မြန်မာ၊ လောနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ 2010ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းအထိ နောက်ထပ် 2 နှစ် သက်တမ်းတိုးခွင့်ပြုကြောင်း ကြေငြာသည်။
20 / 01 / 2010 နေ့တွင် အလုပ်သမား လက်မှတ် သက်တမ်းကုန်ဆုံးမည့် အလုပ်သမားများအား 28 / 02 / 2010 ရက် နောက်ဆုံးထားပြီး သက်တမ်းတိုးခွင့်ပြုသည်။(မဲဆောက် - အလုပ်သမားရှာဖွေရေးတွင်)
အဆင့် ၁
အလုပ်ရှင်သည် ယနေ့မှစ၍် အောက်ပါ စာရွက်စာတမ်းများ ယူဆောင်ပြီး အလုပ်သမားရှာဖွေခန့်ထားရေးရုံးတွင် အလုပ်သမားငှားရမ်းခွင့်ဦးရေ (ကိုးတာ့စာရွက်)အား သွားရောက်တောင်းယူနိုင်သည်။
သာမန်လုပ်ငန်းရှင်များအတွက် ...
1.အလုပ်ရှင်၏ အမျိုးသားမှတ်ပုံတင်ကဒ်(မိတ္တူ) နှင့် အိမ်ထောင်စုစာရင်း(မိတ္တူ)
2.ပုတ်ပြတ်အလုပ် အငှားလက်ခံ စာချုပ်
3.ရွှေ့ပြောင်းအလုပ်သမား ငှားရမ်းရသည့် သက်သေအကြောင်းအရာ- ဥပမာ ... ကုန်ထုတ်လုပ်ငန်း၊ စက်မှုလုပ်ငန်း မြေဝယ် / ငှား စာချုပ် စသည်ဖြင့်.......
4.အလုပ်တည်နေရာပြမြေပုံ
အဖွဲ့အစည်းဖြစ်ပါက ...
1.တရားဝင်မှတ်ပုံတင်ထားသည့် အထောက်အထား(မိတ္တူ)
2.ရွှေ့ပြောင်းအလုပ်သမား ငှားရမ်းရသည့် သက်သေအကြောင်းအရာ- ဥပမာ .. ကုန်ထုတ်၊ သယ်ယူ၊ ပို့ဆောင်၊မြေဝယ် / ငှား စာချုပ် စသည်ဖြင့်.........
3.အလုပ်တည်နေရာပြမြေပုံ
(အလုပ်သမား ငှားရမ်းခွင့်ဦးရေ (ကိုးတာ့စာရွက်)အား နေ့စဉ် သွားရောက် တောင်းယူနိုင်သည်။)
အဆင့် ၂
အလုပ်သမားများ သက်ဆိုင်ရာ အစိုးရဆေးရုံတွင် ဆေးစစ်ရမည်။(မဲဆောက် ဆေးရုံကြီး)
သွေးစစ်နိုင်သော အချိန် - (နေ့လည် ၁း၀၀ မှ ညနေ ၄း၃၀ထိ - နေ့တိုင်းသွေးစစ်နိုင်သည်)
(၂၈ရက် ဖေဖေါ်ဝါရီလ ၂၀၁၀ ခုနှစ် နောက်ဆုံး)
အဆင်သင့် ပြင်ဆင်သွားရမည့်အရာများ
အလုပ်သမားကဒ်ပန်းရောင် သို့မဟုတ် နေထိုင်ခွင့်လက်မှတ် ထောရော38/1
တခါတရံ ဆေးရုံဝန်ထမ်းမှ အလုပ်သမားငှားရမ်းခွင့်ဦးရေ(ကိုးတာ့စာရွက်) သို့မဟုတ် အလုပ်သမား၏ဓါတ်ပုံ တောင်းနိုင်သည်။
ကျန်းမာရေးစစ်ဆေးခြင်းနှင့် အာမခံကြေး 1900 ဘတ်
အဆင့် ၎
အလုပ်ရှင်က အလုပ်သမားများအား ခေါ်ပြီး အလုပ်သမားရှာဖွေခန့်ထားရေးရုံးတွင် လက်မှတ်သွားလုပ်ပေးသည့်အခါ အောက်ပါစာရွက်များ ယူသွားရမည်။
1.နေထိုင်ခွင့်လက်မှတ် ထောရော 38/1 နှင့် မိတ္တူ
2.အလုပ်ရှင်၏ အမျိုးသားမှတ်ပုံတင်ကဒ်(မိတ္တူ) နှင့် အိမ်ထောင်စုစာရင်း(မိတ္တူ)
3.အလုပ်သမားငှားရမ်းခွင့်ဦးရေ(ကိုးတာ့စာရွက်)
4.ဆေးစစ်ချက်ထောက်ခံစာ
5.တောထော 13 ပုံစံစာရွက် (အချက်အလက်ဖြည့်စွက်ရေးသွင်းရန်) *အလုပ်သမားရုံးတွင်
သွားယူနိုင်သည်။*
၆.အလုပ်တည်နေရာပြမြေပုံ
ဆေးမစစ်ရသေးသည့် အလုပ်သမားများအနေဖြင့် 28 / 02 / 2010 မတိုင်ခင် အလုပ်သမားရှုာဖွေခန့်ထားရေးရုံးတွင် အမှတ်စဉ် သွားရောက်တောင်းယူပြီး (အမှတ်စဉ် သွားယူလျှင် 100 ဘတ်ပေးရမည်။) သွေးစစ်ရမည်။ ဆေးစစ်ခက်ထောက်ခံစာ ရပြီးလျှင် အထက်ပါ အဆင့်များအတိုင်း လက်မှတ်ပြုလုပ်ရမည်ဖြစ်သည်။
ဝန်ဆောင်ခ ကျသင့်ငွေ(မဲဆောက်) အသစ်ပြင်ဆင်သည်မှာ...
မှတ်ပုံတင်ခ 100 ဘတ်
ငှားရမ်းခွင့် 3 လ သက်တမ်းတွင် 225 ဘတ်
ငှားရမ်းခွင့် ၃လ မှ 6 လ သက်တမ်းအတွင်း 450 ဘတ်
ငှားရမ်းခွင့် 1 နှစ် သက်တမ်းတွင် 900 ဘတ်
အလုပ်သမားလက်မှတ် ဝန်ဆောင်ခ အခြားအချက်များ ...
1.အလုပ်သမားလက်မှတ် အစားထိုးလက်မှတ် 200 ဘတ်
2.လုပ်ငန်းအမျိုးအစား တိုးချဲ့ သို့မဟုတ် ပြောင်းလဲခြင်း 900 ဘတ်
3.အလုပ်ရှင်ဦးရေတိုး သို့မဟုတ် ပြောင်းလဲခြင်း 900 ဘတ်
4.အလုပ်နေရာ တိုးချဲ့ သို့မဟုတ် ပြောင်းလဲခြင်း 900 ဘတ်
(တကြိမ်လျှင် 3 နေရာထိသာ ပြောင်းလဲခွင့်ရှိသည်။)
5.အလုပ်လုပ်ခွင့်ရှိသည့် အလုပ်အား တိုးချဲ့ခြင်း သို့မဟုတ် ပြောင်းလဲခြင်း 150 ဘတ်
အောက်ပါအခြေအနေများမှ အပ အလုပ်သမားများအနေဖြင့် အလုပ်ရှင်အား ပြောင်းလဲခွင့် မရှိ။
1.အလုပ်ရှင် သေဆုံးခြင်း
2.အလုပ်ရှင် လုပ်ငန်းရပ်ဆိုင်းခြင်း
3.အလုပ်ရှင်မှ ညှင်းပန်းနှိပ်စက်ခြင်း
4.အလုပ်သမားကာကွယ်ရေးဥပဒေအတိုင်း မလိုက်နာနိုင်သော အလုပ်ရှင်
အလုပ်သမားလက်မှတ်အား အောက်ပါအတိုင်း လုပ်ငန်းအမျိုးအစားအလိုက် အရောင်ခွဲခြားထားသည်။
မိုးပြာရောင် ရေလုပ်ငန်း (ငါး၊ပုဇွန်ရွေးလုပ်ငန်း)
လိမ္မော်ရောင် ပင်လယ်တံငါလုပ်ငန်း
အစိမ်းရောင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း
အဝါရောင် ဆောက်လုပ်ရေးလုပ်ငန်း
ခဲရောင် အိမ်အလုပ်သမား
အညိုရောင် အခြား
ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားစစ်မှန်ကြောင်း စိစစ်ရေးရုံးမှ ထုတ်ပေးသော စာရွက်ပုံစံအား တွဲလျက် အလုပ်သမား ရှာဖွေခန့်ထားရေးရုံးသို့ 28 / 02 / 2010 နေ့ မတိုင်မီ ပို့ပေးရမည်။ (နိုင်ငံသား စိစစ်ရေး ပုံစံဖောင်ဖြည့်စွက်ထားခြင်းမရှိပါက အလုပ်သမားလက်မှတ် သက်တမိးတိုး ပေးမည် မဟုတ်ပါ)
စုံစမ်းမေးမြန်းရန်
မဲဆောက်အလုပ်သမား ရှာဖွေခန့်ထားရေးရုံး
ဖုံးနံပါတ်
☏ ၀၅၅ ၅၃၄ ၆၃၉ နှင့် ၀၅၅ ၅၃၄ ၆၄၀
မက်ပ်ဖောင်ဒေးရှင်း
တိုင်းရင်းသားကျန်းမာရေးနှင့် ပညာပေး အစီအစဉ်
နေ့စဉ် နံနက် ၉း၀၀ မှ ညနေ ၅း၀၀ နာရီထိ (ပိတ်ရက်မရှိ)
ဖုံးနံပါတ် ...
☏ ၀၅၅ ၅၃၆ ၆၈၅
☏ ၀၅၅ ၅၄၂ ၆၂၂
☏ ၀၈၃ ၆၂၁ ၀၉၄ ၎
No comments:
Post a Comment