Monday, November 2, 2009

ရောင်းစားခံရသောအလုပ်သမားများအား ကယ်တင်ပေးလိုက်သောစာအုပ်

၂၉.၁၀.၂၀၀၉ (၁၀ နာရီ) အချိန်တွင် ခွန်အားသစ် အလုပ်သမားများဖွဲ့သို့ မဟာချိုင်ရှိ ငါးဖမ်းစက်လှေပေါ်တွင် မြန်မာအလုပ်သမား (၃၀) ဦး ရောင်းစားခံနေရကြောင်း ဖုန်း ဖြင့်အကြောင်းကြား အကူညီတောင်းခံလာပါသည်။

ဖြစ်စဉ်ကိုမေးမြန်းရာ မြဝတီမှ မဟာ ချိုင်သို့ မိုးဝေ ဆိုသော ပွဲစားမှခေါ်ဆောင်လာပြီး အလုပ်သမားတဦးလျှင် ထိုင်းဘတ် (၁၈၀၀၀) နှုန်းဖြင့် မဟာချိုင်ရှိ ငါးဖမ်းလှေပိုင် ထိုင်း သူဋ္ဌေး (အမည်မသိ) သူထံတွင်ရောင်း စားခဲ့ပါသည်။

ရောင်းစား ခံနေရသော အလုပ်သမားတွေက M.A.P Foundation မှ အခမဲ့ ထုတ်ဝေ သော Migrant Diary ထဲမှ မဟာချိုင်ရှိ (NGO) အဖွဲ့အစည်း ဖုန်းနံပါတ် များရှာဖွေပေး ပြီး အကူအညီတောင်းခံခဲ့ရာ မဟာချိုင်ရှိ (L.P.N) အလုပ်သမားအခွင့် အရည်အချင်း မြှင့်တင်ရေးအဖွဲ့မှ အကူအညီပေး ကယ်တင်ခဲ့သောကြောင့် ရောင်းစားခံခဲ့ရသော မြန် မာအလုပ်သမား (၆) ဦးလွတ်မြောက်လာခဲ့ကြောင်း ရောင်းစားခံရခြင်းမှ လွတ်မြောက် လာသော အလုပ်သမားတဦးမှ ပြန်လည်အကြောင်းကြားခဲ့ပါသည်။ လွတ်မြောက်လာ ခဲ့သော အလုပ်သမား (၆) ဦးအား (LPN) အဖွဲ့မှ ဆက်လက် အကူအညီပေးနေကြောင်း သိရှိရပါသည်။

No comments: