Wednesday, October 7, 2009

ကျပန်းသမားတွေရဲ့ဘဝ

မဲဆောက်မြို့မှာရှိတဲ့ ကျပန်းလုပ်စားတဲ့သူတွေရဲ့ ဘဝအကြောင်းကို ကျနော် သိသ လောက် ဖော်ပြလိုက်ပါတယ်။ စိုက်ပျိုးရေးကိုမှီခိုပြီးတော့ ကျပန်းလုပ်စားတဲ့ သူတွေ ဆောက်လုပ်ရေးလုပ်ငန်းကို မှီခိုပြီးတော့ကျပန်းလုပ်စားတဲ့သူတွေ ကုန်တင်ကုန်ချဆိုတဲ့ လုပ်ငန်းကိုအမှီပြုပြီးကျပန်းလုပ်စားတဲ့ သူတွေရှိကြပါတယ်။ သူတို့တွေကတော့ အလုပ် ရှင် မယ်မယ်ရရမရှိဘဲ မိသားစုစားဝတ်နေရေးအတွက် ကြုံတဲ့အလုပ်ကို ဝင်ရောက်လုပ် ကိုင်ရင်း မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေအောင် ဖန်တီးတည်ဆောက်ကြပါ တယ်။ ဒါကတော့ ကျပန်း အလုပ်သမားတွေရဲ့ ဘဝအစိတ်ပိုင်း တခုပါ။

တောင်ယာလုပ်ငန်းကို အမှီပြုပြီး ကျပန်းလုပ်စားနေရတဲ့ အလုပ်သမားတွေကတော့ စပါး စိုက်ချိန်ဆို စပါးစိုက်လိုက်၊ ရိတ်သိမ်းချိန်ဆို စပါးရိတ်လိုက်၊ ပြောင်းစိုက်ချိန်ဆို ပြောင်း စိုက်၊ ပြောင်းချိုးချိန်ကြရင် ပြောင်းချိုး၊ ကြံစိုက်ချိန်ဆိုကြံစိုက်ကြ၊ လွေ့စိုက်ချိန်ဆို လွေ့စိုက် စတဲ့ ရာသီပေါ်၊ ရာသီအလိုက် စိုက်ပျိုးရေးလုပ်ငန်းတွေကို အမှီပြုပြီး မိသားစုစားဝတ်နေ ရေးကို ပြေလည်အောင် ဖန်တီးယူနေကြရပါတယ်။

တနေ့ထက်နေ့ ပိုမိုဝင်ရောက်လာတဲ့ မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားတွေ များ ပြားလာတဲ့ အတွက်ကြောင့် အလုပ်အကိုင်တွေ ရှားလာသလို ကျပန်းအလုပ်တွေကိုဘဲ အမှီပြုပြီး နေထိုင်စားသောက်ရတဲ့ အလုပ်သမားတွေပာာ မဲဆောက်ဒေသမှာ ပိုမိုများပြား လာပါတယ်။ ပုံမှန်မပာုတ်တဲ့ ဒီလုပ်ငန်းတွေကိုလုပ်ကိုင်ကြတဲ့ အလုပ်သမားတွေပာာ တ နေ့ကို ရှစ်ဆယ်ဘတ်နဲ့ တရာဆိုတဲ့ငွေကို ရကြပါတယ်။

တခါတလေတော့ နှစ်ရာသုံးရာ ဆိုတဲ့ငွေကို သူတို့တွေ ရကြပါတယ်။ ပုံမှန်မရှိတဲ့ ဒီလုပ် ငန်းကိုအမှီပြုပြီး နေထိုင်ကြတဲ့ သူတွေပာာ မိသားစုတွေနဲ့ လုပ်ကိုင်စားသောက်တဲ့ သူ တွေက ပိုမိုများပြားလှပါတယ်။ ကျပန်းလုပ်ကိုင်စားသောက်တဲ့သူတွေရဲ့ ဘဝက လက် မှတ်လုပ်မယ်ဆိုတာတောင် အလုပ်ရှင် မရှိလို့ အလုပ်ရှင်ငှားပြီးတော့ လက်မှတ်လုပ်မယ် ဆိုရင်လည်း ငှားခပိုက်ဆံကို မတတ်နိုင်တဲ့အတွက် အလုပ်သမားလက်မှတ်ဆိုတာကို မ ပြုလုပ်နိုင်ကြပါဘူး။ ဒါကတော့ တချို့တလေပိုက်ဆံစုမိတဲ့ သူတွေပါ။

အလုပ်ရက် ပုံမှန်မရှိတဲ့အတွက်ကြောင့် အလုပ်သမားလက်မှတ် လုပ်ဖို့နေနေသာသာ စား ဖို့တောင်လုံလုံလောက်လောက်မရှိတဲ့အတွက် မိသားစုအတွင်း ပြသာနာတွေဖြစ်လာ တယ်။ နောက်ပိတ်ဆုံး လင်မယားကွဲတာတောင်ရှိပါတယ်။ ဒီ ကျပန်းအလုပ်သမားတွေ ပာာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကိုလည်း ခံကြရပါတယ်။ လုပ်ငန်းခွင်တွေမှာ လည်း ကျပန်းအလုပ်သမားတွေပာာ ထိခိုက်ဒဏ်ရာတွေ ရမယ်ဆိုရင်တောင် သူတို့အ တွက် ဘာမခံစားခွင့်ကိုမှ မရကြပါဘူး။

ကျနော် ကျပန်းအလုပ်သမားတယောက်ကို မေးမြန်းကြည့်တဲ့အခါ အလုပ်လုပ်ရင်းနဲ့ ခြေ ထောက်ကိုသစ်ချောင်းထိမိလို့ သူ့ခြေထောက် တချောင်းလုံးရောင်ကိုင်းပြီး သုံးလေးရက် လောက်အလုပ် လုပ်လို့မရပါဘူး။ ခြေထောက်ကို ထိမိတဲ့နေ့တွက်စာကို အလုပ်ရှင်ကပေး ပေမယ့် နောက်နေ့တွေအတွက်တော့ သူ့ကိုအလုပ်ရှင်က တပြားတချပ်မှမပေးပါဘူး။ သူ့မှာ ကလေးနှစ်ယောက်နဲ့အတူ လုပ်ကိုင်စားသောက်ရတော့ တရက်ဆို ဆိုသလောက် ဒုက္ခဆိုတာ သူတို့ရဲ့ဘဝကို အုပ်မိုးထားပြီ၊ နောက်ထပ်သူပြော တဲ့စကားက ကြာတော့ လည်း ဒုက္ခဆိုတာကို ဂြိုလ်နဲ့လားလို့တောင် ထင်မိတယ်တဲ့။

ကျပန်းလုပ်ကိုင်စားသောက်တဲ့ သူတွေရဲ့ အလုပ်ကလည်း အန္တရယ်ဆိုတာကို အဖော်ပြု ပြီး လုပ်ကိုင်ကြရပါတယ်။ စိုက်ပျိုးရေးမှာဆိုယင်လည်း တောင်ယာခုတ်တဲ့အခါ ပါမိုက်ဆို တဲ့ သစ်တောအဖွဲ့ရဲ့ ဖမ်းဆီးခြင်းကိုခံရပြီး ထောင်ကျတဲ့ တချို့ ကျပန်းအလုပ်သမားတွေ ရှိပါတယ်။ သူတို့ရတဲ့ တနေ့လုပ်အားခ ရှစ်ဆယ်၊တရာနဲ့ လုံးဝမတန်အောင် အလုပ်သမား တွေပာာ ခံကြရပါတယ်။ စိုက်ပျိုးရေးသုံး ဓာတုဆေးဝါးတွေကို ဖြန်းတဲ့အခါမှာလည်း ဓာတုဆေးဝါးတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း ခံကြရပါတယ်။ ကုန်တင်ကုန် ချလုပ်တဲ့ အလုပ်သမားတွေကတော့ ခြေထောက်တွေလက်တွေ မကြာခဏဆိုသလို ထိ ခိုက်ဒဏ်ရာရကြပါတယ်။

ဒါပေမယ့် သူတို့တွေ အတွက်တော့ ဘာအာမခံချက်မှ မရှိပါဘူး။ သူတို့တွေကို ကျနော် မေးကြည့်တဲ့အခါ မြန်မာပြည်ကိုပြန်ဖို့ စဉ်းစားကြလား၊ နောက်ပြီး မြန်မာပြည်နဲ့ မဲဆောက် မှာနဲ့ ဘယ်နေရာကပိုပြီးတော့ကောင်းလဲလို့ မေးကြည့်တဲ့အခါ သူတို့တွေပြောတဲ့စကား ကတော့ မြန်ပြည်မှာဆိုရင် ပိုပြီးတော့ဒုက္ခရောက်ရတယ်ဆိုတဲ့ အကြောင်း အလုပ်အကိုင် ရှားပါးတာကတကြောင်း နောက်ပိတ်ဆုံး သူတိုပြောတဲ့စကားကတော့ ထိုင်းအစိုးရနဲ့ မြန် မာအစိုးရရဲ့ ကွာပာတဲ့ အကြောင်းတရားတွေကို သူတို့က ပြောပြကြပါတယ်။

သူတို့ကနောက်ပြီး မြန်မာအစိုးရသာ ထိုင်းအစိုးရလောက်နီးနီးကောင်းခဲ့ရင် သူတို့အနေနဲ့ အဆင်ပြေမှာပဲလို့ ယုံကြည်နေကြပါတယ်။ သူတို့ပြောတာကတော့ ထိုင်းအစိုးရက ထိုင်း နိုင်ငံ အလုပ်သမားတွေကို လစ်လျူမရှုတဲ့အကြောင်းကိုအခြေခံပြီးတော့ ပြောသွားခဲ့တာ ပါ။ ကျပန်းအလုပ်သမားတွေရဲ့ ခံစားချက်တွေကိုတင်ပြရင်းနဲ့ ဘာကြောင့်ကျနော်တို့ မြန် ပြည်သားရွှေ့ပြောင်းအလုပ်သမားတွေ ဒုက္ခရောက်ရသလဲဆိုတာကိုသိလိုက်ရတဲ့ ကျနော့် အနေနဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ နိုင်ငံကို တည်ဆောက်ဖို့ အမြဲတမ်းပြောနေတဲ့ မြန် မာစစ်အစိုးရကို အလုပ်သမားမပါဘဲ ဘယ်ပုံဘယ်နည်းနဲ့ တည်ဆောက်မလည်းဆိုတာကို မေးကြည့်ရင်းနဲ့ ကျပန်းအလုပ်သမားအကြောင်း တစိတ်တပိုင်းကို တင်ပြလိုက်ပါတယ်။

(ခိုင်မြဲအောင်)

No comments: