လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (HRDF)
အခွင့်အရေး တရပ်အပေါ် အသိအမှတ်ပြုလက်ခံလိုက်သည့် ထိုင်းနိုင်ငံရဲ့ အောင်မြင်မှု မှတ်တိုင်တရပ် လို့ဆိုရမည့် သယ်ယူပို့ဆောင်ရေးဌာနရဲ့ တရားဝင်ထုတ်ပြန်ကြေငြာ ချက်အရ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အခြေချ ရွှေ့ပြောင်းနေထိုင်ကြ သော အရေအတွက်ပမာဏအားဖြင့် များပြားလှသည့် တိုင်းရင်းသား လူမျိုးစုတွေအနေ ဖြင့် ခုနေချိန်ခါမှစတင်၍ မိမိတို့၏ ကိုယ်ပိုင်ယာဉ်များကို တရားဝင်မှတ်ပုံတင်သွင်းပြီး ကြာမှီကာလအတွင်းမှာပင် ယာဉ်မောင်းလိုင်စင်များကို လုပ်ခွင့်ပြုတော့မှာဖြစ်တယ်။
အမျိုးသား လုံခြုံရေးကောင်စီမှ ရေရာတိကျမှုမရှိသည့် အမျိုးသားလုံခြုံရေးကဏ္ဍဆိုင် ရာ အခွင့်အရေး တရပ်လို့ဆိုရမည့် မူဝါဒကို ငြင်းဆန်သည့်အနေဖြင့် ၁၅ နှစ်ကြာ ခွဲခြား ဆက်ဆံမှုပြုနေရာမှ ပယ်ဖျက်ဖို့ရာ ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။ တိုင်းပြည်တွင်းသို့ တရားဝင်ဝင်ရောက် ရွှေ့ပြောင်းအခြေချနေထိုင်သူ ၁ သန်းကျော်သော လူမျိုးစုပေါင်း စုံအနေဖြင့် အပေါင်းလက္ခဏာဆောင်သည့် ပြုမူလုပ်ဆောင်ချက် အကျိုးရလဒ်တွေကို ခံစားရရှိနိုင်မှာဖြစ်တယ်။
လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်မှ ဥက္ကဋ္ဌ Gothom Arya မူဝါဒ အ ပြောင်းအလဲနဲ့ ပတ်သက်ပြီး ဆုံးဖြတ်လုပ်ဆောင်ချက်အပေါ်မှာ လှိုက်လှိုက်လဲလဲကြို ဆိုခဲ့တယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းအတွင်းမှာ အသက်ရှင်နေထိုင်ကြသူတွေအတွက် သင့်မြတ်လျော်ကန်မှုရှိစွာဖြင့် မှန်ကန်မှုရှိရှိ လုပ်ဆောင်လိုက်သည့်အတွက် အမျိုးသား လုံခြုံရေးကို ထိခိုက်နာကျင်စေနိုင်မှာ မဟုတ်ပါဘူး။ လူမှုရေးဆိုင်ရာ အခြေခံအခွင့်အ ရေးတွေဟာ မှားယွင်းသည့် မူဝါဒတွေကြောင့် မည်သို့သော လူမျိုးစုတွေကိုမဆို လူမှု ရေးဆိုင်ရာ တင်းမာမှုတွေ ကြီးထွားလာစေခြင်း၊ အကျင့်ပျက်ခြစားမှုကို အထောက်အ ပံ့ပြုဖို့ရာအတွက် အခွင့်အရေးပေးထားသလိုဖြစ်ခြင်းနှင့် တကယ်တမ်းပြောရရင် ထိုင်း အမျိုးသားလုံခြုံရေးနှင့် ဂုဏ်သိက္ခာကိုပါ ထိပါးလာစေမှုတွေပါ ဖြစ်ပေါ်လာနိုင်ခြေရှိ တယ်။
၁၉၉၄ ခုနှစ်မှစ၍ သယ်ယူပို့ဆောင်ရေးဌာနအနေဖြင့် ထိုင်းအမျိုးသား လုံခြုံရေးကောင် စီရဲ့ ဆန့်ကျင်ကန့်ကွက်သည့် မူဝါဒတွေကြောင့် ထိုင်းနိုင်ငံတွင်း အရေအတွက်အားဖြင့် များမြောင်လှသော အခြေချနေထိုင်သူ လူမျိုးစုတွေကို ယာဉ်မောင်းလိုင်စင်နှင့် တရား ၀င်ယာဉ်မှတ်ပုံတင်ခွင့်ကို ပိတ်ပင်ထားရသော်ငြား လိုအပ်ချက်အရကို ယာဉ်အသုံးပြု သူ အရေအတွက်ဟာ ပိုမိုများပြားလာကြတယ်။
၂၀၀၇ ခုနှစ် နှောင်းပိုင်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ် ရှမ်း ရွှေ့ပြောင်းနေ ထိုင်သူတွေ စခန်းတွင်းသို့ ဒေသ ၅ ရဲတပ်ဖွဲ့မှ ဝေလီဝေလင်းချိန်ခါ ရုတ်တရက် စ တင်ဝင်ရောက်တိုက်ခိုက်ချိန်ကစပြီး လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှ ဒီ မူဝါဒတွေအပေါ် စတင် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်တယ်။ တရားမ၀င် အခြေချ နေထိုင်သူတွေကို ဖမ်းဆီးဖို့ဆိုသည့် အကြောင်းပြချက်နဲ့ ၀င်ရောက်တိုက် ခိုက်ခြင်း နောက်ဆက်တွဲကနေ မော်တော်ဆိုင်ကယ် မောင်းနှင်နေသူတွေကိုပါ မသင်္ကာမှုနဲ့ သူခိုး ဆိုတဲ့ စွပ်စွဲချက်တွေတင်လာရုံမက တရားမ၀င် ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေ အနေဖြင့် မော်တော်ဆိုင် ကယ်ပိုင်ဆိုင်ခွင့် (သို့) စီးနင်းလိုက်ပါခွင့်ဆိုသည့် အခြေခံအ ခွင့်အရေးမရှိဆိုပြီး နိုင်ငံပိုင်အဖြစ်သိမ်းယူ သည်အထိ ကျယ်ပြန့်ရှုပ်ထွေးလာခဲ့ရတယ်။
သဘောတူ ညှိနှိုင်းမှုမရခင်အချိန်ကာလတုန်းက ရဲဝန်ထမ်းတွေအပေါ် ဒဏ်ငွေပေးချေ ရခြင်း၊ တရားမ၀င် ၀ယ်ယူထားသည်ဆိုသော်ငြား ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ ချွေးနှဲစာဖြင့် ငွေကုန်ကြေးကျခံထားရခြင်း၊ ခိုးဝှက်ယူလာခြင်းမဟုတ်သည့်အတွက် နိုင်ငံ ပိုင်အဖြစ် သိမ်းဆည်းထားခြင်းမှ ပြန်လည်ရရှိဖို့ရာအတွက် တောင်းဆိုပိုင်ခွင့်ရှိခြင်း၊ ရွှေ့ ပြောင်းနေထိုင်သူတွေ ပိုင်ဆိုင်တဲ့ယာဉ်တွေကို တရားဝင်မှတ်ပုံတင်ပြီး ယာဉ်မောင်း လိုင်စင် လုပ်ပိုင်ခွင့်ပြုမယ်ဆိုတာ မဟုတ်မှန်ကြောင်း သယ်ယူပို့ဆောင်ရေးဌာနရဲ့ ပြော ဆိုချက်ကြောင့် ရွှေ့ပြောင်းအခြေချနေထိုင်သူတွေဟာ အတော်လေး စိတ်ပျက်အား လျော့ သွားပုံရတယ်။
ဖော်ပြပါ မကျေနပ်ချက်တိုင်ကြားလွှာတွေကို အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အလောတကြီး ရပ်ဆိုင်းမှုတွေ လုပ်လိုက်သော်လည်း ရွှေ့ပြောင်းအခြေချနေထိုင်သူ တွေ ဆီမှ သိမ်းဆီးထားသည့် ယာဉ်များကို ချင်းမိုင် လမ်းမတလျှောက် ရဲဝန်ထမ်းတွေရဲ့ ဥဒဟိုမောင်းနှင်စီးနင်းနေမှုကို အတိုင်းသားတွေ့ မြင်နေရတယ်။ မကြာသေးမှီကတင် ဒဏ်ငွေပေးဆောင်မှုကို ၅၀% ထိလျော့ချခဲ့ပေမယ့်လို့ ရဲဝန်ထမ်းတွေဟာ တရားမ၀င် မော်တော်ဆိုင်ကယ်စီးနင်းသူတွေကို အလှည့်ကျဖမ်းဆီးပြီး တစ်ကြိမ်ဖမ်းဆီးမိ တိုင်း ဘတ်ငွေ ၂၀၀၀ ဒဏ်ငွေဆောင်ခိုင်းစေတယ်။ မကြာခဏ ဒဏ်ငွေပေးချေခြင်းဟာ တ ရားဥပဒေ ကို ချိုးဖောက်ခြင်းဖြစ်ပြီး တကယ်တမ်း မော်တော်ဆိုင်ကယ်စီးနင်းချိန် ထိုင်း ရဲဝန်ထမ်းတွေဖမ်းဆီးလို့ ပေးဆောင်ရပြီဆိုရင်တောင်မှ ဘတ်ငွေ ၂၀၀ သာပေးဆောင် ရမှာဖြစ်တယ်။
ရွှေ့ပြောင်းအခြေချနေထိုင်သူတွေအနေဖြင့် ကလေး ကျောင်းကြို၊ ပို့ နှင့် အစားအ သောက် ၀ယ်ခြမ်းရာ မှာ အမြဲတစေဆိုသလို အလှည့်ကျပြုမူ ဖမ်းဆီးမှုတွေကို ရှောင်လွဲ မရကြုံဆုံနေရမှာဖြစ်တယ်။ ဒီ့အတွက်ကြောင့်ပဲ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှ ရဲဌာနတွေကို ညှိနှိုင်းတွေ့ဆုံပြီး နိုင်ငံပိုင်အဖြစ် ဖမ်းဆီးသိမ်းဆည်းခြင်းနှင့် ဒဏ်ငွေပေးချေရမည့် မူဝါဒတွေကို ပြောင်းလဲကျင့်သုံးဖို့ရာ စတင်ဆော် သြမှုတွေလုပ် လာတာနဲ့ သယ်ယူပို့ဆောင်ရေးဌာနမှ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို ရည်ရွယ်ဦး တည်သည့် ယာဉ်ပိုင်ဆိုင်သူတွေကို တရားဝင်မှတ်ပုံတင်ခွင့်နှင့် ယာဉ်မောင်းလိုင်စင် လုပ်ပိုင်ခွင့်တွေကို တပြိုင်နက်တည်းဆိုသလို ခွင့်ပြုလိုက်တာပဲဖြစ်တယ်။
အစောပိုင်း စေ့စပ်ညှိနှိုင်းမှုတွေတုန်းကတော့ အောင်မြင်မှုမရခဲ့ပေမယ့်လို့ ရှမ်းအလုပ်သ မားတွေ အနေဖြင့် သူတို့ပိုင်ဆိုင်သည့် ယာဉ်တွေကို တရားဝင်မှတ်ပုံတင်ခွင့် ရရှိနိုင်ဖို့နှင့် ယာဉ်မောင်းလိုင်စင် လုပ်ပိုင်ခွင့်ရဖို့အတွက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီ အစဉ်မှ ကူညီထောက်ပံ့မှုတွေ ပေးခဲ့သေးတယ်။ ဒီအဆိုပြုတင်သွင်းချက်ဟာ အပယ် ခံရပေမယ့်လို့ နောက်ဆုံးမှာတော့ ဒီဆုံးဖြတ်ချက်ချပြီး အကောင်အထည်ဖော်လိုက်ရ တာပါပဲ။
သယ်ယူပို့ဆောင်ရေးဌာနမှ ဒီအခွင့်အရေးတွေနဲ့ သက်ဆိုင်တဲ့သဘောတူညီချက် အာမ ခံတွေကို တရားဝင်အနေနဲ့ အောက်တိုဘာ လ ၁၃ ရက် ၂၀၀၉ ခုနှစ်မှာ ထုတ်ပြန် ကြေငြာမှာဖြစ်ပေမယ့် ဒီဆုံးဖြတ်ချက်နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေ ကို တော့ လူထုသိရှိအောင် သတင်းအဖြစ် သယ်ယူပို့ဆောင်ရေးဌာနမှ ကြေငြာချက်ထုတ် မှာဖြစ်တယ်။
နောက်ဆုံးအနေနဲ့ ကောက်ချက်ချပြောဆိုရသော် ထိုင်းနိုင်ငံအတွင်းမှီတင်းနေထိုင် နေ ကြကုန်သော လူမျိုးစုတိုင်းရင်းသားအားလုံးရဲ့ အခွင့်အရေးတွေအပေါ် အသိအမှတ်ပြု လက်ခံလိုက်တဲ့ အောင်မြင်မှုပထမ ခြေလှမ်းတရပ်ရဲ့ အထိမ်းအမှတ်လို့ ဆိုရမှာပဲ ဖြစ်တယ်။ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အနေနဲ့ မူဝါဒတွေကို ပြန် လည်ပြင်ဆင်ဖို့ရာအတွက် အချိန်အတော်ကြာစောင့်ဆိုင်းမှသာ ထိုင်းအစိုးရအနေဖြင့် ထိုင်းနိုင်ငံအတွင်း တရားမ၀င် ရွှေ့ပြောင်းအခြေချနေထိုင်သူ တိုင်းရင်းသား လူမျိုးစု တွေနှင့် အလုပ်သမားတွေရဲ့ လူနှင့် လူမှုရေးဆိုင်ရာ အခွင့်အရေးတွေကို အသိအ မှတ်ပြုပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသားဆိုသည့် ခေါင်းစည်းတပ်မှုအောက်မှ လွတ်ကင်းစွာ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ခြင်းဖြစ်တယ်။ ခုပြုမူလုပ် ဆောင်ချက်ဟာ ထိုင်းနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရတင်မက လူ့အခွင့်အ ရေးဆိုင်ရာ စံသတ်မှတ်ချက်နှင့်ပါ ကိုက်ညီဆီလျော်မှုရှိတယ်လို့ ဆိုရမှာပဲ။
လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်သည် ထိုင်း နိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ စံသတ်မှတ်ချက်တွေကို တရားဝင်မှတ်ပုံတင် ပြီး ထိုင်းနိုင်ငံအတွင်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသော အဖွဲ့အ စည်းတရပ်ဖြစ်သည်။
ဒီထုတ်ပြန်ကြေငြာချက်နဲ့ ပတ်သက်လို့ အပြည့်စုံသိဖို့ရာ ဆက်သွယ်မေးမြန်းနိုင်မည့် လိပ်စာတွေက…
Gothom Arya (ဥက္ကဋ္ဌ,HRDF):+66 818 280916 (ထိုင်း/အင်္ဂလိပ်)
Andy Hall (ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေအတွက် ဥပဒေကြောင်းဆိုင်ရာ ညွှန်ကြား ရေးမှူး၊ HRDF):+66 846 119209 (အင်္ဂလိပ်/ထိုင်း)
Sumitchai Hattasan (ညွှန်ကြားရေးမှူး၊ နည်းလမ်းတကျ ကာကွယ်စောင့်ရှောက်ရေး နှင့် ပြန်လည်နေ ရာချထားရေးဆိုင်ရာ အဖွဲ့အစည်း):+66 819 507575 (ထိုင်း)
HRDF’s Migrant Justice Programma:+ 66 830 139736 ( မြန်မာ/ ထိုင်း)
No comments:
Post a Comment