မဲဆောက်မြို့နဲ့အလှမ်းကွားဝေးတဲ့ ဒေသလေးတွေမှာ ဖြစ်တတ်တဲ့ နာရေးကိစ္စ များထဲမှာမှ ယခုလတ်တလောဖြစ်ပျက်သွားတဲ့ အဖြစ်ပျက်လေး တခုကို တင်ပြပေးလိုက် ပါတယ်။
မဲဆောက်မြို့မှာ မယ်ကုကျေးရွာဆိုတဲ့ ရွာတရွာရှိပါတယ်။ တောင်ယာလုပ်ငန်းနဲ့ အများ အားဖြင့် အသက်မွေးကြပါတယ်။ ပန်းရံလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း လုပ်တဲ့သူတွေ လည်း ရှိပါတယ်။ အဲဒီ့ ရွာလေးမှာဘဲ ပန်းရံလုပ်ရင်း မယ်ကုရွာမှာပဲ နေထိုင်တဲ့
မောင်…… ဆိုတဲ့ သူကတော့ အိမ်ထောင်ရှိပြီး သူ့မိန်းမနဲ့အတူ မိန်းမရဲ့ မောင်လေးနဲ့ အတူ တကွနေထိုင်စားသောက်ကြပါတယ်။ တနေ့မှာ မောင်…..တယောက် နေမကောင်းလို့ ဆေး ရုံကို သွားရောက်ပြသပါတယ်။
သူ့ကိုဆရာဝန်က သွေးစစ်ကြည့်လိုက်တဲ့အခါ HIV ရောဂါ ကူးစက်ခံနေရတယ်ဆိုတာ သိ လိုက်ရပြီး နောက်ပိုင်းမှာတော့ စိတ်ဓာတ်တွေကျ လူလည်းတဖြည်းဖြည်း ပိန်ချုံးလာပါ တယ်။ သူ့ရဲ့ ဘေးပတ်ဝန်းကျင်ကဝိုင်းပြီး ပြစ်တင်ဝေဖန်မှုဒဏ်တွေကို ခံစားရပြီး နောက် ဆုံးမှာတော့ လူ့လောကကြီးကို အပြီးပိုင် နှုတ်ဆက်စွန့်ခွာသွားပါတော့တယ်။
သေဆုံးသွားတဲ့ အချိန်မှာဘဲ HIV နဲ့သေတဲ့သူဆိုပြီး ရွာသားလူတွေက ချက်ချင်းသဂြုင်္ိလ် ဖို့စီစဉ်ကြတယ်။ ကျနော်တို့အဖွဲ့ကို ဆက်သွယ်အကူညီတောင်းလို့ သေဆုံးသွားသူရဲ့ အ လောင်းကို ဖျာလိပ်နဲ့ပတ်ပြီး မြေချခဲ့ပါတယ်။ ငိုမယ့်သူမရှိ သရဏဂုံတောင် မတင်လိုက်ရ ဘဲ လူတယောက်ရဲ့ နောက်ဆုံးခရီး ဒီလောက်နဲ့ပဲ ကိစ္စပြီးခဲ့ရတယ်။
အကောင်းဆုံး ဖြစ်အောင်လုပ်ခဲ့ပေမယ့် ကျနော်တို့ မြန်မာပြည်သားတွေ ဒီလိုဖြစ်ရပ်တွေ နဲ့ကြုံတွေ့ရတဲ့အခါမှာတော့ ဒီလိုဘဲ ကျနော်တို့မသိတဲ့ မြန်ပြည်သားတွေ ဘယ်လောက် များ ဒီလိုဒုက္ခတွေကို ရင်ဆိုင်နေခဲ့ရသလဲဆိုတာကိုတော့ ကျနော်တို့ မသိနိုင်သလို ဒီကိစ္စ တွေဟာ ဘယ်သူ့မှာတာဝန်ရှိသလဲ ဆိုတာကိုတော့ ကျနော် သိလိုက်ရတယ်။
ရင်နာစရာ ဖြစ်ရပ်တွေကို ကြုံရတဲ့အခါတိုင်း မိမိနိုင်ငံရဲ့ စစ်အာရှင်စနစ်ကိုမဖြိုခွဲနိုင် သ ရွှေ့တော့ ကျနော်တို့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကတော့ ဒီလိုဘဲ ဖြစ်ရပ်ဆိုး တွေ ကို ကြုံတွေ့နေရမယ်ဆိုတာကိုတင်ပြရင်း ဒီလိုဖြစ်ရပ်ဆိုးတွေကို ကျနော်တို့ပူးပေါင်းပြီး လက်တွဲရင်း ဝိုင်းဝန်း ဖြေရှင်းကြပါဆို့။
(မင်းထက်)
No comments:
Post a Comment