Showing posts with label အတွေး. Show all posts
Showing posts with label အတွေး. Show all posts

Wednesday, October 7, 2009

ကျပန်းသမားတွေရဲ့ဘဝ

မဲဆောက်မြို့မှာရှိတဲ့ ကျပန်းလုပ်စားတဲ့သူတွေရဲ့ ဘဝအကြောင်းကို ကျနော် သိသ လောက် ဖော်ပြလိုက်ပါတယ်။ စိုက်ပျိုးရေးကိုမှီခိုပြီးတော့ ကျပန်းလုပ်စားတဲ့ သူတွေ ဆောက်လုပ်ရေးလုပ်ငန်းကို မှီခိုပြီးတော့ကျပန်းလုပ်စားတဲ့သူတွေ ကုန်တင်ကုန်ချဆိုတဲ့ လုပ်ငန်းကိုအမှီပြုပြီးကျပန်းလုပ်စားတဲ့ သူတွေရှိကြပါတယ်။ သူတို့တွေကတော့ အလုပ် ရှင် မယ်မယ်ရရမရှိဘဲ မိသားစုစားဝတ်နေရေးအတွက် ကြုံတဲ့အလုပ်ကို ဝင်ရောက်လုပ် ကိုင်ရင်း မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေအောင် ဖန်တီးတည်ဆောက်ကြပါ တယ်။ ဒါကတော့ ကျပန်း အလုပ်သမားတွေရဲ့ ဘဝအစိတ်ပိုင်း တခုပါ။

တောင်ယာလုပ်ငန်းကို အမှီပြုပြီး ကျပန်းလုပ်စားနေရတဲ့ အလုပ်သမားတွေကတော့ စပါး စိုက်ချိန်ဆို စပါးစိုက်လိုက်၊ ရိတ်သိမ်းချိန်ဆို စပါးရိတ်လိုက်၊ ပြောင်းစိုက်ချိန်ဆို ပြောင်း စိုက်၊ ပြောင်းချိုးချိန်ကြရင် ပြောင်းချိုး၊ ကြံစိုက်ချိန်ဆိုကြံစိုက်ကြ၊ လွေ့စိုက်ချိန်ဆို လွေ့စိုက် စတဲ့ ရာသီပေါ်၊ ရာသီအလိုက် စိုက်ပျိုးရေးလုပ်ငန်းတွေကို အမှီပြုပြီး မိသားစုစားဝတ်နေ ရေးကို ပြေလည်အောင် ဖန်တီးယူနေကြရပါတယ်။

တနေ့ထက်နေ့ ပိုမိုဝင်ရောက်လာတဲ့ မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားတွေ များ ပြားလာတဲ့ အတွက်ကြောင့် အလုပ်အကိုင်တွေ ရှားလာသလို ကျပန်းအလုပ်တွေကိုဘဲ အမှီပြုပြီး နေထိုင်စားသောက်ရတဲ့ အလုပ်သမားတွေပာာ မဲဆောက်ဒေသမှာ ပိုမိုများပြား လာပါတယ်။ ပုံမှန်မပာုတ်တဲ့ ဒီလုပ်ငန်းတွေကိုလုပ်ကိုင်ကြတဲ့ အလုပ်သမားတွေပာာ တ နေ့ကို ရှစ်ဆယ်ဘတ်နဲ့ တရာဆိုတဲ့ငွေကို ရကြပါတယ်။

တခါတလေတော့ နှစ်ရာသုံးရာ ဆိုတဲ့ငွေကို သူတို့တွေ ရကြပါတယ်။ ပုံမှန်မရှိတဲ့ ဒီလုပ် ငန်းကိုအမှီပြုပြီး နေထိုင်ကြတဲ့ သူတွေပာာ မိသားစုတွေနဲ့ လုပ်ကိုင်စားသောက်တဲ့ သူ တွေက ပိုမိုများပြားလှပါတယ်။ ကျပန်းလုပ်ကိုင်စားသောက်တဲ့သူတွေရဲ့ ဘဝက လက် မှတ်လုပ်မယ်ဆိုတာတောင် အလုပ်ရှင် မရှိလို့ အလုပ်ရှင်ငှားပြီးတော့ လက်မှတ်လုပ်မယ် ဆိုရင်လည်း ငှားခပိုက်ဆံကို မတတ်နိုင်တဲ့အတွက် အလုပ်သမားလက်မှတ်ဆိုတာကို မ ပြုလုပ်နိုင်ကြပါဘူး။ ဒါကတော့ တချို့တလေပိုက်ဆံစုမိတဲ့ သူတွေပါ။

အလုပ်ရက် ပုံမှန်မရှိတဲ့အတွက်ကြောင့် အလုပ်သမားလက်မှတ် လုပ်ဖို့နေနေသာသာ စား ဖို့တောင်လုံလုံလောက်လောက်မရှိတဲ့အတွက် မိသားစုအတွင်း ပြသာနာတွေဖြစ်လာ တယ်။ နောက်ပိတ်ဆုံး လင်မယားကွဲတာတောင်ရှိပါတယ်။ ဒီ ကျပန်းအလုပ်သမားတွေ ပာာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကိုလည်း ခံကြရပါတယ်။ လုပ်ငန်းခွင်တွေမှာ လည်း ကျပန်းအလုပ်သမားတွေပာာ ထိခိုက်ဒဏ်ရာတွေ ရမယ်ဆိုရင်တောင် သူတို့အ တွက် ဘာမခံစားခွင့်ကိုမှ မရကြပါဘူး။

ကျနော် ကျပန်းအလုပ်သမားတယောက်ကို မေးမြန်းကြည့်တဲ့အခါ အလုပ်လုပ်ရင်းနဲ့ ခြေ ထောက်ကိုသစ်ချောင်းထိမိလို့ သူ့ခြေထောက် တချောင်းလုံးရောင်ကိုင်းပြီး သုံးလေးရက် လောက်အလုပ် လုပ်လို့မရပါဘူး။ ခြေထောက်ကို ထိမိတဲ့နေ့တွက်စာကို အလုပ်ရှင်ကပေး ပေမယ့် နောက်နေ့တွေအတွက်တော့ သူ့ကိုအလုပ်ရှင်က တပြားတချပ်မှမပေးပါဘူး။ သူ့မှာ ကလေးနှစ်ယောက်နဲ့အတူ လုပ်ကိုင်စားသောက်ရတော့ တရက်ဆို ဆိုသလောက် ဒုက္ခဆိုတာ သူတို့ရဲ့ဘဝကို အုပ်မိုးထားပြီ၊ နောက်ထပ်သူပြော တဲ့စကားက ကြာတော့ လည်း ဒုက္ခဆိုတာကို ဂြိုလ်နဲ့လားလို့တောင် ထင်မိတယ်တဲ့။

ကျပန်းလုပ်ကိုင်စားသောက်တဲ့ သူတွေရဲ့ အလုပ်ကလည်း အန္တရယ်ဆိုတာကို အဖော်ပြု ပြီး လုပ်ကိုင်ကြရပါတယ်။ စိုက်ပျိုးရေးမှာဆိုယင်လည်း တောင်ယာခုတ်တဲ့အခါ ပါမိုက်ဆို တဲ့ သစ်တောအဖွဲ့ရဲ့ ဖမ်းဆီးခြင်းကိုခံရပြီး ထောင်ကျတဲ့ တချို့ ကျပန်းအလုပ်သမားတွေ ရှိပါတယ်။ သူတို့ရတဲ့ တနေ့လုပ်အားခ ရှစ်ဆယ်၊တရာနဲ့ လုံးဝမတန်အောင် အလုပ်သမား တွေပာာ ခံကြရပါတယ်။ စိုက်ပျိုးရေးသုံး ဓာတုဆေးဝါးတွေကို ဖြန်းတဲ့အခါမှာလည်း ဓာတုဆေးဝါးတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း ခံကြရပါတယ်။ ကုန်တင်ကုန် ချလုပ်တဲ့ အလုပ်သမားတွေကတော့ ခြေထောက်တွေလက်တွေ မကြာခဏဆိုသလို ထိ ခိုက်ဒဏ်ရာရကြပါတယ်။

ဒါပေမယ့် သူတို့တွေ အတွက်တော့ ဘာအာမခံချက်မှ မရှိပါဘူး။ သူတို့တွေကို ကျနော် မေးကြည့်တဲ့အခါ မြန်မာပြည်ကိုပြန်ဖို့ စဉ်းစားကြလား၊ နောက်ပြီး မြန်မာပြည်နဲ့ မဲဆောက် မှာနဲ့ ဘယ်နေရာကပိုပြီးတော့ကောင်းလဲလို့ မေးကြည့်တဲ့အခါ သူတို့တွေပြောတဲ့စကား ကတော့ မြန်ပြည်မှာဆိုရင် ပိုပြီးတော့ဒုက္ခရောက်ရတယ်ဆိုတဲ့ အကြောင်း အလုပ်အကိုင် ရှားပါးတာကတကြောင်း နောက်ပိတ်ဆုံး သူတိုပြောတဲ့စကားကတော့ ထိုင်းအစိုးရနဲ့ မြန် မာအစိုးရရဲ့ ကွာပာတဲ့ အကြောင်းတရားတွေကို သူတို့က ပြောပြကြပါတယ်။

သူတို့ကနောက်ပြီး မြန်မာအစိုးရသာ ထိုင်းအစိုးရလောက်နီးနီးကောင်းခဲ့ရင် သူတို့အနေနဲ့ အဆင်ပြေမှာပဲလို့ ယုံကြည်နေကြပါတယ်။ သူတို့ပြောတာကတော့ ထိုင်းအစိုးရက ထိုင်း နိုင်ငံ အလုပ်သမားတွေကို လစ်လျူမရှုတဲ့အကြောင်းကိုအခြေခံပြီးတော့ ပြောသွားခဲ့တာ ပါ။ ကျပန်းအလုပ်သမားတွေရဲ့ ခံစားချက်တွေကိုတင်ပြရင်းနဲ့ ဘာကြောင့်ကျနော်တို့ မြန် ပြည်သားရွှေ့ပြောင်းအလုပ်သမားတွေ ဒုက္ခရောက်ရသလဲဆိုတာကိုသိလိုက်ရတဲ့ ကျနော့် အနေနဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ နိုင်ငံကို တည်ဆောက်ဖို့ အမြဲတမ်းပြောနေတဲ့ မြန် မာစစ်အစိုးရကို အလုပ်သမားမပါဘဲ ဘယ်ပုံဘယ်နည်းနဲ့ တည်ဆောက်မလည်းဆိုတာကို မေးကြည့်ရင်းနဲ့ ကျပန်းအလုပ်သမားအကြောင်း တစိတ်တပိုင်းကို တင်ပြလိုက်ပါတယ်။

(ခိုင်မြဲအောင်)

Thursday, October 1, 2009

ရေကြည်ရာ မြက်နုရာ ရှာဖွေသူများနဲ့ မြေစိမ်း

မြန်ပြည်မှာ အလုပ်အကိုင်တွေရှားပါး၊ ကုန်ဈေးနှုန်းတွေမြင့်တက်မှုကြောင့် မိသားစုရဲ့ စား ဝတ်နေရေးပြေလည်ဖို့ရေးကို တွေးတောရင်းနဲ့ ရင်မောနေရတဲ့ ဒုက္ခတွေကို ဖြေရှင်းဖို့ အတွက် မိသားစုကိုခွဲခွာပြီးတော့ ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့သူတွေရှိသလို မိသားစု တခုလုံးနဲ့အတူ ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ သူတွေလည်းရှိပါတယ်။ ဆန္ဒအမျိုးမျိုး အ တွေးအမျိုးမျိုးနဲ့ ဝင်ရောက်တဲ့ အလုပ်သမားတွေ ဘဝတွေပါ။

ထိုင်းနိုင်ငံကို နည်းလမ်း၂ မျိုးနဲ့ ဝင်ရောက်ကြရပါတယ်။ တရားဝင်နည်းလမ်းနဲ့ တရားမ ဝင် နည်းလမ်းရယ်လို့ရှိပါတယ်။ တရားဝင် ဝင်ရောက်လာတဲ့သူတွေကတော့ လူနည်းစု ရယ်ပါ ဘယ်လိုလူတွေက တရားဝင်နည်းလမ်းနဲ့ ဝင်ရောက်သလဲဆိုရင် မြန်မာနိုင်ငံမှာ နည်းနည်းအဆင်ပြေတဲ့သူတွေ ဥပမာပြောရယင် မိသားစုအနေနဲ့ စီးပွားရေးအဆင်မပြေ ပေမယ့် တမိသားစုလုံးရဲ့ စီးပွားရေးအဆင်ပြေစေဖို့ မရှိရှိတာရောင်းပြီး ထိုင်းနိုင်ငံကိုဝင် ရောက် အလုပ်လုပ်ကိုင်စေခြင်းဖြင့်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေဖြင့် လည်းကောင်း၊ စစ်အစိုးရရဲ့သားသမီးများ ပညာတော်သင်ဖို့အတွက်လည်းကောင်း တ ရားဝင်နည်းလမ်းတွေနဲ့ ဝင်ရောက်လာကြပါတယ်။ ကုန်ကျငွေကတော့ ၇သိန်းလောက် ရှိပေမယ့် ရိုးရိုးတနေ့လုပ်တနေ့စားသူတွေအတွက်ကတော့ ငွေ၇သိန်းဆိုတာ ကြားပဲကြား ဘူးတယ်လို့ ပြောတဲ့သူတွေတောင်ရှိပါတယ်။ ဒါကတော့ မြန်ပြည်ကအလုပ်သမားတွေရဲ့ ဆင်းရဲနေမှုကို ပြသနေတာပါပဲ၊၊

တရားမဝင်ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ သူတွေအများစုကတော့ လက်လုပ်လက်စား အလုပ်သမားတွေပါဘဲ၊၊ ဘာကြောင့်လွယ်လွယ်နဲ့ ထိုင်းနိုင်ငံကို ဝင်ရောက်လို့မရသလဲ ဆို ရင်တော့ အကြောင်းအမျိုးမျိုးကြောင့်ပါ၊ အဲဒါတွေကတော့ မြန်ပြည်ကတည်းက ကျေးရွာ တွေမှာဖြစ်စေ မြို့ပြတွေမှာဖြစ်စေ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကို ကူးသန်းသွားလာနေတဲ့ ပွဲစားတွေရဲ့ အပြောကြောင့် ထိုင်းနိုင်ငံကို ရောက်လာတဲ့သူတွေ ရှိကြပါတယ်။ ပွဲစား ကြောင့် ဘဝပျက်ပြီး ဒုက္ခရောက်တဲ့သူတွေကတော့ ဒုနဲ့ဒေးပါ၊

ဘယ်လိုဒုက္ခတွေကို ခံစားရသလဲဆိုရင် ပင်လယ်ငါးဖမ်းစက်လှေမှာ ရောင်းစားခံရခြင်း၊ အမျိုးသမီးတွေဆိုရင် ပြည့်တန်ဆာအဖြစ် ရောင်းစားခံရခြင်း ခြံလုပ်ငန်းတွေမှာ ရောင်း စားခံရခြင်းစတဲ့ ဒုက္ခတွေကတော့ ပွဲစားကြောင့်လို့ပြောနိုင်သလို မြန်မာပြည်ရဲ့ အလုပ်အ ကိုင်ရှားပါးမှုကြောင့်လို့ ဆိုရင်လည်း မမှားပါဘူး။ ဒါကတော့ပွဲစားနောက်လိုက်တဲ့ အလုပ် သမားတွေရဲ့ နောက်ကွယ်ကဖြစ်ရပ်တွေပါ။

ထိုင်းနိုင်ငံကို ဝင်ရောက်အလုပ် လုပ်ကိုင်နိုင်ဖို့အရေးကို မိသားစုရဲ့ မရှိရှိတဲ့ငွေတွေနဲ့အတူ ပွဲစားနဲ့ လိုက်လာတဲ့သူတွေ၊ အိမ်ခြံမြေတွေကိုရောင်းပြီး ထိုင်းနိုင်ငံကို ရောက်လာတဲ့သူ တွေလည်းရှိပါတယ်။ ကိုယ့်ဘာသာ ထိုင်းနိုင်ငံကို တက်လာတဲ့သူတွေ ရှိကြပါတယ်။ သူ တို့တွေကတော့ နယ်စပ်မြို့လေးတွေကို ရောက်ဖို့အရေး မြန်ပြည်ရဲ့ လမ်းခရီးတွေမှာ အ တောင်းအရမ်းထူတဲ့ အကျင့်ပျက်ဝန်ထမ်းတွေရဲ့ လုပ်ရက်တွေကြောင့် မှတ်ပုံတင်ရှိတာ တောင် မှတ်ပုံတင် ပါပါမပါပါ ပေးငွေငါးရာဆိုတဲ့ လုပ်ရပ်တွေကြောင့် အလုပ်သမားတွေ ပာာ မရှိရှိတာကို ပေးလိုက်ရတဲ့အတွက် လမ်းခရီးမှာတင် တော်တော်လေးကို ဒုက္ခရောက် ကျရပါတယ်။

လွတ်လပ်စွာခရီးသွားလာလို့မရသလို တည်းခိုခန်းမှာ တည်းမယ်ဆိုရင်တောင် ဘယ် သွား မလည်းဘာလာလုပ်သလဲဆိုတာ ကိုထပ်ထပ်ခါခါရစ်တဲ့သူတွေ ရှိပါသေးတယ်။ ဒါ ကတော့ သိလျက်နဲ့ ရစ်တာပါ။ သူတို့ကိုယ်တိုင်သိရဲ့သားနဲ့ အတောင်းအရမ်းထူတဲ့ အ ကျင့်ပျက် ဝန်ထမ်းတွေကြောင့်တော်တော်လေးကို အလုပ်သမားတွေအနေနဲ့ ခံကြရပါ တယ်။ ဒါတောင် ထိုင်းနိုင်ငံထဲကို မရောက်သေးပါဘူး။ မဲဆောက်ကိုရောက်ဖို့အရေးကို နောက်ထပ်ကြုံတွေ့ရတဲ့ အဖြစ်တွေရှိပါသေးတယ်။ ဘာတွေလည်းဆိုတော့ မဲဆောက် တဘက်ကမ်းကိုကူးဖို့အတွက် တံတားလက်မှတ်နဲ့ ကူးတဲ့သူတွေရှိသလို စက်လှေတွေနဲ့ ကူးလာတဲ့ သူ တွေလည်းရှိပါတယ်။

မဲဆောက်ကိုစရောက်ပြီဆိုတာနဲ့ တံတားလက်မှတ်နဲ့ ကူးလာတဲ့သူတွေကတော့ ပိုပြီးအ ဆင်ပြေကြပါတယ်။ လှေဂိတ်ကနေကူးလာတဲ့ သူတွေကတော့ လမ်းမှာတင်အဖမ်းခံရပြီး ဒီနေ့ရောက်ပြီး နောက်နေ့ထောင်ကျတဲ့ အဖြစ်တွေတောင်ရှိပါသေးတယ်။ ဒါကတော့ မဲဆောက်မြို့မှာ ဖြစ်ပျက်တဲ့ အကြောင်းအရာတွေပါပဲ ကျန်တဲ့နယ်စပ်မြို့လေးတွေမှာ လည်း ဒီလိုအဖြစ်ပျက်တွေ ရှိနေမယ်ဆိုတာကို ကျနော်ယုံကြည်မိသလို ဒီ့ထက်ပိုတဲ့ ဒုက္ခ တွေလည်းရှိနေအုံးမှာပါ၊၊ နယ်စပ်မြို့လေးတွေမှာ စီးပွားမဖြစ်နိုင်လို့ ထိုင်းနိုင်ငံရဲ့ မြို့တော် ဖြစ်တဲ့ ဘန်ကောက်မြို့ကိုတော့ အလုပ်သမားတိုင်းလိုလို သွားချင်လှတဲ့နေရာတွေပါဘဲ။

အဲဒီကမှတဆင့် မလေးရှားကိုသွားဖို့ ပြင်ဆင်တဲ့သူတွေလည်း ရှိပါတယ်။ ဘန်ကောက် ဆိုတဲ့မြို့ကို ရောက်ဖို့အရေးကို တောလမ်းကားလမ်းတွေနဲ့ သွားကြရပါတယ်။ ငွေကုန် သက်သာလို့ တောလမ်းကသွားတဲ့နေရာမှာ ဒုက္ခရောက်ရပါတယ်။ ဘာကြောင့် ဒုက္ခ ရောက်ရသလဲဆိုရင် လမ်းခရီးရဲ့ ကြမ်းတမ်းမှုကြောင့်လည်းကောင်း တခါတရံ လမ်းမှာကြုံ တွေ့ရတဲ့ တောတွင်းလူဆိုးများကြောင့်လည်းကောင်း ဘဝပျက်ခဲ့ရတဲ့ အမျိုးသမီးတွေရှိသ လို လမ်းမှာ ပုလိပ်ဖမ်းလို့ဖြစ်စေ ပါမိုက်လို့ခေါ်တဲ့ သစ်တောအဖွဲ့ဖမ်းဆီးလို့ဖြစ်စေ အ လုပ်သမားတွေပာာ ထောင်ကျကြပါတယ်။ ကားလမ်းနဲ့သွားတဲ့ သူတွေအတွက်ကတော့ အလုံပိတ်ကားတွေနဲ့ အတူနည်းမျိုးစုံနဲ့ ကားပေါ်မှာတင်ပြီးခေါ်သွားတဲ့ အတွက်ကြောင့် မကြာသေးမှီကဖြစ်ပျက်သွားတဲ့ အလုံပိတ် အအေးခန်းကားပေါ်မှာ လူပေါင်းမြောက်များ စွာ သေကျေကြရတယ်ဆိုတာ ကိုသိရှိကြမှာပါ။

ဒါတွေအားလုံးရဲ့ ဖြစ်ပျက်ချက်တွေကို အခြေခံစဉ်းစားကြမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွား ရေးချွတ်ချုံကျမှုတွေနဲ့အတူ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်ပြည်သား ကျနော်တို့ အလုပ်သမားတွေပာာ ဘယ်လောက်ထိအောင် ဒုက္ခရောက်သလဲ ဆိုတာကို ကျနော်တင် ပြလို့အပြီးမှာ မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံ သဘောတူစာချုပ်အတွက်ကြောင့် အခုဆိုရင် MOU ဆိုတဲ့ လက်မှတ်ကို ပြုလုပ်ခိုင်းနေတဲ့အချိန်မှာ အလုပ်သမားများက ဘာတွေပြောကြသ လဲဆိုတော့ MOU လုပ်ရင်ကော အရင်ကလို သူတို့တွေခံစားနေရတဲ့ ဒုက္ခတွေက ပျောက် သွားမှာလားဆိုတဲ့ မေးခွန်းတွေနဲ့အတူ နောက်လာမယ့် MOU လက်မှတ်ရဲ့ ကောင်းကျိုး ဆိုးကျိုးကို တင်ပြပေးသွားမယ်ဆိုတာကို တင်ပြရင်းနဲ့ အဆုံးသတ်လိုက်ပါရစေ။

Thursday, September 10, 2009

လက်မှတ်မရှိတဲ့ အလုပ်သမားတွေရဲ့ ဒုက္ခ

(မင်းထက်)
မဲဆောက်မြို့မှာတင်မကဘဲ ထိုင်းနိုင်ငံမှာ လုပ် ကိုင်နေထိုင် စားသောက်ကြတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေဟာ လက်မှတ်မရှိလို့ ဘယ်လိုရင်ဆိုင်ရတယ်ဆိုတဲ့ အကြောင်းကို ကျနော် သိသလောက် တင်ပြပေးပါမယ်။


လက်မှတ်လုပ်ခ ဘတ် ၃၈၀၀ ဆိုတဲ့ငွေကြေးက လုပ်အားခအပြည့်ဝရရှိမယ် ဆိုရင်တော့ ကျနော်တို့ အလုပ်သမားတွေအနေနဲ့ အယောက်တိုင်း လက်မှတ်လုပ်နိုင်လိမ့်မယ်လို့ ယုံ ကြည်မိတယ်။ တနေ့ ၈၀ နဲ့ ၁၀၀ ရတဲ့ သူတွေအဖို့တော့ လက်မှတ်လုပ်နိုင်ဖို့ဆိုတာက တော်တော်ခက်ခဲ့ပါတယ်။

ဘာကြောင့်လည်းဆိုတာတော့ နောက်ခံမိသားစုအတွက်သော်လည်းကောင်း ကုန်းဈေး နှုန်းကြီးမြင့်လာမှုကတကြောင်း အလုပ်ပုံမှန်မရှိတာကတကြောင်း လက်မှတ်အသစ် မပြု လုပ်နိုင်ခြင်းကို အလုပ်သမားတွေ ကြုံကြရပါတယ်။ ဒါကတော့ အလုပ်သမားတွေ လက် မှတ် မပြုလုပ်အကြောင်းတရားတွေပါ။

လက်မှတ်မရှိလို့ ဘယ်လောက် ဒုက္ခရောက်ရသလဲ ဆိုရင်တော့ အလုပ်ထဲမှာဖြစ်စေ အ လုပ်ပြင်ပမှာဖြစ်စေ မိမိရဲ့နေအိမ်မှာဖြစ်စေ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို လက် မှတ်မရှိတဲ့ အလုပ်သမားတွေပာာ နေ့ရက်စဉ်တိုင်း ခံကြရပါတယ်။

လက်မှတ်မရှိလို့ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေကို လေ့လာပြီး ကျနော်မေး ကြည့်တော့ အလုပ်သမားတွေကပြောပြတဲ့ အကြောင်းတွေကတော့ စီမံချက်မပာုတ်ဘဲဖမ်းရင် နှစ် ထပ်ချုပ်ကနေ ပြန်ရွေးထုတ်လို့ရတယ်တဲ့ ရွေးထုတ်လို့ပေးရတဲ့ ငွေကြေးကတော့ ဘတ် ၅၀၀ နဲ့ ၁၀၀၀ ကြားပေးရတယ်လို့ ပြောပြပါတယ်။ မရွေးထုတ်နိုင်ရင်တော့ မြန်မာပြည် ဘက်ကမ်းကို ပြန်ပို့ ကြတယ်လို့ ပြောကြပါတယ်။

ပြန်ပို့ခံရတဲ့သူတွေကတော့ ပိုက်ဆံပါတဲ့ သူတွေကတော့ ထိုင်းဘက်ကမ်းကို အလွယ်တ ကူ ပြန်ကူးလို့ရပေမယ့် ပိုက်ဆံမပါတဲ့ သူတွေကတော့ အရင်ကဆို နေပူထဲထိုင်ခိုင်းပါ တယ် နောက်ပိတ်ဆုံး မရတဲ့အဆုံးမှာတော့ ပြန်လွှတ်ပေးပါတယ်။ အဲဒီတုန်းကတော့ ၂၀ ဘတ်ပဲ ပေးရတာပေါ့ အခုတော့ မရတော့ပါဘူးတဲ့။

ဘာကြောင့်လည်းဆိုတော့ ယခု လမှာပဲ ပြောင်းချိုးဖို့သွားရင်း ပုလိပ်မိလို့ နှစ်ထပ်ချုပ်မှာ သွားရွေးဖို့မမီတော့ဘဲ မြန်မာပြည် ဘက်ကမ်းကို ပြန်ပို့ခံရတဲ့ အခါ တနေ့မှ ၈၀ ဘတ် ရတဲ့သူတို့တွေကို မြန်မာပြည်ဘက်ကမ်းက နအဖနဲ့ အကျိုးတူပူးပေါင်း ငွေရှာတဲ့အဖွဲ့က သူတို့တွေဆီက တယောက်ကို ဘတ် ၁၀၀၀ နှုန်းနဲ့ရွေးမယ် နောက်ပြီး လူလာမရွေးခင် မှာကြားမှာ သူတို့ထမင်း ကြွေးရတဲ့အတွက် ထမင်းစရိတ်တရက်ကို ၅၀ ဘတ် ပေးရမယ် လို့ ဖမ်းဆီးခံရတဲ့ လူတွေကတဆင့် လာရွေးထုတ်မယ့် သူဆီကို ဖုန်းနဲ့အဆက်အသွယ် လုပ်ခိုင်းတယ်လို့ အဖမ်းခံပြီးပြန်လွတ်လာတဲ့ အလုပ်သမားတယောက်ရဲ့ ပြောပြခြင်းဖြစ် ပါတယ်။

နောက်ထပ်အလုပ်သမားရဲ့ အတွေ့အကြုံကတော့ တကယ်လို့ အဖမ်းခံရတဲ့ သူတွေကို လာမရွေးဘူးဆိုရင် ပေါ်တာထဲ ထည့်မယ်လို့လည်း ခြိမ်းခြောက် ပြောဆိုကြပါတယ်။ ထိုအလုပ်သမားတွေရဲ့ဘဝပာာ ထိုင်းအာဏာပိုင်တွေကိုပဲ ကြောက်ရမလား မြန်မာပြည် ဘက်က နအဖအကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့တွေကိုပဲ ကြောက်ရမလား ဆို တာကို အဖြေရှာနေဆဲပဲ လို့ ပြောပြပါတယ်။

ဒါကတော့ လက်မှတ်မရှိခြင်းရဲ့နောက်ကွယ်က နအဖနဲ့အတူ အကျိုးတူပူးပေါင်းဆောင် ရွက်နေတဲ့ သူတွေရဲ့ နှိပ်ကွပ်မှုတွေပါဘဲ။ ဒါနဲ့ဘဲမပြီးဆုံးသေးပါဘူး လက်မှတ်မရှိသူတွေ ရဲ့ ဘဝပာာနောက်ထပ် အဖြစ်ပျက်တွေလည်းရှိ ပါသေးတယ်။ လက်မှတ်မရှိဘဲ အပြင် ကိုထွက်မယ့် အလုပ်သမားတိုင်းပာာ အပြင်ထွက်လည်ရင် အိတ်ကပ်ထဲမှာ ဘတ် ၁၀၀ ကိုဆောင်ထားကြရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပုလိပ်ဖမ်းရင်ပေးဖို့ပါလို့ လက်မှတ် မရှိတဲ့ အလုပ်သမားတယောက်က ပြောပြတာပါ။

နောက်ပြီးတော့ လမ်းခရီးသွားတဲ့အခါမှာ ကားနဲ့သွားရင် ဘတ် ၁၀၀ ရပေမယ့် ဆိုင် ကယ်နဲ့ သွားရင်တော့ ဘတ် ၁၀၀ မရဘူးလို့လည်း ပြောဆိုကြပါတယ်။ အနည်းဆုံးဘတ် ၃၀၀ နဲ့ ၅၀၀ ပေးရတယ်လို့ ပြောကြပါတယ်။ ဒါကတော့ အပြင်ကိုသွားလာတဲ့အခါ အ လုပ်သမားတွေရဲ့ အခက်အခဲတွေပါ။

မဲဆောက်မြို့နဲ့ဝေးကွာတဲ့ နေရာတွေကနေလာမယ် ဆိုရင်တော့ ဒီ့ထက်ပိုမို ကုန်ကျပါ တယ်။ စီမံချက်ရှိလို့ ထိုင်းအာဏာပိုင်တွေ ဖမ်းပြီဆိုရင်တော့ ဒီ့ထက်ဆိုးပါတယ် နေအိမ် တွေ အလုပ်လုပ်တဲ့လုပ်ငန်းခွင်တွေရော ဈေးထဲမှာပါမကျန် ဖမ်းဆီးပါတယ်။ မနက်ပိုင်းနဲ့ ညနေပိုင်းမှာ ပိုမိုဖမ်းဆီးတဲ့အတွက် အလုပ်သမားတွေပာာ မိုးလင်းခါနီးထိ မအိပ်ဘဲ ပု လိပ်ဖမ်းမဲ့အချိန်ကို ထွက်ပြေးဖို့ ကြိုတင်စောင့်ဆိုင်းနေကြတဲ့ အဖြစ်တွေလည်း ရှိပါ တယ်။

ဝင်ဖမ်းလို့ ဖမ်းဆီးခံရတဲ့ သူတွေရှိသလို ထွက်ပြေး လွတ်မြောက်သွားတဲ့ သူတွေလည်း ရှိပါတယ်။ ဖမ်းဆီးခံရတဲ့ သူတွေထဲမှာ တချို့ဆိုရင် ကိုယ်ဝန် ဆောင်မိခင်တွေပါသလို ကလေးအမေတွေလည်း ပါကြပါတယ်။ ဖမ်းဆီးခံရတဲ့ သူတွေထဲမှာ ပြန်ရွေးထုတ်လို့ရတဲ့ သူတွေလည်း ရှိကြပါတယ်။ ဒါကတော့ အလုပ်ရှင်တွေရဲ့အပေါ်မှာ မူတည်ပါတယ်။

ရွေးထုတ်လို့မရတဲ့ သူတွေကတော့ ထောင်ကျကြပါတယ်။ ထောင်ကျသွားတဲ့ အလုပ်မား တယောက်ပြောပြတာက သူထောင်ထဲကိုမရောက်ခင် စာရွက်တွေပေးပါတယ်တဲ့ ဘာ တွေရေးထားလည်းဆိုတော့ လက်မှတ်မရှိဘဲ အလုပ်ခွင်မှာ သူတို့တွေကို မိတယ်ဆိုပြီး ရေးထားတာပါတယ် သူကဘာ ပြောလည်းဆိုတော့ သူ့ကိုနေအိမ်မှာ မိတယ်ဆိုတဲ့ အ ကြောင်း ပြန်ပြီးပြောပြပါတယ်။ ဒါကတော့ ထိုင်းပုလိပ်တွေရဲ့ အကြောင်းပါ။

နောက်ပြီး သူပြောတဲ့ အဆိုးဆုံးကတော့ ထောင်ထဲဝင်ဝင်ချင်း ဖင်နှိုက်ခံရတဲ့ အကြောင်း ပါ။ ထောင်ထဲဘာအမှုနဲ့ဝင်ဝင် ထောင်မှာရှိတဲ့ ထောင်ဝါဒါတွေက ဖင်နှိုက်ကြပါတယ်။ မိန်းကလေးတွေဆိုရင်တော့ ဆံပင်ကိုဖြတ်တောက်ပြစ်ပါ တယ်။

ထမင်းစားတာတောင် စိတ်အေးလက်အေးမစားရတဲ့ အခြေအနေကို အလုပ်သမားတဦး ပြောပြတာက အလုပ်ကနေ ထမင်းစားဖို့ သူပြန်လာပြီး အိမ်မှာ ထမင်းစားနေတဲ့အချိန်မှာ ပုလိပ်ဝင်ဖမ်းလို့ စားလက်စထမင်းပန်းကန် ကိုပြစ်ပြီးပြေးရတဲ့ ဘဝကိုသူမမေ့သလို တချို့ ပြေးလို့ ပုလိပ်မိသွားရင် အရိုက်ခံရတဲ့ အဖြစ်ပျက်တွေကိုလည်း သူမေ့လို့မရဘူး လို့ဆို ပါတယ်။

လက်မှတ်မရှိတဲ့ အခုလို ဒုက္ခတွေကို ခံနေရတဲ့အထဲ mou ဆိုတဲ့ နှစ်နိုင်ငံ သဘောတူ စာချုပ်ကြောင့် လက်မှတ်မလုပ်နိုင်တဲ့ အလုပ်သမားတွေကတော့ ဒီလိုပြောကြပါတယ်။ လက်မှတ်တောင်မလုပ်နိုင်တာ mou ဆိုတဲ့ လက်မှတ်ကို သူတို့ကဘယ်လို လုပ်နိုင်မှာ လည်းတဲ့ နောက်ပြီး မြန်မာပြည် မှတ်ပုံတင်မရှိယင် မလုပ်ပေးဘူးလို့လည်း သူတို့တွေ ကြားတော့ တချို့ပြောတာက သူတို့ရုပ်ပုံတွေက မြန်မာပြည်သားနဲ့ မတူလို့လားဆိုပြီး ပြောကြပါသေးတယ်။

ဒါကတော့ နောက်လာမယ့် mou မလုပ်နိုင်မယ့် အလုပ်သမားတွေရဲ့ အကြောင်းကို နောက်တခါဖော်ပြပေးမှာဖြစ်ပြီး လက်မှတ်မလုပ်နိုင်တဲ့ သူတွေရဲ့ ဒုက္ခကို ကျနော်သိသ လောက် ဝေမျှပေးလိုက်ပါတယ်။

Wednesday, September 9, 2009

မယ်တောင်မိုင်ရွာက ဈေးသည်

မဲဆောက်မြို့အနီး မယ်တောင်မိုင်ရွာကလေး မှာ မြန်မာပြည်သား စက်ရုံအလုပ်သမားတွေ ကို အားကိုယ်းပြီး ဈေးရောင်းစားနေရတဲ့ မြန် မာပြည်သား ပျံကျဈေးသည်တွေအား ၂၀၀၉ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ကစပြီး လုံးဝဈေး ရောင်းခွင့် မပြုတော့ဘူးလို့ ကျေးရွာ သူကြီးရဲ့ အမိန့်ပေးတားဆီးခြင်းကို ခံလိုက်ရပါတယ်။

မြန်မာပျံကျဈေးသည် အများစုဟာ အတိုးပေးပြီး ချေးထားတဲ့ငွေနဲ့ တဆင့်ခံဝယ်ရောင်း သူတွေ၊ အသီးအရွက်တွေကို ရှာဖွေခူးဆွတ်ရောင်းရင်း မိသားစု ဝမ်းစာပြည့်အောင် ကျောင်းနေအရွယ် ကလေးပါမကျန် ရှာဖွေစားသောက်နေထိုင်ကြရတာကို နေ့စဉ်မြင်တွေ့ နေကြရတဲ့ ဘဝတူမြန်မာပြည်သား အလုပ်သမားတွေရဲ့ ဝယ်ယူအားပေးမှုကို ရရှိနေတဲ့ ပျံကျဈေးသည်တွေဟာ တစ်ရက်ကို (၅၀) ဘတ်အခွန်ဆောင်ပြီး ဈေးရောင်းစားနေကြ သူတွေပါ။

ဘာသာစကားအခက်အခဲမရှိခြင်း ဈေးသက်သာခြင်း ဘဝတူချင်းစာနာမှုတို့ကြောင့် မြန်မာ အလုပ်သမားတွေရဲ့ ဝယ်ယူအားပေးမှုကို အများဆုံးရရှိကြတဲ့ မြန်မာပျံကျဈေးသည်တွေ ကို မကျေနပ်တဲ့ ထိုင်းဈေးသည်တွေက ရွာသူကြီးအပေါ် တိုက်တွန်းဖိအားပေးမှုကြောင့် မြန်မာဈေးသည်တွေဟာ အခုဆိုရင် ဘဝရပ်တည်မှုတခုအတွက် ဘယ်လိုအခက် အခဲ တွေဖြစ်နေမယ်ဆိုတာ စာဖတ်သူအနေနဲ့ တွေးကြည့်ရင် ပြေးကြည့်တာထက် ပိုမြင်နိုင် မှာပါ။

ဒီလိုဖြစ်နေတာတွေဟာ ဗမာအစိုးရရဲ့ အုပ်ချုပ်ရေးစနစ်ကြောင့်လား ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျှက်ရှိတဲ့ ထိုင်းနိုင်ငံသားတွေရဲ့ လူမျိုးရေးခွဲခြားခြင်းကြောင့်လား ဒါမှမဟုတ် လူ သားခြင်း မစာနာမှုတွေလား နောက်ထပ်ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်ဖြစ်နေအုံးမှာလား ထိုင်း နိုင်ငံတဝန်းလုံးမှာ ဒီလိုဖြစ်ရပ်မျိုးတွေ ဘယ်နှစ်ကြိမ်လောက်ဖြစ်ခဲ့ပြီးပြီလဲ ဘယ်လောက် ထိအောင် ထပ်ဖြစ်နေအုံးမှာလဲ ..

“ဒါ တို့ပြည် ဒါ တို့မြေ တို့ပိုင်တဲ့မြေ ”
ငယ်ငယ်က ကျောင်းမှာ သီဆိုနေကျ ကမ္ဘာမကြေသီချင်းထဲ သီချင်းစာသား အပိုင်းအစ တချို့က စိတ်ထဲပေါ်လာတယ်။ ကိုယ့်တိုင်းပြည်ရဲ့ မြေပေါ်မှာ ကိုယ်ရှိမနေတာ၊ ကိုယ့်မြေ ပေါ်မှာ ရှင်သန်ခွင့်တွေမရကြတာ၊ ကိုယ့်မြေပေါ်မှာ ကိုယ်ပိုင်ဘ၀တွေ ထွန်ယက်စိုက်ပျိုးခွင့် တွေနဲ့ ဝေးခဲ့တာတွေ၊ ပိုင်းရှင် မရှိဖြစ်နေခဲ့ရတဲ့ ဘ၀တွေ … ဘ၀တွေ … ဘ၀တွေ

မာန်(ခွန်အားသစ်)

Monday, September 7, 2009

သိုးမွှေးဆွဲကြစို့

(မင်းထက်)
မဲဆောက်မြို့ပေါ်နဲ့ တောရွာမှာရှိတဲ့ လုပ်ငန်း တွေကတော့ တောင်ယာစိုက်ပျိုးခြင်း လုပ် ငန်း ဆောက်လုပ်ရေးလုပ်ငန်း စက်ရုံအလုပ် ရုံလုပ်ငန်း စသည်တို့နဲ့အတူ အခြားလုပ်ငန်း များ ရှိပါတယ်။ ဒီထဲကမှ စက်ရုံလုပ်ငန်း အ ကြောင်းကို ကျနော် နည်းနည်းမျှဝေ ပေးလိုက် ပါတယ်။

စက်ရုံဆိုတဲ့ လုပ်ငန်းမှာမှ စက်ချုပ်စက်ဆွဲခြင်းအလုပ်ကတော့ စက်ရုံမှာ လာရောက်အ လုပ်လုပ်တဲ့ သူတွေထဲမှာ မြန်မာပြည်ကတည်းက စက်ချုပ်စက်ဆွဲလုပ်ငန်းတွေကို တတ် လာတဲ့သူ တွေရှိကြသလို မတတ်ဘဲ မဲဆောက်ရောက်မှ စက်ချုပ်စက်ဆွဲ လုပ်ငန်းတွေကို လုပ်ချင်တဲ့သူတွေကတော့ အရင်ဦးဆုံး စက်ချုပ်စက်ဆွဲခြင်းကို သင်ရပါတယ်။ သင်တဲ့ နေရာတွေမှာလည်း စက်ရုံတွေထဲမှာလည်းသင်သလို အပြင်စက်ချုပ် စက်ဆွဲသင် တန်း တွေဖွင့်ထားတဲ့ နေရာတွေမှာလည်း သင်ကြရပါတယ်။ ဘယ်မှာဘဲသင်သင် အနည်းဆုံး သင်ခအနေနဲ့ အလုပ်သမားတွေပာာ ဘတ် လေးငါးရာ ပေးကြရပါတယ်။

မတတ်နိုင်တဲ့သူတွေကတော့ စက်ရုံထဲဝင်ချင်ရင် စက်ရုံရဲ့ပွဲစားလို့ခေါ်မလား အကျိုး ဆောင်လို့ခေါ်မလား သူတို့တွေကိုဝင်ကြေးပေးပြီး စက်ရုံကို ဝင်ရောက်အလုပ်လုပ်ကိုင် ကြရပါတယ်။ ဒီနည်းတွေနဲ့တင်မကပါဘူး မြန်မာပြည်ရဲ့ ပွဲစားတွေအဆက်သွယ်နဲ့ စက်ရုံ ထဲရောက်လာကြတဲ့ သူတွေလည်းရှိသလို စက်ရုံရဲ့ ဆိုင်းဘုတ်ကြော်ငြာစာတွေကြောင့် စက်ရုံထဲရောက်လာတဲ့ သူတွေလည်းရှိပါတယ်။

စက်ရုံတရုံမှာ အလုပ်ရဖို့ဆိုတာကတော့ မလွယ်ကူလှသလို စက်ရုံမှာ အလုပ်လုပ်ရတဲ့ သူ တွေရဲ့ ဘဝပာာလည်း မလွယ်ကူပါဘူး။ ဘာကြောင့်လည်းဆိုတော့ စက်ဆွဲစက်ချုပ် တတ်တဲ့သူတွေနဲ့အတူ မတတ်တဲ့သူတွေတော့ အထည်စစ်တာတို့ အမွေးညှပ်တာတို့ ပါကင်ထုတ်တာတို့စတဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေရတဲ့သူတွေကတော့ စက် ချုပ်စက်ဆွဲတတ်တဲ့သူတွေထက် ဝင်ငွေအရနဲပါတယ်။

သူတို့ရတဲ့ နေ့စားခကတော့ ဘတ် ၅၀ မှ ၇၀ ကြား ရကြပါတယ်။ အိုတီကြေးနဲ့မှာ တနေ့ ကိုဘတ် ၈၀ နဲ့ ၁၀၀ ကြား ရရှိကြပါတယ်။ စက်ချုပ်စက်ဆွဲသမား တွေကတော့ နေ့စား မပာုတ်ဘဲ ဒါဇင်စားဖြစ်ကြပါတယ်။ ဒါပေမယ့် သူတို့တွေကတော့ မိမိတို့လုပ်နေရတဲ့ ဒါဇင်အပေါ်မှာ ဘယ်လောက်ရမလဲ ဆိုတာကိုတော့ အလုပ်ရှင်တွေက ဒါဇင်သိမ်းခါနီး ဒါမှမဟုတ် လုပ်ခလစာ ထုတ်ခါနီးအချိန်ကြမှ ထုတ်ဖော်ပြောပြ ကြပါတယ်။

တချို့အလုပ်ရှင်တွေကတော့ ဒါဇင်ဈေးကို ကြိုတင်ပြီးပြောပြ ကြပါတယ်။ ဒါပေမဲ့ ဒါဇင် ဈေးကိုတော့ အလုပ်သမားတွေအနေနဲ့ တန်ရာတန်ကျေးကိုမရကြလို့ ဆန္ဒပြတဲ့ ဖြစ်ရပ် တွေလည်း မဲဆောက်စက်ရုံတွေမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ နောက်ပြီးတော့ လုပ်ခလစာ ပုံ မှန်မထုတ်ပေးခြင်း ပြဿနာတွေကိုလည်း စက်ရုံအလုပ်သမားတွေ အနေနဲ့ ခံကြရပါ တယ်။ ဒိထက်ဆိုးတာကတော့ တချို့စက်ရုံမှာ အလုပ်သမား စစ်ဆေးရေးအဖွဲ့တွေ စက်ရုံ ကိုဝင်ရောက်စစ်ဆေးတဲ့အခါမှာ အလုပ်ရှင်တွေက တရားဝင်သတ်မှတ်ထားတဲ့ လုပ်ခကို ရရှိကြောင်း လက်မှတ်ထိုးခိုင်းပါတယ်။

အဲလို လက်မှတ်ထိုးခိုင်းတဲ့အခါမှာ အလုပ်သမားတွေကို အလုပ်ရှင်တွေက လက်မှတ်မ ထိုးပေးတဲ့သူတွေကိုအလုပ်မှ ထုတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကိုလည်း စက်ရုံ အ လုပ်သမားတွေအနေနဲ့ ခံစားရပါတယ်။ စက်ရုံမှာလုပ်တဲ့ အလုပ်သမားတွေရဲ့ ဒုက္ခက ဒီ လောက်နဲ့ ပြီးမသွားပါဘူး။ နေထိုင်စားသောက်ရတဲ့ ဘဝတွေကလည်း အမျိုးမျိုးပါ၊ ကျဉ်း ကြပ်လှတဲ့ အခန်းငယ်လေးတွေထဲမှာ နေထိုင်ရတဲ့ သူတို့ဘဝတွေက မိုးတွင်းကာလမှာ တုတ်ကွေးဖျားကြတာကတော့ စက်ရုံတရုံလုံးလိုလိုဖြစ်တတ်ကြပါတယ်။

လူပျိုလူလွတ်တွေအတွက် အခန်းတွေက အိပ်ရတာ အထပ်ထပ်ကြပ်ညပ်သတ်နေသလို အိမ်ထောင်သည်တွေအတွက်ကတော့ အလွန်ကိုကျဉ်းမြောင်းလှပါတယ်။ နောက်ပြီး တော့ စက်ရုံလုပ်ငန်းတွေက အမြဲတမ်း မကောင်းတဲ့အတွက် ကြောင့်အလုပ်ရှိတဲ့အချိန်မှာ ကြိုးစားလုပ်ကိုင်ကြတဲ့ အလုပ်သမားတွေထဲမှာ အလုပ်ရဲ့ပင်ပန်းဆင်းရဲခံရမှုကြောင့် တချို့အလုပ်သမားတွေပာာ နာမကျန်းဖြစ်ပြီး ဆေးပေးခန်းတွေကို သွားရောက် ကုသကြ ရတဲ့ အခြေနေတွေတောင် ရှိကြပါတယ်။ စားရတဲ့ ထမင်းကတော့ အလယ်အလတ် ရှိသလို တချို့စက်ရုံတွေကတော့ တော်တော်ကိုဆိုးလှပါတယ်။

သောက်ရေချိုးရေကလည်း ဒီလိုပါဘဲ ကောင်းတဲ့စက်ရုံတွေကောင်းသလို မကောင်းတဲ့ စက်ရုံတွေလည်း ရှိပါတယ်။ နောက်ထပ်ဆိုးဝါးတဲ့ ပြဿနာကတော့ အလုပ်ရှင်နောက် လိုက် အလုပ်သမားခေါင်းဆောင်တွေနဲ့ အလုပ်သမားတွေကြားမှာ ပြဿနာတွေ ဖြစ်ကြ ပါတယ်။ အလုပ်ရှင်ကနည်းနည်းပြောရင် ပိုပြောတတ်တဲ့ အလုပ်သမားခေါင်းဆောင်တွေ ရှိသလို စက်ရုံအလုပ်သမားတွေဘက်ကနေ နေပေးတဲ့ကောင်းမွန်တဲ့ အလုပ်သမားခေါင်း ဆောင်တွေလည်းရှိကြပါတယ်။

ဒါပေမဲ့ စက်ရုံမှာ ကြာကြာ မနေကြရပါဘူး။ အဲဒါကတော့ အလုပ်ရှင်တွေရဲ့ ဖိနှိပ်မှု ကြောင့်ပါဘဲ။ နောက်ပြီးစက်ရုံမှာ ဆန္ဒပြကြတဲ့ အလုပ်သမားခေါင်းဆောင်တွေကို အလုပ် ရှင်က လိုက်လံနှောက်ယှက်တာတို့နဲ့အတူ နောက်ထပ်စက်ရုံတွေမဝင်နိုင်အောင် ဓာတ်ပုံ တွေကိုလုပ်ငန်းရှင်တွေဆီလိုက်ပေးပြီး အလုပ်လုပ်မရအောင် အလုပ်သမားတချို့ကို အ လုပ်ရှင်တွေက ဒုက္ခပေးတတ်ကြပါသေးတယ်။

ဒီနှစ်ထဲမှာဆိုရင် ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် စက်ရုံအလုပ်သမားတွေပာာ စီးပွား ရေး ပိုမိုကြပ်တည်း ကြရပါတယ်။ ဒါကြောင့် အလုပ်သမားတွေပာာ မိမိတို့ကို မှီခိုစား သောက်နေရတဲ့ နောက်ခံမိသားစုတွေရဲ့ ဘဝပာာဘယ်ပုံဘယ်နည်းရှိမလဲ ဆိုတာကို တော့ ကျနော်တို့ သိနိုင်တဲ့အကြောင်းတွေရှိသလို မသိနိုင်တဲ့အကြောင်းတွေလည်း ရှိ မယ်ဆိုတာကိုတော့ မြန်မာနိုင်ငံသား စက်ရုံအလုပ်သမားတွေရဲ့ ရင်ထဲမှာ ဘယ်လိုခံစား ကြရမလည်းဆိုတာကို ကျနော် သိသလောက်ကို တင်ပြပေးလိုက်ပါတယ်။

မင်းထက်

Saturday, September 5, 2009

တောင်ယာထဲမှာ

(မင်းထက်)
မဲဆောက်မြို့နဲ့ အလှမ်းကွာဝေးတဲ့ နေရာလေး တွေမှာရှိတဲ့ တောင်ယာလုပ်ငန်းတွေမှာ အ လုပ်သမားဘ၀နဲ့ အသက်မွေးဝမ်းကျောင်းနေ တဲ့ ကျနော်တို့ မြန်မာပြည်သားအများစုရဲ့ အ ကြောင်းကို ကျနော် ခံစားမိလောက်ကို ကူး စက်ခံစားစေလိုတဲ့ ဆန္ဒတခုနဲ့ပါ။


ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ်ဆိုပြီး တက်လာတဲ့ မြန်မာတွေထဲမှာ တောင်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုလုပ်ရမယ်ဆိုတာကို မထင်ထားတဲ့ လူတွေရှိသလို ကျွမ်းကျင် တဲ့ တောင်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်ဖို့တက်လာတဲ့ သူတွေလည်းရှိပါ တယ်။ တောတောင်ရေမြေရဲ့ သဘောတရားကို နားမလည်တဲ့ သူတွေရှိသလို တော တောင်ရေမြေ အကြောင်းနားလည်တဲ့ သူတွေလည်းရှိပါတယ်။

သူတို့တွေထဲမှာ ဘာမှမသိရဘဲ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေလည်း တောင်ယာလုပ်ငန်းတွေမှာ မိဘကိုဝင်ရောက်ကူပြီး တဘက်တလမ်းကနေ ၀ိုင်းဝန်းပြီး စီး ပွားကူရှာပေးကြရပါတယ်။ တောင်ယာလုပ်ငန်းတွေဖြစ်တဲ့ အလုပ်တွေကတော့ ကြံ လွှေ့ ပြောင်း ပဲ စပါး ပန်း စတဲ့ လုပ်ငန်းတွေပဲဖြစ်ပါတယ်။ ကြည့်ရင်တော့ စိုက်ပျိုးရေးဆိုတာ အသက်အန္တရာယ်မရှိဘူးလို့ ထင်ရပေမဲ့ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ တချို့အလုပ်တွေဟာ ကျန်းမာရေးထိခိုက်တာတွေ နောက်ဆုံး အသက်အန္တရယ် ဖြစ်နိုင်တာတွေတောင် ရှိပါ တယ်။

ဘာတွေလည်းဆိုတော့ ကျနော်တို့ စိုက်ပျိုးရေးလုပ်တဲ့အခါ ဆေးဖြန်းရတဲ့ အလုပ်တွေ လည်း လုပ်ကြရပါတယ်။ ဒီလိုအလုပ်မျိုးကိုဘေးက ကြည့်ရင် လွယ်ပေမဲ့ တကယ်ဆေး ဖြန်းတဲ့အခါ အလုပ်ရှင်က တနေ့ကို ဘယ်လောက် ပြီးရမယ်လို့ ခိုင်းစေတဲ့အခါမှာဆိုရင် အလုပ်သမားတွေအနေနဲ့ အလုပ်ကို အမြန်လုပ်ရတဲ့အတွက် ဓာတုဆေးဝါးတွေ ပိုးသတ် ဆေးတွေရဲ့ဆိုးကျိုးတွေကို ဂရုစိုက်မနေတော့ဘဲ လုပ်ကြရတယ်။ နောက်ဆုံးတော့ ဓာတု ဆေးတွေ ပိုးသတ်ဆေးတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားနေရတဲ့ အလုပ် သမားတွေလည်း တောင်ယာဒေသတွေမှာရှိနေပါတယ်။

နောက်ပြီး တောင်ယာတွေမှာ နေထိုင်ကြတဲ့ အလုပ်သမားတွေပာာ နေမကောင်းမကျန်း မာတဲ့အခါ ဆေးမြီးတိုတွေနဲ့သာ ကုသကြရတယ်။ အကြောင်းက နေရာဒေသတွေက ဝေး လန်လွန်းတာ တကြောင်း၊ အလုပ်သမားလက်မှတ် မရှိတာက တကြောင်း စတဲ့ ပြသနာ တွေက မဲဆောက်မှာဆေးလာကုသဖို့ ခက်ခဲတယ်။

တနေ့လုပ်တနေ့စား သူတို့ဘ၀တွေရဲ့ အခက်အခဲတခုဖြစ်တဲ့ ဘာသာစကား အခက်အခဲ ကြောင့် အလုပ်ရှင်ရဲ့ ခေါင်းပုံဖြတ်တာတွေကို တောင်ယာအလုပ်သမားတွေကိုယ်တိုင် ခံစားနေကြရပါတယ်။ အဲဒီလို အလုပ်ရှင်ရဲ့ လုပ်ခခေါင်းပုံဖြတ်မှုတွေနဲ့အတူ နောက်ထပ်ခံ စားနေရတဲ့ ပြသနာကတော့ အလုပ်ရှင်စေခိုင်းလို့ တောင်ယာခုတ်တဲ့ အလုပ်သမားတွေ ပာာ ထိုင်းသစ်တောအဖွဲ့က ဖမ်းဆီးခြင်းကို ခံရပြီးထောင်ကျတဲ့ အလုပ်သမား တွေလည်း ရှိပါတယ်။

နောက်ပြီး သူတို့နေထိုင်ရတဲ့ တောင်ယာဒေသတွေမှာဆိုရင် အနီးနားမှာရှိတဲ့ ထိုင်း တောင်ယာတဲတွေကိုလည်း ကြောက်ရပါတယ် မနက်မိုးလင်းတာနဲ့ အလုပ်ဆင်း ညနေဆို အလုပ်သိမ်းပြီး စောစောအိပ်ရာဝင်ရတဲ့ သူတို့ဘ၀တွေပာာ ပတ်ဝန်းကျင်ရဲ့ အဖြစ်ပျက် တွေကို ဘာမှမသိတောဘဲ လောကကြီးနဲ့ အဆက်သွယ်ပြတ်နေကြရတဲ့ တောင်ယာအ လုပ်သမားတွေလည်း ရှိပါတယ်။

တခါတရံ ထိုင်းစစ်တပ်ရဲ့ ဖမ်းဆီးမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်း ရှောင်ရပါတယ်။ တခါတလေမှာရွာတွေကို မီးရှို့ဖျက်ဆီးခြင်းခံရပါတယ်။ ဒီလိုပြစ်ရပ်တွေရဲ့ နောက်ကွယ် မှာ တောင်ယာအလုပ်သမားတွေရဲ့ ဘ၀ပာာ အားကိုးစရာကို လိုက်ရှာနေယင်းနဲ့ နေရာ သစ်တခုကို အမြန်ဆုံးရှာကြရပါတယ်။

မဲဆောက်ကို ကျန်းမာရေးကိစ္စနဲ့ဖြစ်စေ တခြားကိစ္စတခုခုနဲ့ သွားမယ်ဆိုရင် တောင်ယာအ လုပ်သမားတွေအတွက် မလွယ်တဲ့ ကိစ္စပါ။ ဘာဖြစ်လဲဆိုတော့ မဲဆောက် တခေါက် ရောက်ဖို့အရေးကို သူတို့တွေမှာ တော်တော်လေးကို ငွေစု ရပါတယ်။ လက်မှတ်မရှိတဲ့ အခက်ခဲကြောင့် ပုလိပ်ကိုပေးရတဲ့ ငွေကတော့ မဲဆောက်သွားတဲ့ ခရီးစရိတ်ထက် ပိုပါ တယ်။ မဲဆောက်အသွား အပြန်ဆိုရင် သူတို့တွေလက်ထဲမှာ ဘတ်ငါးရာနဲ့ တထောင် လောက်ရှိနေမှပါ။ ထိုင်း ပုလိပ်ကိုပေးဖို့လေ။

တနေ့လုပ်မှ ရှစ်ဆယ်နဲ့ တစ်ရာရတဲ့ အလုပ်သမားတွေအနေနဲ့ မဲဆောက် လာဖို့ဆိုတာ ဘယ်လောက် ခက်ခဲတယ်ဆိုတာကို တောင်ယာသမားတွေ ကိုယ်တိုင် ဒီဒုက္ခကို ယနေ့ ထိတိုင် ခံစားနေရပါတယ်။တချို့ဆိုရင် မဲဆောက်မြို့ကို အလည်လာဖို့အရေးကို လမ်း လျောက်ပြီးတော့ လာကြရပါတယ်။

သူတို့တွေရဲ့ အဖြစ်ပျက်တွေက ဒါနဲ့တင် မပြီးသေးပါဘူး။ တောင်ယာဒေသမှာ မိသား စုလိုက် နေထိုင်ကြသလို မိသားစုမရှိတဲ့ သူတွေကတော့ ပိုမိုအခက်ခဲတွေ ရှိပါတယ်။ ဘာ ကြောင့်လည်းဆိုတော့ သူတို့နေထိုင်မကောင်းဖြစ် တဲ့အခါမှာဆိုရင် ပိုပြီးအခက်ခဲ ရှိကြပါ တယ်။ တချို့ဆိုရင် တောင်ယာတဲမှာပဲ သေဆုံးသွားတဲ့ အဖြစ်ပျက်တွေလည်း ရှိပါတယ်။ ကျနော်တို့ မြင်နေကြားနေရတဲ့ ဒုက္ခပင်လယ်ဝေနေတဲ့ ဘ၀တွေ ဒီလိုနဲ့ ဖြတ်သန်းနေရတဲ့ အမိုက်တိုက်ညတွေ ဘယ်တော့များမှ ရွှေလသာချိန် ရောက်လာမှာပါလိမ့်။

မင်းထက်

Wednesday, September 2, 2009

“မေမေ ဘယ်သို့ ဖြေရမယ်”

အခန်း ၁
ကျမ နာမည် အေးကြည်ပါ။ ကျမ ကရင်ပြည်နယ် ဇွဲ ကပင်တောင်ခြေအနီး ရွာတစ်ရွာကပါ။ ကျမ အိမ် ထောင်ပြုပြီး မငယ်ဆိုတဲ့ သမီးကလေး ၃ လ အရွယ်မှာ ကျမခင်ပွန်း ဆုံးပါးခဲ့ တာကြောင့် အသက် ၂၀ အရွယ်နဲ့ ကျမ မုဆိုးမဖြစ်ခဲ့ရတယ်။

ကျမလည်းအမေအိုတစ်ယောက်။ ကလေးတယောက် နဲ့ တော်တော်ခက်ရာခက်ဆစ် အသက်မွေးဝမ်းကျောင်း နေခဲ့ရတယ်။ သမီး မငယ် ၁ နှစ်ကျော်ကျော်လောက်မှာ ဆင်းရဲပင်ပန်းမှုကို အံတုလိုရင်းနဲ့ ကျမ ထိုင်းနိုင်ငံ ဘန်ကောက်ကိုတက်ပြီး အိမ်အလုပ်သမအဖြစ် လုပ် ကိုင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

အခန်း ၂

နို့စို့အရွယ်သမီးကလေးကို ရုတ်တရက်ခွဲခွာလာခဲ့တော့ ကျမ နို့တွေတလမ်းလုံး တင်းလာ တယ်။ မခံနိုင်တဲ့အခါ နို့တွေကိုညှစ်ထုတ်လိုက်ရတယ်။ ကျမရင်ထဲကမေတ္တာတရားနဲ့ သမီးလေးအတွက်၊ ထွက်လာတဲ့မိခင်နို့ရည်တွေဟာ တောလမ်းက ပုရွက်ဆိပ်တွေရဲ့ အ စာဖြစ်ကုန်တယ်။ မတတ်နိုင်ဘူးလေ။ ဖတဆိုးသမီးလေးရှေ့ရေးကိုတွေးပြီး ကျမအလုပ် လုပ်ဖို့ တက်လာခဲ့တာပဲဆိုပြီးအားတင်းလာခဲ့တယ်။

ကျမ အသိတစ်ယောက်အကူအညီနဲ့ဘန်ကောက်မြို့ ဆူကူဗစ်မှာရှိတဲ့ ထိုင်းသူဌေး တ ယောက်အိမ်မှာ တလကို ဘတ် ၄၀၀၀ နဲ့ ကျမ အလုပ်လုပ်တယ်။

အခန်း ၃
ကျမ ဘန်ကောက်ကိုရောက်ပြီး အိမ်ဖေါ်အလုပ်လုပ်တယ်။ ပင်ပန်းလိုက်တာ။ မနက်စော စော ၅ နာရီလောက်မှာ ထပြီးတော့ ခြေရောလက်ပါ တနေကုန်တနေခန်း အိမ်မှာရှိသမျှ အလုပ်တွေကို လုပ်လိုက်ရတာ။ ညဥ့်တော်တော်နက်မှ အိပ်ရတယ်၊ တခါတလေ ညဥ့် ၁၂ နာ၇ီလောက်မှာ အိပ်ပျော်ခါစ၊ အိမ်ရှင်တယောက်ယောက်က အခန်းခေါက်ပြီး နှိုးတယ်ဆို ရင်လည်း အိမ်ရှင်တွေခိုင်းတာကို အိပ်ချင်မူးတူးနဲ့ လုပ်ပေးရတယ်။ ပင်ပင်ပန်းပန်းနဲ့ အိပ် ပျော်ခါစပဲရှိသေးတယ်လေ။ မတတ်နိုင်ဘူး လုပ်ပေးရတာပဲ။ အိမ်အကူ အလုပ်သမဘ၀ ပဲလေ။

အခန်း ၎
ကျမ ဘန်ကောက်မှာအလုပ်လုပ်နေတာ နေသားကျလာခဲ့ပြီး ထိုင်းစကားလည်း အသင့် အတင့်ပြောတတ်ခဲ့ပြီလေ။ တနှစ်အတွင်း ရွာမှာရှိတဲ့ အမေနဲ့သမီးမငယ်ကို ရသမျှငွေ တွေအားလုံးကို တပြားမကျန်ပို့ပေးခဲ့ပါတယ်။ ရောက်စတုန်းကလို ပိုသီပတ်သီမနိုင်တော့ ဘူးလေ။ သမီးကို နို့မတိုက်ရတော့တာကြာပြီးဖြစ်တာကြောင့် နို့လည်းမတင်း တော့ဘူး။ ကရင်ပြည်နယ် ရပ်နီးရွာနီးက မိတ်ဆွေတချို့နဲ့လည်း တွေ့ရဆုံရတယ်။ နေသားတကျ ဖြစ်လာခဲ့တာပေါ့။ ရွာမှာလိုထင်းလည်းမခွေရ၊ ရေလည်းမခပ်ရ၊ ဟင်းလည်းမခူးရ၊ ဖါးတွေ ငါးတွေလည်းမရှာရ၊ လိုချင်တာတွေကို အဆင်သင့် သွားဝယ်လိုက်ရုံပါ။ နေထိုင်စား သောက်ရတာတွေအားလုံး သန့်သန့်ရှင်းရှင်း၊ သြော် သူများတိုင်းပြည်များ ရေမီးတွေ ပြည့်စုံလိုက်တာ။ လမ်းပန်းဆက်သွယ်ရေး၊ ဘဏ်စနစ် စာတိုက်စနစ် အားလုံးကောင်း တယ်။ လက်ကိုင်ဖုန်းတွေများ ဈေးပေါ့လိုက်တာ။ ရွာမှာ မြင်ဖူးဖို့နေနေသာသာ မြို့မှာ တောင်တော်ရုံလူ ကိုင်နိုင်တာမှမဟုတ်တာ၊ ထိုင်းမှာတော့ဘတ်ငွေ ၅၀၀ ဆိုရင် ကိုင်လို့ ရတာတောင်ရှိတယ်။ အကောင်းတွေအသစ်တွေဆိုရင် ထောင်ကျော် ပေးရတာပေါ့။

အခန်း ၅
ကျမ ထိုင်းကိုရောက်လို့ ၂ နှစ်တင်းတင်းပြည့်တဲ့နေ့မှာ ရွာကအမေကဖုန်းဆက်လာတယ်။ မငယ်နေမကောင်းဘူး။ နေ့ရောညပါ တငိုငိုနဲ့ ကျမကိုခေါ်ပေးဖို့ ပူဆာတယ်လို့ ပြော တယ်။ ထမင်းလည်းမစား ညလည်းမအိပ်ပဲ မေမေလာမှအိပ်မယ်။ မေမေလာမှစားမယ်။ အဲလိုပြောပြီး တမှိုင်မှိုင်တတွေတွေ ဖြစ်နေတတ်တယ်လို့ပြောလာတယ်။ ကျမကလည်း မုန်းဝယ်ကျွေး၊ အ၀တ်တွေကောင်းကောင်းဝယ်ပေး၊ ပျော်အောင်ထားဖို့ အမေ့ကိုမှာလိုက် ရတယ်။ ကျမလည်း ကျန်းမာအောင်နေပြီး အလုပ်ကြိုးစားပြီးလုပ်တယ်။ အိမ်ရှင်ကလည်း အနေကြာလာတော့ ရင်းနှီးလာတယ်။ ဒီလိုနဲ့ နောက်နှစ်ကိုရောက်လာတော့ အမေက လူ ကြုံနဲ့လည်းမှာသလို ဖုန်းလည်းမကြာမကြာဆက်လာတယ်။ မငယ်တော်တော်နေမကောင်း ပြန်လာခဲ့ဖို့မှာတယ်။ ရွာကတိုင်းရင်းဆေးဆရာနဲ့ ကုသလိုလည်း မရ။ မြို့ကဆရာဝန်ဆီ သွားပြတော့လည်း အားရှိတဲ့အစားအစာတွေကိုကျွေး။ ဘာရောဂါမှမရှိ ဘူးလို့ပြောတယ်။ ဒါပေမယ့် အမေက ကလေးအခြေအနေ တော်တော်ဆိုးတယ်လို့ ပြောလာတယ်။
ကျမလည်း သမီးလေးမငယ်အတွက် စိုးရိမ်စိတ်တွေဝင်လာပြီးတော့ အိမ်ရှင်သူဋ္ဌေးဆီးမှာ ခွင့်တောင်းပြီ ရွာကိုပြန်ဖို့ ပြင်ဆင်လိုက်တော့တယ်။

အခန်း ၆

ကျမ ဘန်ကောက် မော်ချစ်အဝေးပြေးကားဂိတ်ကနေ လက်မှတ်ဝယ်ပြီး ညအဆင်းကားနဲ့ လိုက်လာခဲ့တယ်။ မိုးလင်းလို့ မဲဆောက်အ၀င်ရောက်တော့ ဘန်ကောက်က ဆင်းလာတဲ့ ကားပေါ်ကပါသမျှ မြန်မာနိုင်ငံသားတွေကို ဆင်းခိုင်းတယ်။ ပြီးတော့အချုပ်ကားနဲ့ မဲ ဆောက်အချုပ်ခန်းကို ခေါ်သွားတယ်။ မွန်းလွဲပိုင်းလောက်ရောက်တော့ မြ၀တီဘက် ကမ်းက ဒီကေဘီကေဂိတ်တွေကို သွားပို့တယ်။ ထိုင်းနိုင်ငံအနှံ့အပြားက ထိုင်းပုလိပ်တွေ ဖမ်းဆီးခံရတဲ့လူတွေ။ အခြားအကြောင်းတွေကြောင့် ကိုယ့်တိုင်းပြည်ကို ပြန်လာတဲ့ မြန် မာတွေ အများကြီးပဲ။ အဲဒီမှာကျမအံ့သြတယ်။ ဘန်ကောက်ကဆင်းလာရင် အဲဒီ ဒီကေ ဘီအေဂိတ်မှာ ဘတ် ၁၅၀၀/၂၀၀၀ ပေးရတယ်။ ပိတ်ဆံမပါရင်ဖုန်းတွေသိမ်းတယ်။ မိတ် ဆွေတွေဆီကိုငွေမှာရတယ်။ လောလောလတ်လတ် ငွေမပေးနိုင်တဲ့လူတွေကို ဒီကေဘီ အေအဖွဲ့တွေက ဆက်ဆံလိုက်တာများ မကြားဝံ့မနာသာပဲ။ ကျမလည်းဘတ် ၁၅၀၀ ပေး ပြီးတော့ မြတ၀တီမြို့ထဲကို လာခွင့်ရခဲ့တယ်။ ကားလက်မှတ်ဝယ်ပြီး အသိတစ်ယောက် အိမ်မှာ တစ်ညအိပ်လိုက်တယ်။

အခန်း ၇
ကျမ မြ၀တီကနေ ရွာအပြန်လမ်းတလျှောက် ကားပေါ်မှာ စိတ်ကူးလေးနဲ့ ပျော်လာခဲ့ တယ်။ နို့စို့ကလေး အရွယ်မှာ ထားခဲ့ရတဲ့ သမီးမငယ် ခု ၄ နှစ်အရွယ်ဆိုတော့ ချစ်စရာလေး ရှိမှာပေါ့။ ဂါဝန်လှလှလေး၊ ဖိနပ်လှလှလေး၊ ဦးထုတ်လှလှလေး ၀တ်ပေး လိုက်မယ်။ လာခါနီး ၀ယ်လာတဲ့ ငါးမူးသား ရွှေဆွဲကြိုးလေး ဆွဲပေးမယ်။ အရင်ပို့ထားတဲ့ ငွေတွေနဲ့ ခုပါလာတဲ့ ငွေတွေနဲ့ တခုခုရင်းနှီးပြီးတော့ အမေအိုရယ် သမီးမငယ်ရယ် ပျော် ပျော်နေမယ်ပေါ့။ သမီးလေးကို ပညာသင်ပေးမယ်။

အလှူတွေနိုင်သမျှလုပ်မယ်။ ကျမအတွေးတွေက ပျော်စရာတွေပြည့်လို့။ ဒီလိုနဲ့ ညနေ စောင်းတော့ ကျမရွာကိုချောမောစွာနဲ့ ရောက်လာခဲ့တယ်။ သမီးအတွက်၊ အမေ့ အတွက် စားစရာတွေဝတ်စရာတွေ၊ ကစားစရာတွေ အများကြီးဝယ်လာခဲ့တယ်။ ရွာကိုဝင်လိုက် တယ်ဆိုရင်ပဲ၊ ရွာကလူတွေကဘန်ကောက်မှာ အလုပ်လုပ်နေကြတဲ့ သားသမီးတွေ။ ခင် ပွန်းသည်တွေ၊ အဖေအမေတွေကို သာကြောင်းမာကြောင်း မေးလိုက်ကြတာ၊ မတ်တတ် ဖြေရင်းနဲ့ အချိန်တော်တော်ကြာမှ အမေနဲ့သမီးမငယ်တို့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့တော့တယ်။

အခန်း ၈
အိမ်ခြံထဲဝင်းလိုက်ပြီးတော့ အိမ်ရှေ့ခွေးကတက်အခန်းပေါ်ကို ပါလာတဲ့ အိပ်တွေတင် လိုက်တယ်။ ပြီးတော့ အမေ့ကိုအော်ခေါ်လိုက်တယ်။ သမီးကိုအော်ခေါ် လိုက်တယ်။
“အမေ…အမေ…သမီး..သမီး…မငယ်…အမေ ပြန်လာပြီးလေ”
“သမီးပြန်လာပြီးလား အမေတို့အိပ်ယာပေါ်မှာ၊ လာခဲ့လေ။ မြေးလေးတော့ ညည်းပြန်လာ မယ်ဆိုပြီး မနက်ကတည်းက ခြံဝကထိုင်းစောင့်လိုက်။ အိမ်တံခါးဝကထိုင်စောင့်လိုက် တ နေကုန်ပဲ။ ငိုလိုက် မျှော်လိုက်နဲ့တနေကုန်ပဲ။ နေညိုစောင်းလာတဲ့အထိ သမီး မရောက် လာတော့ အိပ်ချင် လို့ပြောတယ်။ အမေလာရင် သူ့ကိုနှိုးပါတဲ့။ လာလာသမီးလာ”
ကျမလည်း အပြေးကလေးသမီးလေး အိပ်ရာကို ရောက်သွားတယ်။
“သမီးလေး…မငယ်…သမီး…မငယ်…
ကျမခေါ်လည်းခေါ်လှုပ်လည်းနှိုးလိုက်ပါတယ်၊ မငယ်လေးမျက်လုံးတွေ ပွင့်လာပြီးတော့ ကျမကိုခေါ်တယ်။ အသံကတိုးညှင်းလွန်းတယ်။ မငယ်က
“အမေပြန်လာပြီလားဟင်……အင့်”
ကျမလက်ပေါ်မှာပဲ သမီးလေးပျော့ခွေဆင်းသွားတယ်။

အခန်း ၉
“သမီး..သမီး….ဖြစ်မှဖြစ်ရလေသမီးရယ်…..မေမေပြန်လာပြီလေ သမီးလေးရဲ့…မေ့မေ့ကို တွေ့ချင်တယ်ဆို၊ သမီး … မငယ် … သမီး … ခေါ်လို့မရတော့ဘူး … လုပ်ကြပါအုံး … ဟီး … ဟီး …..”
“မြေးလေး…မငယ်…ဖွားဖွားမြေးလေး… အဖြစ်ဆိုးလိုက်တာကွယ်။ မြေးလေးမေမေရောက်ပြီလေ… မေမေရောက်ရင် မြေးကနှိုးပါဆို … ဖွားဖွားနှိုးနေတယ် လေး … မြေးလေး … ထတော့လေ .. မေမေနဲ့စကားတွေ ထပြောအုံးလေ … ဟီး …. ငါ့မြေးလေးဆုံးရှာပြီး…ကယ်ကြပါအုံးရှင် …..”
“ဆိတ်မ နင့်သမီး နို့မစို့ရတော့ဘူး……..”
“ပဲ…..ပဲ…..ပဲ…..ပဲ ဟဲ…..ဟဲ….”
တပဲပဲအော်ပြီးဝင်လာသော နို့ညှစ်ဆိပ်မကို ပြောလျှက်မိခင်ကြီးက အော်ငိုရှာတယ်။ အ ပြင်မှာ အိမ်နီနားချင်းများ ၀ိုင်အုံရောက်ရှိ လာကြတယ်။

အခန်း ၁၀
“သမီးအေးကြည်။ မြေးလေး မငယ်ဟာ အသက်၂နှစ်လောက်ရှိလာတဲ့အခါ ပျော်ပျော် ရွှင် ရွှင် မရှိတော့ဘူး။ ဆော့လည်းမဆော့တော့ဘူး။
သမီးဘန်ကောက်က မီးကျောင်းကန်တို့။ မြဘုရားတို့မှာရိုက်ထားတဲ့ ဓါတ်ပုံကိုနေ့တိုင်း ကြည့်ပြီးတော့။ တငိုငိုဖြစ်လာတယ်။ ထိုင်းကပြန်လာတဲ့လူတွေဆီသွားပြီး မေမေနဲ့တွေ့ ခဲ့လား။ ဘယ်တော့ပြန်လာမလဲ။ အဲဒီလို သွားမေးပြီး၊ ပြန်လာတဲ့ညတွေဆိုရင် သူ မအိပ် တော့ဘူး။ ရွာကိုမြို့ကနေပြီး ဗွီဒီယိုတို့ဘာတို့လာပြလို့ရှိရင် အခြားကလေးတွေဆို ပျော် လို့။

မငယ်ကိုခေါ်တော့၊ မေမေလာမှကြည့်မယ်။ စားစရာကျွေးတော့လည်း မေမေလာမှစား မယ်။ အိပ်တော့လည်းမေမေလာမှအိပ်မယ်။ ငါလေ ချော့လိုက်ရတာ မပြောနဲ့တော့။ တ နေ့ထက်တနေ့ဆိုးလာတာတွေ့လို့ သမီး ကိုမှာတာပေါ့။ အိပ်ယာကနိုးလာရင်လည်း ဖွားဖွား မေမေလာပြီးလား။ ရောက်ပြီလား၊ မေမေသမီးကိုမချစ်တော့လို့မလာတာလား၊ အဲလိုပဲမေးနေတော့တာ”

“ဖြစ်မှဖြစ်ရလေသမီးရယ်။ မေမေ့ကိုလွမ်းလို့ သမီးလေးရင်ကွဲနာကျပြီး သေခဲ့ရတာ။ မေမေချစ်တာပေါ့သမီးရယ်။ ဘန်ကောက်မှာရှိတဲ့၊ အချို့တွေဆိုရင် အိမ်ထောင်တွေပြုကြ တယ်။ မေမေကသမီးလေးအတွက် နောက်အိမ်ထောင်ပြုဖို့မစဉ်းစားဘူး။ မေမေကတော့ သမီးလေးအတွက် သူများတိုင်းပြည်မှာ သူတပါးမလုပ်ချင်တဲ့၊ အိမ်ဖေါ်အလုပ်ကိုလုပ်ပြီး သမီးလေးရှေ့ရေးအတွက် အလုပ်လုပ်နေခဲ့တယ်။ ခုတော့ သမီးလေးလည်းဆုံးပြီ။ ငါ့ ရည်မှန်းခဲ့တဲ့ မိသားစုဘ၀ဆိုတာ ဘယ်တော့မှမရ နိုင်တော့ပါလား၊ သမီးလေး ကောင်း ရာသုဂတိကိုလားဖို့ မေမေနဲ့ဖွားဖွားဆွမ်းသွတ်အမျှဝေးပေးအုံးမယ် သမီရယ်။ နောင်ဘ၀ ဆက်တိုင်းဆက်တိုင်းမှာမိခင်နဲ့ ရင်အုပ်မကွာ နွေးထွေးစွာနေထိုင်ရတဲ့ဘ၀ကို သမီးမငယ် ရောက် ရှိနိုင်ပါစေလို့ မေမေ နေ့တိုင်းဆုတောင်းပေးနေမယ်သမီး”

“သမီး အေးကြည်၊ တရားနဲ့ဖြေကြရမယ်။ သတ္တ၀ါတခု ကံတခုပေါ့ကွယ်။ သမီးလေး ဘယ်လောက်ပူဆွေးမယ်ဆိုတာ မေမေသိတယ်။ မေမေလည်း သမီးဘန်ကောက်ကို တက်သွားကတည်းက ဆိတ်မတစ်ကောင်ဝယ်ပြီး ငါနို့ညှစ်ပြီး မငယ်ကိုမွေးခဲ့တယ်။ ဆိတ် မကလည်း အလွန်နားလည်တယ်။ ရွာထဲမှာ သူတပါး သီးပင်စားပင်တွေကို မစား ဘယ် တော့မှ မစားဘူး။ သူ့ကိုကျွေးမှစားတာ။ တိရိစ္ဆာန်ဖြစ်ပေမယ့် အထူးသန့်ရှင်းတယ်။ အ ပေါ့အလေးကို လူနဲ့ဝေးတဲ့နေရာတွေမှာသွားစွန့်တယ်။ သိပ်လိမ္မာတာ။ မြေးလေးကို သူ ကူပြီးစောင့်ပေးတယ်။

သူ အစာဝလာပြီးပြန်လာရင် မြေးလေးအနားမှာ အရိပ်တကြည့်ကြည့်နဲ့နေတာ။ သူမွေး ထားတဲ့သမီးလေးလိုပဲ။ သိပ်လေးစားစရာကောင်းတယ်။ ရွာပြင်တစ်နေရာမှာ သူအစာ စားနေလို့ တစ်ယောက်ယောက်က ဟေ့ဆိတ်မ နင့်သမီးနို့ဆာလို့ငိုနေတယ် နင်ပြန်တော့ လို့ပြောလိုက်ရင် တပဲပဲအော်ပြီး အိမ်အရောက်ပြေးလာတယ်။ အိမ်ရောက်ရင် မငယ်ကို ပတ်ရှာတော့တာပဲ။ မငယ်ကိုတွေမှ သူအော်တာကိုရပ်တာ။ မြေးလေးဆုံးတဲ့နေ့ ကတည်း က သူမှိုင်နေတယ်။ အစာလည်း ကောင်းကောင်းသွားမစားဘူး။ ခုကြည့်လေ ငါတို့သား မိနှစ်ယောက်လို လူစကားမပြောတတ်လို့သာဝင်မပြောနိုင်တာ သူမျက်လုံးမှာ မျက်ရည် တွေနဲ့ပါလား။ နင်လည်းငါတို့လို ခံစားနေရမှန်းသိပါတယ်။ နင်လည်းနို့ တိုက်ခဲ့တဲ့ အမေ တယောက်ပဲလေ။ ဒီအမေတွေဘယ်လိုဖြေရမလဲသမီးရယ်။ ။

(ခရီးလွန် မိခင်၊ဖခင်များ။သား၊သမီးများအား ပြန်လာနိုးမျှော်ကိုးနေသူများ ဘယ်လောက် များ ရှိနေပြီလဲ)

ကျော်သောင်း
၂၀၀၉ စက်တင်ဘာ ၂ ရက်နံနက် ၃ နာရီ ၃၅

Tuesday, September 1, 2009

ချစ်ကြည်ရေးတံတားရဲ့ ဒီဘက်ကမ်းမှာ ....

မဲဆောက်မြို့တခွင်ရဲ့ လူစည်းကားတဲ့နေရာ အတော်များများမှာ ကျနော်တို့ မြန်မာကလေး တွေ တောင်းရမ်းစားသောက်နေကြတာ ဈေး ရောင်းနေကြတာ အမှိုက်လိုက်ကောက်နေကြ တာတွေကို ဒီနှစ်တွေမှာ မြင်တွေ့လာရတာ သတိထားမိတယ်။

ကလေးတွေပာာအမှိုက်ကောက်တယ်၊တောင်း ရမ်းစားသောက်တာတွေအပြင် လူကြီး တွေလို တောင်ယာတွေမှာ၊ ဆောက်လုပ်ရေးတွေမှာ လုပ်ကိုင်တာတွေ၊ စက်ရုံအလုပ်ရုံ တွေထဲမှာ လုပ်နေကြရတယ်၊ တချို့ကလေးတွေဆိုရင် မူးယစ်ဆေးဝါးရောင်းဝယ် ဖြန်ဖြူးတဲ့ နေရာ တွေမှာ လူကြီးတွေရဲ့ အသုံးချမှုအောက်မှာ ရှိနေကြပါတယ်။

နေ့တိုင်း နှစ်နိုင်ငံချစ်ကြည်ရေး တံတားကြီးကိုဖြတ်ပြီး မြဝတီကနေ မဲဆောက်ဘက်ကို ဈေးလာရောင်းတဲ့ ကလေးတွေဆိုရင် ရေခဲချောင်းရောင်းတယ်၊ တံမြက်စည်းတွေထမ်း ရောင်းတယ်၊ မဲဆောက်ကမ်းနဖူးထိပ်မှာ မြန်မာပြည်ကထွက်တဲ့ စီးကရက်တွေလိုက် ရောင်းကြနဲ့ သူတို့မိသားစုရဲ့ အိမ်စရိတ်ကို နိုင်တဲ့ဘက်က ၀င်ထမ်းနေရရှာတယ်။

ဒီကလေးတွေရဲ့ အနာဂတ်ဆိုတာကို ဘယ်လိုစဉ်းစားချက်မျိုးရှိလဲဆိုတာ တချို့ မိဘ အုပ်ထိန်းသူတွေကို မေးမြန်း အကြံပေးတာတွေလုပ်ခဲ့ဘူးတယ်။ မဲဆောက်မှာ အခမဲ့ ကျောင်းတွေ ဘော်ဒါတွေရှိနေတာပဲ ကလေးတွေကိုကျောင်းထားပါလားပေါ့။ “စာနည်း နည်းတတ်ရင်တော်ပါပြီတဲ့ ဒီခေတ်ကြီးထဲမှာ ၁ဝ တန်းအောင်လို့လည်း ဘာအလုပ်မှမရှိ တာတဲ့” တဲ့လေ …

ဒါပေမဲ့ သူတို့ကိုအပြစ်တင်လို့မရသလို သူတို့ရဲ့ရင်ထဲကခံစားချက်ကိုနား လည်ဖို့တော့ လိုလိမ့်မယ်လို့ ကျနော့်အနေနဲ့တွေးမိတယ် ဘာကြောင့်လဲဆိုတော့ တချို့မိဘတွေက သူတို့ရဲ့ကလေးတွေကို စာတတ်ပေတတ် ဖြစ်ချင်စေချင်ကြတဲ့ ဆန္ဒကို တခါတခါ ထုတ် ပြောလာတတ်ကြတယ်။

ကလေးကို ကျောင်းထားချင်တာပေါ့တဲ့ သူတို့တမိသားစုလုံး စာမတတ်တဲ့ကြဘူး၊ ဒါ ကြောင့် သူတို့က မွေးဖွားလာတဲ့ ကလေးတွေကို စာတတ်ပေတတ် ဖြစ်စေချင်ကြတယ်။ ဒါပေမဲ့ မိသားစုရဲ့ စားဝတ်နေရေး အဆင်မပြေတဲ့အတွက် ကလေးကို ကျောင်းမထား နိုင်ဘူးလို့ ပြောပြကြတယ်။ အများအားဖြင့် စားစရာသောက်စရာတွေ ဈေးကြီးလာတာ အလုပ်အကိုင်တွေ ရှားပါးလာတာ တအိမ်လုံးရှိသမျှလူ အပြင်ထွက်ရုန်းကန်ကြမှ နည်း နည်းအဆင်ပြေတယ် ဆိုတာတွေကိုတော့ သူတို့တွေ ငြီးကြရှာတယ်။

ဒါကြောင့် မိဘတွေကို အပြစ်တင်လို့မရသလို ကံကြမ္မာကိုလည်း ကျနော်တို့ ရိုးမယ်ဖွဲ့လို့ တော့မရပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် တောင်းစားသူတွေလည်း ကိုယ့်နိုင်ငံထဲမှာပဲ အေးအေး ဆေးဆေး လိုက်တောင်းစားမှာပေါ့။ သူများတိုင်းပြည်မှာ လုံခြုံမှုမရှိပဲ ဘယ်တောင်းစား ချင်ပါ့မလဲ။

ဒီဘက်ကမ်းတိုင်းပြည်းမှာ ရောက်နေတဲ့ ကျနော်တို့ မြန်မာပြည်သား စက်ရုံ အလုပ်ရုံ တောင်ယာ အလုပ်သမားတွေ တောင်းစားသူတွေ ကောက်စားသူတွေ ဈေးရောင်းနေတဲ့ သူတွေ ဈေးဗန်းခေါင်းရွက်ပြီး လိုက်ရောင်းနေတဲ့ ကလေးတွေ သုံးဘီး နင်းတဲ့သူတွေ အဲဒီ လူတွေဟာ အာမခံမှု လုံးခြုံမှု အသိအမှတ်ပြုမှု ဘာဆိုဘာအရေးပြုမှုမှ မခံစားကြရတဲ့ ကျနော်တို့ တိုင်းပြည်က စစ်အာဏာရှင်တစုရဲ့ ဥပေက္ခပြု စွန့်ပစ်ခြင်းခံထားရတဲ့ လူသား စွန့်ပစ္စည်းတွေလို့ပဲ ဖြစ်နေကြရတယ်။

(မင်းထက်)