ချစ်လျှက်နဲ့ ….. စွန့် ခဲ့ရပြီ
တို့သိပ်ချစ်တဲ့ … တို့ ရွှေပြည်
ဝမ်းရေအတွက် …. အလှမ်းဝေးတဲ့
တစ်ပါးမြေမှာ ….. အနေမသာလည်း
သွေခွါမရလို့  …. နေရဦးမည်
ချစ်သောနေရာ …….ရွှေပြည်မှာတော့
ဘယ်သူသေသေ …..ငတေမာဖို့ 
ငတေတို့ ရဲ့ .......အာဏာမုန်တိုင်း
ကြမ်းတမ်းရိုက်ခတ်……… အနေကြပ်
ဝမ်းရေးခက်သမို့…….. အလှမ်းဝေးတဲ့
တစ်ပါးမြေမှာ …….. “ကျွန်ဘ၀နဲ”့
မရွှင်မပြစွာ ……..ငွေရှာရတဲ့
တို့ ဘ၀တွေ ……..တစ်နေ့ မှာတော့
ငတေလည်းသေ... မုန်တိုင်းပြေရင်
တို့ ရွှေပြည်မှာ ……..ရွှေပြည်သားတို့
အေးချမ်းစွာ ……..သခင်ဘ၀နဲ့ 
နေရပေတော့မည်…………………………
No comments:
Post a Comment