Thursday, December 10, 2009

ဒီလိုပဲ ရောဂါသိပြီး ငွေမရှိလို့ အသက်ကိုရင်းလိုက်ရတဲ့ အဖြစ်ပျက်တွေ


ကျတော်တို့ မဲဆောက်မြို့က နာရေးလေးတခုပါ။ နာရေးလေးတခု ဆိုပေမယ့် ကြေကွဲစွာခံ စားရတဲ့အဖြစ် တွေလည်းပါတာပေါ့ ဘာကြောင့်လည်းဆိုတော့ ငွေမရှိလို့ ဆေးဝါးဝယ်မ သောက်နိုင်တဲ့ လူတယောက်ရဲ့ နောက်ဆုံးဇာတ်သိမ်းက ကျဉ်းမြောင်းလှတဲ့ အခန်းကျဉ်း လေးထဲမှာ မနှုတ်ဆက်ဘဲ ထွက်ခွါသွားတဲ့ HIV/AIDS ဝေဒနာရှင် တယောက်ရဲ့ အဖြစ် ပျက်လေးတခုပါ ကျနော်တို့ မဲဆောက်မှာက TB ဆေးသာ အခမဲ့ရပေမဲ့ HIV ပိုးရပ်တန့် ဆေးဖြစ်တဲ့ ARV ဆေးကတော့ လုံလောက်စွာမရရှိသေးပါဘူး၊၊ တချို့တလေကြတော့ ကျန်းမာရေးနဲ့ပတ်သက်သက်ပြီး လုပ်ရှားနေတဲ့ NGOs တွေ အာမခံမှ ARV ဆေးကို မဲ ဆောက်မြို့ထိုင်းဆေးရုံက ဆေးအခမဲ့ ရပါတယ် ဆိုပေမဲ့လဲ လူဦးရေကတိုးလာပြီး ဆေးက တိုးမပေးနိုင်သောကြောင့် လူတိုင်းမရကြပါဘူး။

အဖြစ်ပျက်လေးကဒီလိုပါ…

သူ့နံမည်ကတော့ (ကို………..) လို့ခေါ်ပြီး မဲဆောက်မြို့ ဘွန်ခွန်းရပ်ကွက်မှာ နေထိုင်ပြီး မိ သားစုဆိုလို့ ဖအေတူမအေကွဲ မောင်နှမတွေပဲ ရှိကြပါတယ်။ သာမန်အလုပ် သမားတ ယောက်ဖြစ်ပြီး အလုပ်ရဲ့ ပင်ပန်းဒဏ်တွေနဲ့အတူ နဂိုကဘာတွေဖြစ်ပျက်ခဲ့သလဲ ဆိုတာကို မသိရပေမယ့် အမှတ်မထင်ဘဲ နေမကောင်းလို့သွေးစစ်ကြည့်လိုက်တဲ့ အချိန်မှာ AIDS ရောဂါက သူ့ရဲ့ကိုယ်ထဲမှာ ကူးစက်နေတယ်ဆိုတာကို သိလိုက်ရတဲ့ အချိန်မှာ အားငယ်တဲ့ စိတ်တွေဖြစ်ခဲ့ပေမယ့် မဲဆောက်မှာရှိတဲ့ အဖွဲ့စည်းတွေရဲ့ ကူညီမှုနဲ့အတူ သူဘဝကိုဖြတ် သန်းမယ်ဆိုတဲ့ အသိစိတ်တွေနဲ့ မျှော်လင့်ချက်တွေ ထားခဲ့ပေမယ့် ဝယ်သောက်ဖို့လည်း မဖြစ်နိုင် ဆေးကိုအလကားရဘို့လည်း မဖြစ်နိုင်တဲ့အခါ သူ့ရဲ့မျှော်လင့်ချက်တွေက လမ်းတ ဝက်မှာတင် ဆုံးရှူံးခဲ့ရသလို သူ့ရဲ့ညီအစ်ကို မောင်နှမတွေကလည်း တနေ့လုပ်တနေ့စား ဆိုတဲ့ဘဝမှာ ရင်နာနာနဲ့ လက်ပိုက်ကြည့် နေခဲ့ရတဲ့သူ့အဖြစ်ကတော့ ဘယ်နေ့သေမလဲ ဆိုတာကို စောင့်မျှော်နေရတဲ့အဖြစ်တွေရယ်ပါ။ အဲဒါနဲ့ပဲ နောက်ဆုံးမှာတော့ သူမမျှော်လင့် တဲ့ နောက်ဆုံးတနေ့ကို ရင်နာနာနဲ့ဘေးနားမှာ အဖော်ရယ်တယောက်မှမရှိဘဲ အေးစက်တဲ့ ဆောင်းညရဲ့အလယ်မှာ ပူလောင်လှတဲ့ သူ့ရင်ခွင်အတွက် အဝတ်စားဗလာနဲ့ သက်သာမ လားဆိုတဲ့ သူ့အတွေးနောက်ဆုံးတော့ ကျဉ်းမြောင်းတဲ့သူ့ အခန်းထဲမှာ လောကကြီးကို စွန့်ခွါသွားတဲ့ သူ့အဖြစ်ကို (9/12/2009) မနက်မိုးလင်းလို့ အိမ်ဘေးနားက သူ့ညီလေးရဲ့ ခေါ်သံကို မကြားတော့ပါဘူး။ အဲခါကျမှမှောင်မည်းလှတဲ့ သူ့အခန်းငယ်ကို ဝင်ရောက် ကြည့်တဲ့အခါ (ကို………) တယောက် လူ့လောကကြီးကို အပြီးပိုင်နှုတ်ဆက် ထွက်ခွာ သွားပြီဆိုတာကို သူ့ညီအစ်ကိုမောင်နှမတွေ သိလိုက်ရတဲ့အခါမှာ ကျနော်တို့ကို အကူညီ တောင်းခံပြီး ရပ်ကွက်ကချက်ခြင်းချရမယ်ဆိုတဲ့ အသံတွေနဲ့အတူ ဌာနဆိုင်ရာအဖွဲ့တွေရဲ့ စကားတွေကြောင့် အဝတ်နဲ့ပတ်ပြီး ဝပ်ဒွန်ကဲယောက်သင်းချိုင်းမှာ ခွန်အားသစ်သာရေး နာရေးကူညီမှုအသင်းသားတွေနဲ့ သူ့ညီအစ်ကိုမောင်နှတွေနဲ့ပေါင်းပြီး သူ့ရဲ့နောက် ဆုံးခရီး ကို လိုက်လံပို့ဆောင်ပေးခဲ့ရပါတယ်။ အဲဒါကတော့ (ကို………) ရဲ့ အဖြစ်အပျက်လေးပါ။

ဒီလိုပဲ ရောဂါသိပြီး ငွေမရှိလို့ အသက်ကိုရင်းလိုက်ရတဲ့ အဖြစ်ပျက်တွေပာာ ထိုင်းနိုင်ငံမှာ ဘယ်လောက်ထိတောင်ရှိနေမလဲ …

ခွန်အားသစ်နာရေးအဖွဲ့

No comments: