုသိုလ်တခုအဖြစ် ကိုယ်ဝန်ဖျက်ချမှုကို ပြစ်တင်ရှုံ့ချ၊ အဲဒီ အမျိုးသမီးတွေရဲ့ခက်ခဲလှတဲ့ ဘ၀အခြေအနေတွေ ကိုယ်ချင်းစာတရားနဲ့ စဉ်းစားပေး ကြဖို့ ငြင်းပယ်လိုက်ကြဖို့ပါပဲ။ အဲဒီအကျင့်ပျက်နေတဲ့အမျိုးသမီးတွေကို အပြစ်ပေးသင့် တယ်ဆိုတဲ့ ယုံကြည်တွေးမြင်မှုနဲ့ပဲ ကျမတို့ကသူတို့ကို အကူအညီပေးဖို့ကိုလည်း ငြင်း ဆိုခဲ့ကြပါတယ်။

အဲဒီအချိန်မှာပဲ ကျမတို့ဟာအမျိုးသမီးတွေကို နာကျင်ခံစားရမယ့် လမ်းကြောင်းကို တွန်းပို့ပေးနေတဲ့ ထွေပြားတဲ့ ယဉ်ကျေးမှုတန်ဖိုးတွေ၊ လူမှုဘ၀အလေ့အကျင့်တွေနဲ့ နိုင် ငံတော်မူဝါဒတွေကို လက်ခံကျင့် သုံးနေကြပါတယ်။

မစ္စတာချာလမ်ချိုင်းရဲ့ ကိုယ်ဝန်ဆောင်တွေကိုဖမ်းဆီးပြန်ပို့ရေး မူဝါဒဟာ အဲဒါနဲ့တ ဆက်စပ်တည်းပါပဲ။ သူ့လိုပါပဲ ကျမတို့တော်တော်များများက ရွှေ့ပြောင်းအလုပ်သမား တွေဟာ ကျမတို့လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေတယ်လို့ ယုံကြည်ထားကြပါတယ်။ တကယ်လို့သာ သူတို့ကို ဒီမှာမွေးဖွားခွင့်ပေးလိုက်လို့ရှိရင် သူတို့ရဲ့ ကလေးတွေဟာ ကျမတို့လူ့အဖွဲ့အစည်းကို လူမှုပြဿနာတွေ ဖြစ်ပေါ်စေလိမ့်မယ်ပေါ့လေ။

ဒီလိုဆိုရင် ကျမတို့က မစ္စတာချာလမ်ချိုင်းကို သဘောတူကြပါတယ်။ ဒါပေမယ့် တကယ် လို့ ကျမတို့ရဲ့သဘောတူထောက်ခံမှုက ကျမတို့ရဲ့ လက်တွေကို သွေးစွန်းစေလိုက်တာ နဲ့တူတဲ့ အမျိုးသမီးတွေကို ပိုပြီးကိုယ်ဝန်ဖျက်ချအောင် တွန်းပို့လိုက်သလို ဖြစ်သွားရင် ရော ရှင်။

မဟုတ်ပါဘူး။ ဒီဖမ်းဆီးပြန်ပို့ရေးမူဝါဒဟာ ကျမတို့ရဲ့ လူမျိုးစုအာဃာတတခုတည်း မက ပါဘူး။ ပြဿနာက ဒီထက်ပိုပြီးနက်ရှိုင်းပါတယ်။ ယဉ်ကျေးမှုတွေကို ရိုက်ခတ်သက် ရောက်စေနိုင်တဲ့ လိင်ခွဲခြားဖိနှိပ်မှုလည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေ၊ ထိုင်းလူမျိုးတွေ ဒါမှမဟုတ် ရွှေ့ပြောင်းအလုပ်သမားတွေဟာ သူတို့ရဲ့ဘ၀နဲ့ လိင်အပေါ်ထိမ်းချုပ်စီမံခွင့် သူတို့ရဲ့ ခန္ဓာကိုယ်ကို ထိမ်းချုပ်စီမံခွင့် စတဲ့အမျိုးသမီးအခွင့်အရေးတွေကို လုယူခံလိုက် ရတာဖြစ်တဲ့ သဘောထားနှစ်မျိုး ခွဲခြားဆက်ဆက်မှုထောင်ခြောက်မှာ မိသွားကြတာပါ ပဲ။

အဲဒါဟာ စရင်းဇယားတွေအားလုံးက ပြသနေတဲ့ ကျမတို့ရဲ့ကြင်နာမှုမဲ့ ကိုယ်ဝန်ဖျက်ချ မှု တိုက်ဖျက်ရေး ဥပဒေဟာ အမျိုးသမီးတွေကိုသေစေ၊ နာကျဉ်ဒဏ်ရာရစေသလို တ ခြား သူတွေကိုနာကျဉ်ခံစားရစေပေမယ့် သူတို့တွေက ကျမတို့ရဲ့ ရင်ထဲမှာ ရိုက်ခတ် လှုပ်ရှားသွားရအောင် အပြောင်းအလဲဖြစ်သွားအောင် မလုပ်နိုင်ခဲ့တဲ့ အကြောင်းပါပဲ။

ကိုယ်ဝန်ဖျက်ချမှုနဲ့ဆက်နွယ်တဲ့ ရောဂါဝေဒနာတွေကြောင့် ဆေးကုသမှုခံယူချင်ကြတဲ့ အမျိုးသမီးတွေရဲ့ အရေအတွက်အရ ခန့်မှန်းခြေအားဖြင့် တနှစ်ကိုအမျိုးသမီး ၄၀၀,၀၀၀ ပတ်ဝန်းကျင်လောက် ကိုယ်ဝန်ဖျက်ချနေကြတယ်လို့ ယူဆရပါတယ်။ အဲဒီ ရောဂါဝေဒနာတွေကြောင့် အမျိုးသမီး ၁၀၀,၀၀၀ မှာ ၃၀၀ လောက်သေဆုံးနေကြရပါ တယ်။ ဆိုလိုတာကတော့ လုံခြုံစိတ်ချရမှုမရှိ၊ တရားဝင်မဟုတ်တဲ့ ဆေးခန်းတွေကြောင့် တရားမ၀င်ကိုယ်ဝန်ဖျက်ချမှုတွေက တနှစ်ကို အမျိုးသမီးတသိန်းလောက် သေဆုံးနေ ကြရတယ်ဆိုတာပါပဲ။

ဘယ်သူတွေက အလေးဂရုပြုကြပါသလဲ။

တကယ်လို့ အမျိုးသမီးတွေကြားမှာ အိပ်ခ်ျအိုင်ဗီ ပိုးကူးစက်မှုနှုံးထားပိုမြင့်မားလာစေ သလိုအစီအစဉ်မရှိတဲ့ ကိုယ်ဝန်ရှိမှုဖြစ်ရပ်မျိုးတွေ များပြားလာစေတဲ့ အမျိုးသားတွေရဲ့ ၁% သာ ကွန်ဒုမ်းသုံးစွဲကြတယ်ဆိုတာကို မိသားစုစီမံကိန်းစရင်းဇယားတွေက ပြနေ တယ်ဆိုရင်လည်း ကိစ္စမရှိတော့ပါဘူး။

ပြောလိုရင်းကတော့ ကိုယ်ဝန်ဖျက်ချချင်နေကြတဲ့ အမျိုးသမီး ၇၀-၈၀% ဟာ သူတို့တွေ အလုပ်ပြုတ်သွားမှာစိုးလို့ ဒါမှမဟုတ် နောက်ထပ်ပါးစပ်တပေါက်ကို ထပ်ကျွေးမွေးဖို့ သိပ်ဆင်းရဲကြလွန်းလို့ဖြစ်တယ် ဆိုတာပါပဲ။ ဒါပေမယ့် ဗဟိုဦးတည်ချက်ကတော့ လိင် စိတ်ကို ထိမ်းချုပ်ဖို့လိုနေတဲ့ အကျင့်ပျက်ဆယ်ကျော်သက် မိန်းကလေးတွေသာဖြစ်ပြီး ကျောင်းတွေရဲ့ နှလုံးသားကင်းမဲ့မှုတွေ၊ လူမဆန်တဲ့ လုပ်ငန်းဆိုင်ရာအလေ့ အကျင့် တွေ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ရွေးချယ်ခွင့်ပိုရရှိစေနိုင်တဲ့ ၀န် ဆောင်မှုတွေကို နိုင်ငံတော်က မပေးအပ်နိုင်တဲ့အပေါ်မှာတော့ ဘယ်တုန်းကမှ အပြစ် တင်လေ့မရှိပါဘူး။

ကျမတို့ရဲ့လိင်အရဖိနှိပ်တတ်တဲ့ လောကအမြင်မှာ အမျိုးသမီးတွေဟာ အခွင့်အရေး ပေးလိုက်ရင် ဆိုးသွမ်းသွားလိမ့်မယ်ဖြစ်ပါတယ်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု စာရင်း ပိုဆိုးလာရတဲ့အကြောင်းဟာ အဲဒါကြောင့်ပါ။ ကိုယ်ဝန်ဖျက်ချခံရတဲ့ သန္ဓေသား တွေရဲ့အရေအတွက်ဟာလည်း ဒီလိုပါပဲ။

ပိုမြင့်မားလာလေ အမျိုးသမီးတွေရဲ့ ရက်စက်မှုကိုပိုပြီးပြနိုင် အမျိုးသမီးတွေကို ပိုပြီး ထိမ်းချုပ်ဖို့လိုပြီဆိုပြီး ပိုပြောနိုင်ကြတာပေါ့ ရှင်။ ဘုန်းကြီးကျောင်းအအေးခန်းမှာ ကြေ ကွဲဝမ်းနည်းစရာအဖြစ် ကိုယ်ဝန်ဖျက်ချမှုအပေါ် ဒေါသအမျက်ဟာ မစ္စတာ ချာလမ်ချိုင်း ရဲ့ ဖမ်းဆီးပြန်ပို့မှုမူဝါဒမှာရှိတဲ့ ရက်စက်မှုကို ကျမတို့ သိမြင်လာအောင်မလုပ်နိုင်ပါဘူး။ ကိုယ်ဝန်ဖျက်ချမှု မူဝါဒကိုရော ပြောင်းလဲသွားစေနိုင်ပါသလား။

အမျိုးသမီးတွေအပေါ် အပြစ်ပုံချနေသေးဆဲ အချိန်မှာတော့ မဖြစ်နိုင်ပါဘူး။

အခုတော့ ခေါင်းကြီးပိုင်းက သန္ဓေသားတွေရဲ့ခြောက်လှန့်နေတဲ့ ၀ိညဉ်တွေကို ငြိမ်းအေး အောင်ချော့မော့ဖို့ အဖြစ်ပြောင်းလာပြီး သတင်းဖေါ်ပြမှု ရပ်ဆိုင်းသွားဖို့ နီးလာပါပြီ။ ဒီ ထိတ်လန့်တုန်လှုပ်မှုက ဂရုဏာတရားကင်းမဲ့တဲ့ ကိုယ်ဝန်ဖျက်ချမှုတိုက်ဖျက်ရေးဥပဒေ နဲ့ လိင်ပိုင်းအရ သဘောထားနှစ်မျိုး ခွဲခြားဆက်ဆံမှုကို ကိုင်မလှုပ်နိုင်ခဲ့ပါဘူး။ ကမ်းခြေ ကို ရိုက်ခတ်လာတဲ့လှိုင်းလိပ်တခုလို အားလျော့ပြေလျှောသွးပြီးနောက်မှာ ဘာမှ မကျန် ရစ်ခဲ့တော့သလို ပါပဲရှင်။

စိုးနေလင်း

(Sanitsuda Ekachi ရဲ့ Pregnant and persecuted ဆောင်းပါးကိုဘာသာ ပြန်ဆိုပါ တယ်)

(ဆောင်းပါးရှင် Sanitsuda ဟာ Bangkok Post ရဲ့ လက်ထောက်အယ်ဒီတာ တယောက် ဖြစ်ပါတယ်။)

http://www.naytthit.net မှ...

Friday, December 3, 2010

ရွှေ့ပြောင်းအလုပ်သမားများ နှင့် နှစ်လုံးထီ၊ သုံးလုံးထီ အကြောင်း

ငွေရှာရာမှာ သမာအာဇီဝဖြစ်ဖို့ လိုပါတယ်။ သမာအာဇီဝဆိုတာ သူတပါးအသက်ကို မသတ်၊ မထိခိုက်မနာ မ ကျင်စေဘဲ သူတပါးဥစ္စာ မခိုးမယူ၊ မဖျက် မဆီး၊ မုသားမဆို၊ မဟုတ်မမှန်တာ မလုပ်မကိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် ရှာဖွေကျွေးမွေးတာကို ဆိုလိုတာပါ။ တချို့ကျတော့ငွေကိုပဲတပ်မက်တာဆိုတော့ဘယ်နည်းနဲ့ရရငွေကိုရအောင်ပဲရှာတယ်။နှစ်လုံးထီစွဲနေတဲ့သူထိုးနေကြတဲ့သူတွေဟာအလွန်လောဘကြီးတဲ့လောင်းကစားသမားဖြစ်တယ်ဘာလို့လဲဆိုတော့သူဟာငွေတစ်ကျပ်ရင်းပြီးအဆ(၈၀)လောက်လိုချင်နေလို့ပဲဖြစ်တယ်။ဒါဟာမတော်လောဘပဲဖြစ်တယ်။နေ့ပြန်တိုးပေးတဲ့သူတွေတောင်မှအမြင့်ဆုံး၁၀ရက်အတွင်းမှ၃၀%ပဲ အတိုးယူလေ့ရှိတယ်။ သုံးလုံးထိုးတဲ့သူက အဆ ၅၀၀ လိုချင်တာဆိုတော့ ပိုဆိုးသွားပြီ။ ဒိုင်ကတော့အဆိုးဆုံးပေါ့။
နောက်တနည်းပြောကြရအောင်။နှစ်လုံးသမားတွေဟာတန်ဖိုးရှိတဲ့အချိန်တွေဖြုန်းနေတဲ့သူတွေဖြစ်တယ်။သူကတစ်နေ့ကိုသုံးချိန်ထွက်တယ်။လိုင်းနှစ်လိုင်းရှိတော့တစ်နေ့ကိုခြောက်ကြိမ်ထွက်တယ်ဆိုပါတော့။ချိုင်းအမျိုးအစားပေါင်းနှစ်ရာကျော်ထွက်တယ်ဆိုပဲ။ဘာနံပါတ်ထိုးရင်ကောင်းမလဲစဉ်းစားတဲ့အချိန်၊ဘိုးတော၊်မယ်တော်ချဲဘုန်းကြီးဆီသွားရတဲ့အချိန်၊အိပ်မက်တွေကိုအတိတ်ကောက်ရတဲ့အချိန်ချိုင်းအမျိုးမျိုးကြည်ရတဲ့အချိန်စသည်ဖြင့်သူပေးရတဲ့အချိန်ကအများကြီးပဲ။ဒါ့အပြင်ထွက်ခါနီးရင်ဒါမျိုးတွေဖွင့်ပြတတ်တဲ့နေရာမှာသွားပြီးတမော့မော့လုပ်နေရတဲ့အချိန် ၀ါသနာတူချင်း နှီးနှောရတဲ့အချိန် ပြောရရင်ကုန်နိုင်ဖွယ်စရာ မရှိဘူး။
နောက်တစ်ခု….နှစ်လုံးသမားတွေဟာစီးပွားဖြုန်းသူတွေဖြစ်တယ်။ စီးပွားဖြစ်စေမဲ့အလုပ်တွေကိုလုပ်ဖို့အချိန်လျော့စေတယ်။စားဖို့သောက်ဖို့ဝင်ငွေတိုးတက်ကောင်းမွန်စေဖို့အသက်မွေးဝမ်းကြောင်းနေရတဲ့အလုပ်တွေကိုနှစ်လုံးထိုးဖို့လောက်စိတ်မ၀င်စားတော့တဲ့အတွက်တချို့ဆိုင်တွေဆိုဖောက်သည်တွေဆုံးရှူံးတယ်။အလုပ်ထဲမှာလည်းအမှားအယွင်းတွေများလာတယ်။မိသားစုအရေး၊စီးပွားရေးတွေမှာအများကြီးလစ်ဟင်းလာတယ်။ပြီးတော့ရှူံးတာများလာရင်ပြန်ရမလားဆိုပြီးအတိုးကြီးကြီးနဲ့ ငွေချေး၊ ထပ်ရှူုံ့းရင် အိမ်ပေါင် ဘာပေါင် ရှိတဲ့ပစ္စည်း တွေပေါင်၊ လုပ်ငန်းအတွက်ထား တဲ့ငွေ၊ မိမိရုံးက ယုံကြည်အပ်နှံငွေ စသည်ဖြင့် ဆုံးရှုံးလို့ဘ၀ပျက်အခြေအနေမဲ့ဖြစ်ကုန်ကြတာမနဲဘူး။ဒါတောင်မှမမှတ်နိုင်ကြသေးဘူး။ဒီနေ့ဘာကောင်းတယ်ဟေ့၊တစ်လုံးပိုင်၊အပြီးပေါက်လို့ကြားပြီဆိုတာနဲ့ခေါင်းပြန်ထောင်လာတတ်ကြတယ်။နှစ်လုံးထီဟာဒီနေ့မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများဘ၀ကိုအရမ်းဆိုးကျိုးတွေပေးနေတယ်။နှစ်လုံးကြောင့်တိုက်ရိုက်ဖြစ်စေသွယ်ဝိုက်၍ဖြစ်စေဘ၀ပျက်ရသူပေါင်းဒုက္ခရောက်နေကြသူပေါင်း မနဲဘူး။ စာဖတ်သူသင်လည်း သင့်ပတ်ဝန်းကျင်မှာမြင်ကောင်းမြင်မိမှာပါ။ ချဲထီ (သုံးလုံး)ထက်နေ့စဉ်လုပ်ဖြစ်နေတဲ့ကိစ္စကျွန်တော်တို့ဘ၀တွေကိုနိစ္စဓူဝဒုက္ခပေးနေတဲ့အရာဆိုတော့ဆွေးနွေးကြည့်ကြရအောင်။နှစ်လုံးသမားအများစုဟာတစ်ကိုယ်ကောင်းဆန်တဲ့သူတွေဖြစ်တယ်။ဒီကိစ္စဟာလောင်းကစားမှုဖြစ်တဲ့အတွက်လူ့စိတ်ကိုသိပ်ပြီးဆွဲဆောင်နိုင်တယ်။ဒါကိုလုပ်ရဖို့ဆိုရင် အများစုဟာမိသားစုကိုလည်းထည့်မတွက်တော့ဘူး။ငွေကြေးနဲ့ပတ်သတ်လို့ လူအယုံအကြည်မဲ့မှာလည်းမကြောက်ကြတော့ဘူး။နှစ်လုံးသမားအများစု(ထိုးသားရောရောင်းသူပါ ) ဘိုးတော် မယ်တော၊် ချဲဘုန်ကြီး၊ နတ်ကတော် ဟိုပူး ဒီခွာ တွေဆီ ရောက်ကြတယ်။ ဂဏန်းတောင်းတယ်။နိမိတ်ပြစကားတွေကြားနာကြတယ်။ဒိုင်ကြီးတွေကလည်းသူ့ဆီကများများမပေါက်အောင်အစီအမံတောင်းပွဲထိုးဘာထိုး လုပ်ကြတယ်။ သူများမျက်ရည်ပေါက်တွေ သောကအပူတွေကိုlancruiserလုပ်ပြီးစီးနိုင်ကြဖို့လေ။ထွက်လာတဲ့အချိန်မှာမပေါက်ရင်လည်းတော်တော်စိတ်ညစ်ရပြီးစိတ်ဓါတ်ကျ၊ဟိုရမ်းဒီရမ်းဖြစ်ကုန်ကြရော။ပေါက်ပြန်ရင်လည်းအရင်ကထိုးထားတဲ့အကြွေးတွေပြန်ဆပ်ကြရ၊ဒိုင်ကခုနှိမ်လိုက်နဲ့လက်ထဲမှာမကျန်ပါဘူး။ပေါက်တဲ့ငွေကရောဘယ်ကလာတာလဲ၊တစ်ကယ်သန့်ရှင်းစင်ကြယ်ရဲ့လား၊တန်ဖိုးရှိရဲ့လား။သူများစိတ်ဆင်းရဲ ကိုယ်ဆင်းရဲ မှ ရလာတဲ့ငွေတွေမဟုတ်ပါလား။
စီးပွားတွေဘ၀တွေပျက်ကုန်ကြပြီ။ ကျွန်တော်တို့ ဒီအတိုင်း ထိုင်ကြည့်နေ ကြတော့မှာလား… ……..စဉ်းစားကြပါအုန်း………..ဘာလုပ်ကြရင်ကောင်းမလဲ။နှစ်လုံးထီဆန့်ကျင်ရေးအသင်းကြီးဆိုပြီး ဖွဲ့မလား။ နှစ်လုံးကင်းရှင်းရေးရက်သတ္တပတ်ဆိုတာမျိုး၊နှစ်လုံးထီပပျောက်ရေးလှူပ်ရှားမှူ ဆိုတာမျိုး လုပ်ကြမလား။ ဘာပဲလုပ်လုပ် ဗျာ၊ အဲဒီလို အသင်းတွေပေါ်လာရင်တော့ ကျွန်တော့ကို အသင်းဝင် နံပါတ် တစ် လို့သာ ထည့်လိုက်ပါတော့။ ပါချင်လွန်းလို့…………
အင်တာနက်စာမျက်နှာများမှ……..

Monday, November 8, 2010

8 Nov 2010 သတင်း






ယနေ့(၈.၁၁.၂၀၁၀)နေ့တွင်မြဝတီမြို့တွင်နအဖစစ်တပ်နှင့်ဒီကေဘီအေတပ်များတိုက်ပွဲများဖြစ်
ပွားရာမနက်(၉း၀၀)ခန့်အချိန်တွင် တိုက်ပွဲများစတင်ဖြစ်ပွားကာ မြဝတီမြို့တွင်နေထိုင်သော
မြဝတီမြို့နယ်ခံပြည်သူများပြောကြားချက်အရသိရှိခဲ့ရပါသည်၊၊တိုက်ပွဲစတင်ဖြစ်ပွားရာတွင်
လက်နက်ကြီးများနှင့်ပစ်ခတ်သောကြောင့်မြဝတီတံတားထိပ်နှင့်ကြံခင်းအမှတ်(၃)ရက်ကွက်တ
ဝိုက်တွင်လက်နက်ကြီးများကျရောက်သောကြောင့် မြဝတီမြို့ခံပြည်သူများမှာ စိုးရိမ်ထိတ်လန့်စွာ
ဖြင့် မဲဆောက်တဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်လာရကြောင်းသိရှိရပါသည်။(၁၁း၀၀)အ
ချိန်တွင် တိုက်ပွဲဖြစ်ပွားမည်ဖြစ်ကြောင်းကို ဒီကေဘီအေဘက်မှ လိုက်လံကြေငြာအသိပေး
ကြောင်းနှင့်မြဝတီမြို့ခံပြည်သူများအား မဲဆောက်တဘက်ကမ်းသို့ လိုက်လံပို့ဆောင်ပေး
ကြောင်းလည်းသိရှိရပါသည်။နအဖဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများမှာ မဲဆောက်
ကမ်းနဖူးသို့လည်းကျရောက်ကြောင်း အပစ်မဲ့ထိုင်းပြည်သူများလည်းထိခိုက်ဒဏ်ရာရကြောင်း
လည်းသိရှိရပြီး ကမ်းနားဖူးတွင်ရှိသော JACBAမှဖွင့်လှစ်ထားသောစာသင်ကျောင်းသို့လည်း
လက်နက်ကြီးများကျရောက်ကြောင်း သိရှိရပါသည်။လည်းကောင်းလက်နက်ကြီးများကျရောက်
သောကြောင့် မဲဆောက်ကမ်းနားဖူးတွင်နေထိုင်အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သ
မားများမှာလည်း စက်ရုံအလုပ်ရုံများတွင် မနေထိုင်ရဲသောကြောင့် မဲဆောက်တောရှလောကွင်း
သို့သွားရောက်နေထိုင်ရကြောင်းသိရှိရပါသည်။

ရွှေ့ပြောင်းရောက်ရှိလာသော စစ်ပြေးဒုက္ခသည်များကို မဲဆောက်မြို့ရှိ အလှူရှင်များက မိမိတို့
တတ်နိုင်သလောက်ကူညီထောက်ပံ့မှုများကိုလည်းပေးကြောင်း ရောက်ရှိလာသော စစ်ပြေးဒုက္ခ
သည်များမှာ စုစုပေါင်း (၁၅၀၀၀)ကျော်လောက်ရောက်ရှိလာပြီဖြစ်ကြောင်းနှင့်ဆက်လက်ထွက်
ပြေးတိမ်းရှောင်လာသည့် သူများလည်းကျန်ရှိနေသေးကြောင်းကိုလည်းသိရှိရပါသည်။စစ်ပြေးဒု
က္ခသည်များထွက်ပြေးတိမ်းရှောင်လာရာတွင် ဒီကေဘီအေစစ်သားများကလိုက်လံပို့ဆောင်ပေး
ခြင်း ဂိတ်များကိုလည်းဖွင့်ပေးခြင်းတို့ကိုပြုလုပ်ပေးသော်လည်းနအဖဘက် စစ်ပြေးဒုက္ခသည်များ
ကိုထွက်ပြေးတိမ်းရှောင်ခွင့်မပေးကြောင်းသိရှိရပါသည်။နအဖဘက်မှ ထွက်ခွာခွင့်မပေးသဖြင့်
ကျန်ရှိနေသေးသည့်ပြည်သူများလည်းရှိကြောင်း မြဝတီမြို့ခံတဦးမှပြောပြသွားခဲ့ပါသည်။
နေလည်(၁း၀၀)ကျော်အချိန်တွင် နအဖနှင့်ဒီကေဘီအေတို့ ထပ်မံတိုက်ပွဲများဖြစ်ပွားကြောင်းနှင့်

ထပ်မံထွက်ပြေးတိမ်းရှောင်လာသည့်စစ်ပြေးဒုက္ခသည်များလည်း ဆက်လက်ရှိနေသေးကြောင်း
ကိုလည်းသိရှိရပါသည်။ထွက်ပြေးတိမ်းရှောင်လာသော စစ်ပြေးဒုက္ခသည်များမှာ အိုးအိမ်များကို
စွန့်ခွာလာရပြီး အများအားဖြင့် အဝတ်တထည်ကိုယ်တခုဖြင့်သာထွက်ပြေးတိမ်းရှောင်လာရ
ကြောင်း သက်ကြီးရွယ်အိုများ ကလေးငယ်များ ကိုယ်ဝန်ဆောင်မိခင်များ ကလေးလသားအရွယ်
ကလေးငယ်လေးများလည်းပါကြောင်းသိရှိရပါသည်။ထွက်ပြေးတမ်းရှောင်လာသော စစ်ပြေးဒုက္ခ
သည်များအား ထိုင်းအာဏာပိုင်များကလည်း ကူညီထောက်ပံ့မှုများပေးကြောင်းနှင့် လည်းကောင်း
စစ်ပြေးဒုက္ခသည်များအား မက်(ပ်)ဖောင်ဒေးရှင်းမှ ကားဖြင့်အကြိုအပို့များလည်းလိုက်လံလုပ်
ဆောင်ပေးကြောင်းနှင့် စစ်ရုံအလုပ်ရုံမှအလှူရှင်များ စေတနာရှင်များနှင့်မဲဆောက်ဈေးမှအလှူရှင်
များကလည်း စစ်ပြေးဒုက္ခသည်များအတွက် တတ်နိုင်သလောက်ကူညီထောက်ပံ့မှုများလည်းပေး
ကြောင်းတွေ့ရှိရပါသည်။


Tuesday, October 19, 2010

အမှန်တရားကိုဖော်ထုတ်ခြင်း

လူကောင်းကိုသူပုန်လို့စွပ်စွဲ
လူယုတ်တွေလူကောင်းယောင်ဆောင်
အတုယောင်ဆောင်ရွေးကောက်ပွဲမှာ
အသွင်ပြောင်းနေရာပြောင်း
စစ်အာဏာတည်တံ့စေဖို့
ငွေကိုရေလိုသုံး
ဘာသာရေးလူမှုရေးတွေနဲ့စည်းရုံး
အကြောင်းမျိုးစုံကုလားဖန်ထိုး
မပာုတ်မပာက်လုပ်ဇာတ်တွေနဲ့
အကြံအဖန်ဇာတ်လမ်းတပုဒ်မှာ
နအဖကဒါရိုက်တာ
သရုပ်ဆောင်ကကြံ့ဖွတ်အသင်း
ဇာတ်ရံကတိုင်းရင်းသားပါတီ(ရွေးကောက်ပွဲဝင်တဲ့တိုင်းရင်းသားပါတီကိုပြောတာနော်)
အဖြည့်ခံက ပြည်သူတွေ(ပြည်သူတိုင်းလည်းမပာုတ်ပါ)
စောင့်ကြည့်နေတာကပြည်ပနိုင်ငံ(ပြည်ပနိုင်ငံတိုင်းလည်းမပာုတ်ပါ)
ဇာတ်ပို့ဇာတ်ရံက လုပ်ငန်းရှင်တွေ(လုပ်ငန်းရှင်တိုင်းမပာုတ်ပါ)
ဇာတ်လမ်းနံမည်ကတော့
ငါ့အာဏာဘယ်သူ့မပေးတိုက်နိုင်ရင်တိုက်ကြလေး

ရွေးကောက်ပွဲရဲ့ဒီဇာတ်ကားက
တခန်းရပ်ပြဇာတ်မပာုတ်သလို
စစ်အာဏာတည်တံ့စေဖို့
နအဖကိုယ်တိုင်ရေးတဲ့ဇာတ်လမ်းက
စစ်ကျွန်ဘဝမြဲတည်မြဲရေးအတွက်
အမြီးကျက်လည်းအမြီးစား
ခေါင်းကျက်လည်းခေါင်းစားမယ့်
ဒီပွဲမှာ…………………………………
လူထုဆန္ဒဖော်ထုတ်ပြဖို့
အချိန်တန်လို့ အချိန်ကောင်းရောက်ပြီ
စစ်ကျွန်ဘဝလွတ်မြောက်စေဖို့
အမှန်တရားမရှိတဲ့ ဒီမဲရွေးပွဲကို
ကန့်ကွက်ရင်းနဲ့ဆန္ဒဖော်ထုတ်
မဲမပေးဘဲနေစို့လား…………………………….

Thursday, October 7, 2010

တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အား ဂုဏ်ပြုခြင်း

ထိုင်းနိုင်ငံ ခွန်ကယ်မြို့က မြန်မာအလုပ်သမားများ အရေးပေါ်အကူအညီ လိုအပ်နေခြင်း

ထိုင်းနိုင်ငံ ခွန်ကယ်မြို့ ဒေချာဖန်းနစ်ငါးဖမ်းပိုက်စက်ရုံက အလုပ်သမား ၁၀၀၀ နီးပါးရဲ့ ဆန္ဒပြမှုဟာ ...
အပြည့်အစုံသို့

Tuesday, October 5, 2010

ယနေ့အလုပ်သမားသတင်း


ယနေ့နံနက်(၆း၀၀)အချိန်တွင်မဲဆောက်မြို့ ဘန့်ဆန်ကွင်းကျေးရွာအား
ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးရာ အလုပ်သွားမည့်အလုပ်သမားများနှင့်နေ
အိမ်တန်းလျားမှ အလုပ်သမားများအားထိုင်း အာဏာပိုင်များကဝင်ရောက်ဖမ်းဆီးသွား
ကြောင်းနှင့် စက်ရုံအလုပ်သမားများလည်းအဖမ်းဆီးခံရကြောင်းသိရှိရပါသည်။ ဖမ်းဆီးခံ
ရသောစက်ရုံမှာ ဘန့်ဆန်ကွင်း ဘောင်းဘီချုပ်စက်ရုံပာုခေါ်ကြောင်းနှင့်လည်းကောင်း
စက်ရုံတွင် စက်ရုံအလုပ်သမားတစ်ရာကျော်ဝင်ရောက်လုပ်ကိုင်နေကြောင်းအများအား
ဖြင့် လက်မှတ်မရှိသည့် အလုပ်သမားများဖြစ်ကြောင်း အမျိုးသားအနည်းငယ်သာရှိပြီး
အမျိုးသမီးအလုပ်သမားများကြောင်းသိရှိရပါသည်။လက်မှတ်ရှိသည့်အလုပ်သမားအနည်း
ငယ် လွတ်သွားကြောင်းနှင့်ဖမ်းဆီးခံရသောအလုပ်သမားများကိုလွတ်မြောက်ဖို့အတွက်
အလုပ်ရှင်မှ ထိုင်းအာဏာပိုင်များနှင့်ညှိနှိုင်းသော်လည်း မရကြောင်းထို့ကြောင့်လည်း
ကောင်းစက်ရုံမှ အလုပ်သမား (၈၀)ကျော်ဖမ်းဆီးခံရကြောင်း ဘန့်ဆန်ကွင်းကျေးရွာ
တွင်နေထိုင်သည့် နယ်မြေခံအလုပ်သမားတစ်ယောက်ကပြောကြားသွားပါသည်။
အဖမ်းဆီးခံရသော အလုပ်သမားများအား ကားပေါ်တွင် ထိုင်းအာဏာပိုင်များက
လည်းကောင်းတို့အား လွတ်မြောက်လိုလျှင် ဘတ်ငွေ(၅၀၀)ဘတ်တောင်းဆိုကြောင်း
ဘတ်ငွေ(၅၀၀)မရှိပါက ဘတ်ငွေ(၃၀၀)ပေးလျှင်ပြန်လွတ်ပေးကြောင်း လွတ်မြောက်လာ
သောအလုပ်သမားကပြောပြသွားပါသည်။ယနေ့ ဘန့်ဆန်ကွင်းကျေးရွာအား ထိုင်းအာ
ဏာပိုင်များက ဝင်ရောက်ဖမ်းဆီးရာတွင် အလုပ်သမား (၁၀၀)ကျော်ဖမ်းဆီးခံရကြောင်း
သိရှိရပါသည်။

Tuesday, September 28, 2010

မဲဆောက် ARVဆေး နှင့် ရွှေ့ပြောင်းအကြောင်း




ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ၂၃.၉.၂၀၁၀ ကြာသာပတေးနေ့တွင်မယ်တော်ဆေးခန်း၌
မဲဆောက်-မြ၀တီ နယ်စပ်တွင် ရွှေ့ပြောင်းအလုပ်သမားများအား HIV/AIDS နှင့်ပတ်
သက်ပြီးကာကွယ်ရေးတိုက်ဖျက်ရေးလုပ်နေသောအဖွဲ့စည်းများစုပေါင်းကာARV ဆေး
နဲ့ပတ်သတ်ပြီး အစည်းဝေးတရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။ မယ်တော်ဆေးခန်းမှ ဦး
ဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

တက်ရောက်ခဲ့သောဖွဲ့စည်းများမှာ

1. MAP Foundation ‘PHAMIT-2 project
2.SAW
3.World Vision
4.SYCB
5.Men Health Center
6.MTC
7.IRC
8.Youth Center

စသည့်အဖွဲ့စည်းများမှ စုစုပေါင်းသက်ဆိုင်ရာတာဝန်ရှိသူများ ၂၄ဦးတက်ရောက်ခဲ့ကြ
ပါသည်။
အစည်းအဝေးအတွင်းဆွေးနွေးချက်များ

တက်ရောက်လာသောအဖွဲ့စည်းအသီးသီးမှ တာဝန်ရှိသူများမက မိမိတို့ဖွဲ့စည်း၏ လုပ်
ဆောင်ချက်များကိုထုတ်ဖော်ပြောပြ ခြင်းနှင့် မိတ်ဆက်ကြပြီး……
ARV ဆေး နှင့်
ပတ်သက်ပြီးတော့ရွှေ့ပြောင်းအလုပ်သမားများအားဆေးသောက်နိုင်ရန်ပံပိုးပေးနေသောအဖွဲ့စည်းများမှ ခက်ခဲများအားအသီးသီးဆွေးနွေးပြောကြားသွားခဲ့ပါသည်၊၊မဲဆောက်ဒေ
သတွင် အလုပ်သမားများအတွက် ARV ဆေးအခမဲ့သောက်သုံးနိုင်ရန် ကူညီပေးနေ
သော အဖွဲ့အစည်း ၄ ခုရှိနေပါသည်။ ၄င်းတို့မှာ Mae Tao Clinic ,MAP Foundation ‘PHAMIT-2’ , SAW ,Men Health Center စသည်တို့ဖြစ်ကြပါသည်။
Mae Tao Clinic အောက်တွင် ARV ဆေးသောက်နေသော မြန်မာပြည်သား အလုပ်သ
မားစုစုပေါင်း၃၄ယောက်ခန့်ရှိနေပါသည်။ MAP Foundation ‘PHAMIT-2’အောက်တွင် ARV ဆေးသောက်နေသော မြန်မာပြည်သားအလုပ်သမားစုစုပေါင်း 11 ယောက် ၊ SAW အောက်တွင် ARV ဆေးသောက်နေသော မြန်မာပြည်သားအလုပ်သမားစုစုပေါင်း ၉ ယောက် နှင့် Men Health Center အောက်တွင် ARV ဆေးသောက်နေသော မြန်မာ
ပြည်သားအလုပ်သမားစုစု ပေါင်း၇ ယောက်ခန့်အသီးသီးရှိနေကြပါသည်။ ထို့ပြင် ဆေး
သောက်ရန်မလိုအပ်သေးသော သူများလဲရှိကြကြောင်း ပြောကြားဆွေးနွေးခဲ့ကြပါသည်။
အဖွဲ့စည်းများအနေဖြင့် ၄င်းဆေးကို မဲဆောက်ဆေးရုံကြီးမှ ထုတ်ယူပေးခြင်းဖြစ်ပြီးလူဦး
ရေရှိသလောက်မရရှိကြပါ။ ဆေးရုံကြီးကလဲ နာ့က်ဖာအိတ်စတန်းရှင်းဟုခေါ်သော စီမံ
ကိန်းမှတဆင့်ဖြန့်ဖြူးပေးခြင်းဖြစ်ပါသည်။ထိုသို့ဖြန့်ဖြူးပေးရာတွင်လဲ အလုပ်သမားများ
သို့တိုက်ရိုက်ပေးဆောင်ခြင်းမရှိပါ။ ကြားခံအဖြစ်NGOsတခုခု၏အာမခံမှသာလျှင်ပေးပါ
သည်။ အာမခံပေးသောအဖွဲ့စည်းအနေဖြင့်လည်း ARV ဆေးသောက်သုံးသူအလုပ်သ
မားအနေဖြင့်ဆေးကိုပုံမှန်သောက်ရန် လိုက်လံစစ်ဆေးကြည့်ရှု့ပေးခြင်း၊ လိုအပ်ပါက နှစ်သိမ့်ဆွေးနွေးပညာပေးမှုများလုပ်ဆောင်ပေးခြင်းကိုပြုလုပ်ပေးကြရပါသည်။ ဆေးကို
တလတကြိမ်ထုတ်ပေးပါသည်။အလုပ်သမားကဒ်မရှိသူများအတွက်ဆေးတမျိုးထဲကိုသာအခမဲ့ထုတ်ပေးခြင်းဖြစ်ပါသည်။ ပြင်ပမှ ၀င်ရောက်လာသောအခွင့်ေ၇းယူေ၇ာဂါများကို
ကုသရမည်ဆိုလျှင် ပိုက်ဆံကုန်ပါသည်။ အလုပ်သမားကဒ်ရှိသူများတော့မပေးဆောင်ရ
ကြောင်းစသည် တို့ကိုတက်ရောက်လာသောဖွဲ့စည်းများ မှ ပြောကြားဆွေးနွေးခဲ့ကြပါ
သည်။ထို့နောက် ဆေးခန်းမှ မိမိတို့အား ဆေးရုံကြီးမှ ARV ဆေးတွက်ချမှတ်ပေးထား
သောခွဲတမ်းသည်ပြည့်သွား၍ နောက်ထပ်တိုးလာသောလူနာများတွက် ဆေးသောက်
ရန်ခက်ခဲရှိနေကြာင်းနှင့်နောက်တိုးလာသောလူဦးရေမှာMSF မှ လူများဖြစ်ကြောင်းနှင့်
စုစုပေါင်းလူဦးရေမှာ ၃၅ ယောက်ရှိကြောင်း၊ ထိုထဲမှ၂၄ယောက်ကတော့ ဖုတ်ဖရဆေး
ရုံမှဆေးရရှိပြီး ကျန်ရှိသော ၁၁ ယောက်မှာ ဆေးမရရှိသေးကြောင်းစသည့်ခက်ခဲများ
အားဆွေးနွေးပြောကြားခဲ့ခြင်း ၊၊
MAP Foundation PHAMIT-2 တွင်လဲ စုစုပေါင်း PLWHA ၁၂ ဦးရှိကြောင်း ထိုထဲမှ ၇ယောက်ကတော့ ဆေးရုံကြီးမှဆေးအခမဲ့ရရှိပြီး ၂ယောက်ကတော့ ၀ယ်သောက်နေရ
ကြောင်း ကျန်၃ယောက်ကဆေးသောက်ရန်မလိုသေးကြောင်း ပြောကြားဆွေးနွေးပြီး၊မိ
မိတို့အနေဖြင်း ပညာပေးအဖွဲ့အစည်းဖြစ်ပြီး ကုသမှုပိုင်းတွင် မဆိုင်သော်လည်း မိမိတို့
သွေးစစ်ပေးလိုက်သောအလုပ်သမားများသည်ပိုးရှိသောအခါတွင်ဆေးအခမဲ့ပေးသော
နေရာများမရှိသေး၍ ဆက်လက်တာဝန်ယူနေရ သောကြောင့် ခက်ခဲများရှိနေကြောင်း
ပြောကြားဆွေး၊ နောက်တခုအနေ နဲ့ စီမံကိန်းရဲ့လုပ်ငန်းစဉ်တွင် အလုပ်သမားများသွေး
စစ်ချင်ပါက လိုက်လံဆောင်ရွက်ပေးသောကြောင့် သွေးစစ်၍ပိုးရှိသူများတွေ့ရှိပါက လို
အပ်သလောက်ဆေးမရရှိသေး၍ အခက်ခဲရှိကြောင်း၊ SAW မှလဲ ပိုးရှိသူလူဦးရေရှိသ
လောက်ဆေးများမရရှိသေးသောကြောင့် ခက်ခဲများရှိကြောင်း၊ Men Health Center
အနေနဲ့လဲ လက်ရှိဆေးသောက်နေသောလူ ၇ ဦးကလဲနိုင်ငံခြားစားအလှူရှင်တဦးမှ
ဆေးဝယ်တိုက်နေသောကြောင့်သာ ဆေးရရှိနေသောလဲနောက်လူများအတွက်ဆေးဖိုး
မရှိသေးသောကြောင့် ခက်ခဲများရှိနေကြောင်းကို ဆွေးနွေးပြောကြားကြပါသည်။ ထို့
နောက်မယ်တော်ဆေးခန်း ဒေါက်တာစင်သီယာမောင် မှ ကျမတို့အနေဖြင့်လဲ MSF ကလူ ၁၁ ဦးအတွက်ဆေးအမြန်လိုအပ်လျှက်ရှိနေသောကြောင့် ခက်ခဲများရှိနေကြာင်း၊ နှစ်စဉ်နှစ်တိုင်း ဆေးခန်းမှစစ်ဆေးချက်တွင်လူဦးရေ ၃၀၀ ကျော်ခန့်ရှိနေကြောင်း ပြော
ကြားဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်လာမည့်နိုဝင်ဘာလ ၂ ရက်နေ့မှ ၆ရက်နေ့အထိ
ဘန်ကောက်အခြေစိုက် အဖွဲ့စည်းတခုဖြစ်သော Human Development Foundation
Mercy Center မှမဲဆောက်တွင် HIV/AIDS နှင့်ပတ်သက်ပြီးအလုပ်လုပ်နေသော အဖွဲ့
အစည်းများအားလာရောက်လေ့လာမည်ဖြစ်ကြောင်း ၊ ၄င်းအဖွဲ့အစည်းသည်ARV ဆေး
နှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေကြောင်း၊ ထို့ကြောင့်မိမိတို့တတ်နိုင်သော အ
ပိုင်းရှိပါကလေ့လာပြီးကူညီပေးမည်ဖြစ်ကြောင်း ဆေးခန်းခန်းမှပြောကြားဆွေးနွေးသွား
ခဲ့ပါသည်။ ထို့ကြောင့် ၄င်းအဖွဲ့အစည်းအားမိမိတို့အနေဖြင့်ခေါ်ယူလေ့လာစေလိုကြောင်း
ပြောကြားဆွေးနွေးကြခြင်း ၊ ထို့နောက်ထိုင်းမြန်မာ နယ်စပ်တွင်HIV/AIDS နဲ့ပတ်သက်
ပြီးပြုလုပ်နေကြသောအဖွဲ့အစည်းများ စုပေါင်းကာ NetWorking meeting ကို ၃ လတ
ကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်းသဘောတူဆုံးဖြတ်ကြပြီး ဒုတိယအကြိမ်အစည်းအ
ဝေးကို MAP Foundation PHAMIT-2 Project မှ တာဝန်ယူကာလာမည့်နိုဝင်ဘာလ ၂၂ ရက်နေ့တွင်ဒုတိယအအကြိမ်မြှောက် ကျင်းပမည်ဖြစ်ကြောင်းပြောကြားဆွေးနွေးခဲ့
ကြပါသည်။

Monday, September 13, 2010

မီးလောင်မှု့သတင်း



ထိုင်းနိုင်ငံ မဲဆောက်မြို့ ဘန်ကောက်ကားဂိတ် အဟောင်းဘေးနား တွင် (၁၄.၉.၂၀၁၀)
မနက် ၁၁း၀၀ နာရီခန့်က မီးလောင်မှုတခု ဖြစ်ပွားခဲ့ပါသည်...ဖြစ်ပွားပုံကိုတော့ ဘယ်
သူမှ အတိအကျမသိသေးဘူးလို့မီးဝိုင်းသတ်ပေးနေသူအလုပ်သမားတယောက်က
ပြောပြပါသည်။ ( ကျတော်တို့လဲ ဘယ်လိုစပြီးတော့လောင်တာလဲဆိုတာ မသိပါဘူး....
မီးလောင်တဲ့အိမ်ကတော့ ခွဲကပေါင်ကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသားလေး
တွေနေတဲ့အိမ်ပါ။ သူတို့တွေ ထမင်းအိုးတည်ခဲ့လို့ အိုးကလောင်တာလား .မီးကြိုးပေါက်
ပြီးတော့ပဲလောင်တာလားဆိုတာမသိပါဘူး၊ ဒါပေမဲ့ ၁၁နာရီလောက်ကမီးလောင်တော့
ကျတော်တို့ကော အနီးနားမှာရှိတဲ့လူတွေကော ရေနဲ့ဝိုင်းသတ်လို့ငြိမ်းနေပါပြီ၊ မီးငြိမ်းစ
မှာပဲ မီးသတ်ကား ၆ စီးရောက်လာပြီးတော့ကျန်တဲ့ မီးကိုသတ်ပေးပါတယ်....လူတွေ
တော့တယောက်မှမရှိလို့ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဟုအနီးနားကအလုပ်သမားတဦးပြော
ပြချက်အရသိရပါသည်…
၉ လပိုင်းအတွင်း မဲဆောက်မြို့မှာ မီးလောင်မှု့ဖြစ်ပွားခြင်းသည် ယခုဆိုလျှင် နှစ်ကြိမ်ဖြစ်
ပွားခဲ့ပါသည်။