မြန်မာ၊ လောနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ 2010ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းအထိ နောက်ထပ် 2 နှစ် သက်တမ်းတိုးခွင့်ပြုကြောင်း ကြေငြာသည်။
20 / 01 / 2010 နေ့တွင် အလုပ်သမား လက်မှတ် သက်တမ်းကုန်ဆုံးမည့် အလုပ်သမားများအား 28 / 02 / 2010 ရက် နောက်ဆုံးထားပြီး သက်တမ်းတိုးခွင့်ပြုသည်။(မဲဆောက် - အလုပ်သမားရှာဖွေရေးတွင်)
အဆင့် ၁
အလုပ်ရှင်သည် ယနေ့မှစ၍် အောက်ပါ စာရွက်စာတမ်းများ ယူဆောင်ပြီး အလုပ်သမားရှာဖွေခန့်ထားရေးရုံးတွင် အလုပ်သမားငှားရမ်းခွင့်ဦးရေ (ကိုးတာ့စာရွက်)အား သွားရောက်တောင်းယူနိုင်သည်။
သာမန်လုပ်ငန်းရှင်များအတွက် ...
1.အလုပ်ရှင်၏ အမျိုးသားမှတ်ပုံတင်ကဒ်(မိတ္တူ) နှင့် အိမ်ထောင်စုစာရင်း(မိတ္တူ)
2.ပုတ်ပြတ်အလုပ် အငှားလက်ခံ စာချုပ်
3.ရွှေ့ပြောင်းအလုပ်သမား ငှားရမ်းရသည့် သက်သေအကြောင်းအရာ- ဥပမာ ... ကုန်ထုတ်လုပ်ငန်း၊ စက်မှုလုပ်ငန်း မြေဝယ် / ငှား စာချုပ် စသည်ဖြင့်.......
4.အလုပ်တည်နေရာပြမြေပုံ
အဖွဲ့အစည်းဖြစ်ပါက ...
1.တရားဝင်မှတ်ပုံတင်ထားသည့် အထောက်အထား(မိတ္တူ)
2.ရွှေ့ပြောင်းအလုပ်သမား ငှားရမ်းရသည့် သက်သေအကြောင်းအရာ- ဥပမာ .. ကုန်ထုတ်၊ သယ်ယူ၊ ပို့ဆောင်၊မြေဝယ် / ငှား စာချုပ် စသည်ဖြင့်.........
3.အလုပ်တည်နေရာပြမြေပုံ
(အလုပ်သမား ငှားရမ်းခွင့်ဦးရေ (ကိုးတာ့စာရွက်)အား နေ့စဉ် သွားရောက် တောင်းယူနိုင်သည်။)
အဆင့် ၂
အလုပ်သမားများ သက်ဆိုင်ရာ အစိုးရဆေးရုံတွင် ဆေးစစ်ရမည်။(မဲဆောက် ဆေးရုံကြီး)
သွေးစစ်နိုင်သော အချိန် - (နေ့လည် ၁း၀၀ မှ ညနေ ၄း၃၀ထိ - နေ့တိုင်းသွေးစစ်နိုင်သည်)
(၂၈ရက် ဖေဖေါ်ဝါရီလ ၂၀၁၀ ခုနှစ် နောက်ဆုံး)
အဆင်သင့် ပြင်ဆင်သွားရမည့်အရာများ
အလုပ်သမားကဒ်ပန်းရောင် သို့မဟုတ် နေထိုင်ခွင့်လက်မှတ် ထောရော38/1
တခါတရံ ဆေးရုံဝန်ထမ်းမှ အလုပ်သမားငှားရမ်းခွင့်ဦးရေ(ကိုးတာ့စာရွက်) သို့မဟုတ် အလုပ်သမား၏ဓါတ်ပုံ တောင်းနိုင်သည်။
ကျန်းမာရေးစစ်ဆေးခြင်းနှင့် အာမခံကြေး 1900 ဘတ်
အဆင့် ၎
အလုပ်ရှင်က အလုပ်သမားများအား ခေါ်ပြီး အလုပ်သမားရှာဖွေခန့်ထားရေးရုံးတွင် လက်မှတ်သွားလုပ်ပေးသည့်အခါ အောက်ပါစာရွက်များ ယူသွားရမည်။
1.နေထိုင်ခွင့်လက်မှတ် ထောရော 38/1 နှင့် မိတ္တူ
2.အလုပ်ရှင်၏ အမျိုးသားမှတ်ပုံတင်ကဒ်(မိတ္တူ) နှင့် အိမ်ထောင်စုစာရင်း(မိတ္တူ)
3.အလုပ်သမားငှားရမ်းခွင့်ဦးရေ(ကိုးတာ့စာရွက်)
4.ဆေးစစ်ချက်ထောက်ခံစာ
5.တောထော 13 ပုံစံစာရွက် (အချက်အလက်ဖြည့်စွက်ရေးသွင်းရန်) *အလုပ်သမားရုံးတွင်
သွားယူနိုင်သည်။*
၆.အလုပ်တည်နေရာပြမြေပုံ
ဆေးမစစ်ရသေးသည့် အလုပ်သမားများအနေဖြင့် 28 / 02 / 2010 မတိုင်ခင် အလုပ်သမားရှုာဖွေခန့်ထားရေးရုံးတွင် အမှတ်စဉ် သွားရောက်တောင်းယူပြီး (အမှတ်စဉ် သွားယူလျှင် 100 ဘတ်ပေးရမည်။) သွေးစစ်ရမည်။ ဆေးစစ်ခက်ထောက်ခံစာ ရပြီးလျှင် အထက်ပါ အဆင့်များအတိုင်း လက်မှတ်ပြုလုပ်ရမည်ဖြစ်သည်။
ဝန်ဆောင်ခ ကျသင့်ငွေ(မဲဆောက်) အသစ်ပြင်ဆင်သည်မှာ...
မှတ်ပုံတင်ခ 100 ဘတ်
ငှားရမ်းခွင့် 3 လ သက်တမ်းတွင် 225 ဘတ်
ငှားရမ်းခွင့် ၃လ မှ 6 လ သက်တမ်းအတွင်း 450 ဘတ်
ငှားရမ်းခွင့် 1 နှစ် သက်တမ်းတွင် 900 ဘတ်
အလုပ်သမားလက်မှတ် ဝန်ဆောင်ခ အခြားအချက်များ ...
1.အလုပ်သမားလက်မှတ် အစားထိုးလက်မှတ် 200 ဘတ်
2.လုပ်ငန်းအမျိုးအစား တိုးချဲ့ သို့မဟုတ် ပြောင်းလဲခြင်း 900 ဘတ်
3.အလုပ်ရှင်ဦးရေတိုး သို့မဟုတ် ပြောင်းလဲခြင်း 900 ဘတ်
4.အလုပ်နေရာ တိုးချဲ့ သို့မဟုတ် ပြောင်းလဲခြင်း 900 ဘတ်
(တကြိမ်လျှင် 3 နေရာထိသာ ပြောင်းလဲခွင့်ရှိသည်။)
5.အလုပ်လုပ်ခွင့်ရှိသည့် အလုပ်အား တိုးချဲ့ခြင်း သို့မဟုတ် ပြောင်းလဲခြင်း 150 ဘတ်
အောက်ပါအခြေအနေများမှ အပ အလုပ်သမားများအနေဖြင့် အလုပ်ရှင်အား ပြောင်းလဲခွင့် မရှိ။
1.အလုပ်ရှင် သေဆုံးခြင်း
2.အလုပ်ရှင် လုပ်ငန်းရပ်ဆိုင်းခြင်း
3.အလုပ်ရှင်မှ ညှင်းပန်းနှိပ်စက်ခြင်း
4.အလုပ်သမားကာကွယ်ရေးဥပဒေအတိုင်း မလိုက်နာနိုင်သော အလုပ်ရှင်
အလုပ်သမားလက်မှတ်အား အောက်ပါအတိုင်း လုပ်ငန်းအမျိုးအစားအလိုက် အရောင်ခွဲခြားထားသည်။
မိုးပြာရောင် ရေလုပ်ငန်း (ငါး၊ပုဇွန်ရွေးလုပ်ငန်း)
လိမ္မော်ရောင် ပင်လယ်တံငါလုပ်ငန်း
အစိမ်းရောင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း
အဝါရောင် ဆောက်လုပ်ရေးလုပ်ငန်း
ခဲရောင် အိမ်အလုပ်သမား
အညိုရောင် အခြား
ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားစစ်မှန်ကြောင်း စိစစ်ရေးရုံးမှ ထုတ်ပေးသော စာရွက်ပုံစံအား တွဲလျက် အလုပ်သမား ရှာဖွေခန့်ထားရေးရုံးသို့ 28 / 02 / 2010 နေ့ မတိုင်မီ ပို့ပေးရမည်။ (နိုင်ငံသား စိစစ်ရေး ပုံစံဖောင်ဖြည့်စွက်ထားခြင်းမရှိပါက အလုပ်သမားလက်မှတ် သက်တမိးတိုး ပေးမည် မဟုတ်ပါ)
စုံစမ်းမေးမြန်းရန်
မဲဆောက်အလုပ်သမား ရှာဖွေခန့်ထားရေးရုံး
ဖုံးနံပါတ်
☏ ၀၅၅ ၅၃၄ ၆၃၉ နှင့် ၀၅၅ ၅၃၄ ၆၄၀
မက်ပ်ဖောင်ဒေးရှင်း
တိုင်းရင်းသားကျန်းမာရေးနှင့် ပညာပေး အစီအစဉ်
နေ့စဉ် နံနက် ၉း၀၀ မှ ညနေ ၅း၀၀ နာရီထိ (ပိတ်ရက်မရှိ)
ဖုံးနံပါတ် ...
☏ ၀၅၅ ၅၃၆ ၆၈၅
☏ ၀၅၅ ၅၄၂ ၆၂၂
☏ ၀၈၃ ၆၂၁ ၀၉၄ ၎
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
Wednesday, February 3, 2010
Saturday, January 23, 2010
အလုပ်သမား ယာယီပတ်စပို့စ်အကြောင်း(MOU)
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်လုပ်နေသော မြန်မာအလုပ်သမားများအား ထိုင်းမြန်မာနှစ် နိုင်ငံသဘောတူ စာချုပ်အရ ယာယီပတ်စပိုစ့်ပြုလုပ်ပေးနေသည်မှာ ကြာပြီဖြစ်သော်လည်း 2010,Jan ထိပြုလုပ်ပြီးသူ လူဦးရေမှာ ၈၀၀၀ ကျော်ခန့်သာ ရှိပါသေးသည်။ ထိုင်းနိုင်ငံ ချွန်ပူလီ ပစ္စလုတ်နှင့် ဆူကိုထိုင်းစသည့် ဒသေများမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အများဆုံးဖြစ်ပါသည်။ ကျန်ဒေသများမှာလုပ်ဆောင်ကြခြင်း သိပ်မတွေ့ရသေးပါ။ နှစ်နိုင်ငံ အစိုးရ သဘောတူညီချက်အရ ယာယီပတ်စပိုစ့်ပြုလုပ်ခြင်းကိစ္စအား ထိုင်းခုနှစ် ၂၅၅၅ (အင်္ဂလိပ်၂၀၁၂) ခုနှစ်အတွင်း အပြီးပြုလုပ်သွားရန်စီစဉ်ထားပါသည်။
သို့သော်လည်းပတ်စပိုစ့်လုပ်ရန် အလုပ်သမားများလျှောက်လွှာတင်ခြင်းကိစ္စအား ၂၀၁၀, Feb , ၂၈ ရက်နေ့ နောက်ဆုံးသတ်မှတ်ထားပါသည်။
ပြုလုပ်ရပုံအဆင့်များအား အတိုချုပ်ဖော်ပြလိုက်ပါသည် …
၁။ မိမိတို့နီးစပ်ရာ အလုပ်သမားရှာဖွေရေးရုံး (ကျတ်ဟာငန်း) တွင် လျှောက်လွှာတောင်း ယူကာ ဖောင်ဖြည့်ရပါမည်။ (မှတ်ချက်) တချို့အလုပ်သမားများသည် မြန်မာနိုင်ငံ မှတ်ပုံ တင် အမည်နှင့် ထိုင်းနိုင်ငံမှပြုလုပ်ပေးသော နေထိုင်ခွင့်အမည်များ ကွဲလွှဲနေတတ်ပါသည်။ ထိုသို့ဖြစ်နေပါက မြန်မာစာဘက်အခြမ်းတွင် မြန်မာလိုဖြည့်စွက်ပြီး ထိုင်းစာဘက်အခြမ်း တွင် နေထိုင်ခွင့်ထဲက အမည်ကိုပဲဖြည့်ရပါမယ်။ မှတ်ပုံတင်မရှိသောသူများသည် မိမိတို့ နာ မည်နှင့် နေရပ်လိပ်စာကို သေချာစွာထည့်ခြင်းဖြင့် လျှောက်လွှာတင်နိုင်ပါသည်။ လျှောက် လွှာတွင် အလုပ်ရှင်အမည်နှင့်လိပ်စာကို တိကျစွာရေးထည့်ရပါမည်။
၂။ ဖောင်ဖြည့်ပြီးလျှင် တစ်လက်မ လိုင်စင်ဓာတ်ပုံ နှစ်ပုံကပ်ရပါမည်။ လက်မှတ်ထိုးရမည်။
၃။ လျှောက်လွှာဖြည့်ပြီးလျှင် အလုပ်သမားကာကွယ်ရေးရုံးတွင် သွားရောက်တင်ရပါမည်။ ၎င်းကိစ္စများပြုလုပ်ဆောင်ရွက်ခြင်းသည် အလုပ်ရှင်မပါပဲ အလုပ်သမားကိုတိုင် ပြုလုပ် ဆောင် ရွက်နိုင်ပါသည်။ ထို့နောက် ၎င်းလျှေက်လွှာအား အလုပ်သမားကာ ကွယ်ရေးရုံး မှ မြန်မာနိုင်ငံသံရုံးသို့ ပေးပို့မည်ဖြစ်ပါသည်။ သံရုံးမှလိုအပ်သည်များကို စစ်ဆေးပြီးသေအခါ ထိုင်းအလုပ်သမားရှာဖွေရေးရုံးသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်သည်။ ၎င်းမှတဆင့် မိမိ တို့ သက်ဆိုင်ရာ အလုပ်ရှင်သို့ အကြောင်းကြားပေးမည်ဖြစ်ပါသည်။
ထို့နောက် ဆက်လက်ဆောင်ရွက်ရသည်များမှာ အလုပ်သမားရှာဖွေရေးရုံးမှ ပြန်ကျလာ သောလျှောက်လွှာကို ယူဆောင်ကာ အလုပ်ရှင်ကိုယ်တိုင် သို့မဟုတ်ပါက အလုပ်ရှင်မှ လွှဲ ထားသောကိုယ်စားလှယ်နှင့် အလုပ်သမားကိုယ်တိုင် သွားရောက်လုပ်ဆောင်ရမည်ဖြစ် ပါ သည်။
သွားရောက်လုပ်ဆောင်ရမည့်နေရာမှားမှာ မြန်မာနိုင်ငံနယ်စပ်များဖြစ်ကြသော မြ၀တီ၊ ကော့သောင်း၊ တာချီလိတ်စသည့် နေရာများဖြစ်ပါသည်။ အထက်ပါအဆင့်ဆင့် လုပ် ဆောင်ပြီးသောအခါ လျှောက်လွှာကိုကိုင်ဆောင်၍ နယ်စပ်သို့ သွားရောက်ရပါမည်။ ထို့နောက် မြန်မာနိုင်ငံသို့မကူးခင် ထိုင်းနိုင်ငံဘက်အခြမ်းတွင် ထိုင်းတောမောင်း (လ၀က) များမှ လျှောက်လွှာများကို ထပ်မံစစ်ဆေးခြင်းခံရပါမည်။ ၎င်းတို့စစ်ဆေးအတည်ပြုပြီးမှ မြန် မာနိုင်ငံဘက်ကမ်း ယာယီပတ်စပို့စ် လုပ်ပေးသောနေရာတွင် သွားရောက်လုပ်ဆောင်ရပါ မည်။ မြန်မာနိုင်ငံဘက်ခြမ်းတွင် ပတ်စပို့စ်ကြေး တရားဝင်ကုန်ကျငွေကတော့ ၃၅၀၀ ကျပ် တိတိပဲ ကုန်ကျပါမည်။
ထို့နောက် မြန်မာနိုင်ငံမှ ပတ်စပို့စ်ပြုလုပ်ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခါ ထိုင်း ဘက်တွင်တခါပြန်လည်ကာ Labour Alien ဗီဇာကို မြန်မာနိုင်ငံမှရရှိလာသော ယာယီ ပတ် စပို့စ်ပေါ်တွင် နှစ်နှစ်စာအတွက် တံဆိပ်ထုပေးမည် ဖြစ်ပါသည်။ ထို့အတွက် ကုန်ကျစရိတ် ကတော့ ဘတ်ငွေ ၅၀၀ ကုန်ကျမည်ဖြစ်ပါသည်။ ၎င်းအဆင့်လုပ်ဆောင်ပြီးသော အလုပ် သမားများသည် ထိုင်းနိုင်အနှံ့သွားရောက်နိုင်ပါသည်။ ဒါပေမဲ့ ရက်ပေါင်း ၉၀ တခါ (၃လတကြိမ်) မိမိတို့နယ်မြေနှင့် နီးစပ်ရာ (တောမောင်းရုံး) တို့တွင် သွားရောက်ကာ လက် မှတ်ထိုးခြင်းတို့ကို ပြုလုပ်သွားကြရမည်ဖြစ်ပါသည်။ ရက်ပေါင်း ၉၀ မပြည့်ခင် (၇) ရက် - ပြည့်ပြီး (၇) ရက်အတွင်းသွားရောက်ကာ ဖောင်ဖြည့်ခြင်း လက်မှတ်ထိုးခြင်းတို့ကို ပြုလုပ် နိုင်ပါသည်။ ထို့ထက်ကျော်လွန်သွားပါက ထိုင်းဘတ်ငွေ ၂၀၀၀ ကို ဒဏ်ဆောင်ရမည် ဖြစ် ပါသည်။
အလုပ်သမားများ ယာယီပတ်စပို့စ် ကိုင်ဆောင်ထားသော်လဲ အလုပ်သမားကဒ်အတွက် သွေးစစ်ခြင်း လက်ဗွေနှိပ်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်ပါသည်။ ပစ်စ ပို့စ် ရရှိသွားသော အလုပ်သမားများအတွက် သွေးစစ်ခ ၁၉၀၀ နှင့် အလုပ်သမားကဒ် အတွက် ၁၀၀၀ ဘတ်သာဖြစ်ပြီးစုစုပေါင်း ၂၉၀၀ ဘတ်သာ ကုန်ကျမည် ဖြစ်ပါသည်။ အရင်လို ၃၈၀၀ ဘတ် မကုန်ကျတော့ပါ။ အလုပ်ရှင်ပြောင်းလိုသူများအတွက် ၁၀၀၀ ဘတ်ပေးဆောင်ရပါမည်။ နောက်ထပ်အလုပ်တမျိုးကို အလုပ်ရှင်တဦးနှင့် ထပ်မံလုပ် ဆောင်လိုပါက ၁၀၀၀ ဘတ်ထပ်မံပေးဆောင်ရပါမည်။ အလုပ်ရှင်နှစ်ဦးနှင့် အလုပ်နှစ်မျိုး ပြုလုပ်နိုင်ပါကြောင်း။
(မှတ်ချက်) ယာယီပတ်စပို့စ် မပြုလုပ်ရသေးသော အလုပ်သမားများသည် လျှောက်လွှာ များကို 28/2/2010 နေ့ နောက်ဆုံးလျှောက်လွှာတင်ရမည်။ ယာယီပတ်စပို့စ်ကို 2012 အ တွင်းအပြီးလုပ်ဆောင်ရမည်။ ယာယီပတ်စပို့စ် မလုပ်ဆောင်ရသေးခင်မှာ သွေးစစ်ဖြင်း လက်ဗွေနှိပ်ခြင်းတို့ကို အရင်ကတိုင်းလုပ်ဆောင်ရပါမည်။
ရရှိသောသတင်းချက်လက်များကို စုစည်းထားခြင်း ဖြစ်ပါသည်
ဇူလိုင် ခွန်အားသစ်

Labels:
သတင်း
Monday, November 2, 2009
ရောင်းစားခံရသောအလုပ်သမားများအား ကယ်တင်ပေးလိုက်သောစာအုပ်
၂၉.၁၀.၂၀၀၉ (၁၀ နာရီ) အချိန်တွင် ခွန်အားသစ် အလုပ်သမားများဖွဲ့သို့ မဟာချိုင်ရှိ ငါးဖမ်းစက်လှေပေါ်တွင် မြန်မာအလုပ်သမား (၃၀) ဦး ရောင်းစားခံနေရကြောင်း ဖုန်း ဖြင့်အကြောင်းကြား အကူညီတောင်းခံလာပါသည်။
ဖြစ်စဉ်ကိုမေးမြန်းရာ မြဝတီမှ မဟာ ချိုင်သို့ မိုးဝေ ဆိုသော ပွဲစားမှခေါ်ဆောင်လာပြီး အလုပ်သမားတဦးလျှင် ထိုင်းဘတ် (၁၈၀၀၀) နှုန်းဖြင့် မဟာချိုင်ရှိ ငါးဖမ်းလှေပိုင် ထိုင်း သူဋ္ဌေး (အမည်မသိ) သူထံတွင်ရောင်း စားခဲ့ပါသည်။
ရောင်းစား ခံနေရသော အလုပ်သမားတွေက M.A.P Foundation မှ အခမဲ့ ထုတ်ဝေ သော Migrant Diary ထဲမှ မဟာချိုင်ရှိ (NGO) အဖွဲ့အစည်း ဖုန်းနံပါတ် များရှာဖွေပေး ပြီး အကူအညီတောင်းခံခဲ့ရာ မဟာချိုင်ရှိ (L.P.N) အလုပ်သမားအခွင့် အရည်အချင်း မြှင့်တင်ရေးအဖွဲ့မှ အကူအညီပေး ကယ်တင်ခဲ့သောကြောင့် ရောင်းစားခံခဲ့ရသော မြန် မာအလုပ်သမား (၆) ဦးလွတ်မြောက်လာခဲ့ကြောင်း ရောင်းစားခံရခြင်းမှ လွတ်မြောက် လာသော အလုပ်သမားတဦးမှ ပြန်လည်အကြောင်းကြားခဲ့ပါသည်။ လွတ်မြောက်လာ ခဲ့သော အလုပ်သမား (၆) ဦးအား (LPN) အဖွဲ့မှ ဆက်လက် အကူအညီပေးနေကြောင်း သိရှိရပါသည်။

Thursday, October 29, 2009
လုပ်အားခမပေးပဲ လူငှားသတ်ခိုင်းလို့ ထွက်ပြေးနေရတဲ့ ၃၈ ကီလိုမှ အလုပ်သမား ၃၀ ကျော်ရဲ့ ဒုက္ခ
တာ့ခ်ရိုင် မဲဆောက်မြို့အတွင်း ၃၉ ကီလို့ ဘန့်ဆန်ကျေးရွာတွင်နေထိုင်သော မျော့ လူမျိုး သဋ္ဌေးအမည်ခံ အချန့် ဆိုသူ အလုပ်ရှင်တဦးသည် နောင်ခရိုကျေးရွာအနီး ပုသု ကျေးရွာရှိ မကျည်းချုံတွင် မြန်မာပြည်သူပြည်သား ၃၀ ယောက် ကျော်အား တနေ့လျှင် လုပ်အားခ ၈၀ ဘတ် ပေးမည်ဟူပြောပြီး မကျည်းခြံအတွင်း ပဲ၊ သခွါး၊ ခရမ်းချဉ်၊ စပါး စ သည့်သီးနှံများကို ရာသီအလိုက် နနက် ၇ နာရီမှ နေ့လည် ၁၂ နာရီထိ၊ နေ့လည် ၁ နာရီ မှ ညနေ ၆ နာရီထိ ခိုင်းပြီးလုပ်အားခကိုတော့ ၇ ရက် အလုပ်လုပ်မှ ဘတ် ၁၀၀ ပဲထုတ်ပေးသည်။
အလုပ်သမားများရဲ့ ပြောပြချက်အရ ၎င်းသူဋ္ဌေးအမည်ခံ အချန် ဆိုသူသည် အလုပ်သ မားများအား ၇ ရက်အလုပ်လုပ်ပေးမှ ဘတ်ငွေ ၁၀၀ ပဲပေးပြီး အလုပ် တရက်ပျက်ပါက အရင်းကလုပ်ထားသည့် နေ့စားခအတွက်ငွေကို လုံးဝမပေးပါ၊ ဆိုလိုသည်မှာ .. အလုပ် သမားတဦးသည် အလုပ်ရက် ၆ ရက်လုပ်ထားပြီး သူဋ္ဌေးဆီမှာအလုပ်မရှိလို့ အခြား သူ ဋ္ဌေးတဦးစီမှာ အလုပ်သွားလုပ်လျှင် အရင်လုပ်ထားသော ၆ ရက်စာကို လုံးဝ မပေးပါ၊ အလုပ်သမားများကိုယ်လည်း အပြင်သို့ပေးမထွက်ဘူး၊ အလုပ်သမားများကငွေလိုလို့ လုပ်အားခငွေတောင်းလျှင်လည်း အချိန်ကိုယ်ဆွဲထားပြီး အကြောင်းအမျိုးမျိုးပြကာ မ ပေးပဲ အလုပ်ကိုယ်သာလျှင် ဖိခိုင်းထားတယ်၊ ကျန်းမာရေးမကောင်းလို့ အလုပ်နားဖို့ ခွင့် တောင်းလျှင်လည်း ခွင့်မပေးပဲ ဆဲဆိုကြိမ်းမောင်း၊သေနက်ပြပြီးခြိမ်းခြောက်တော့ အ လုပ်သမားများကကြောက်ပြီး လုပ်နေရတာပေါ့၊
အလုပ်သမားအများစုဟာ မြန်မာပြည် မှာမပြေလည်လို့ အလုပ်လားတက်လုပ်တဲ့ တော သူတောင်သားတွေပါ ဘာမှအသိပညာမရှိဘူး ငွေရယင်လုပ်မယ်ပေါ့၊ သူဋ္ဌေးကလည်း သူဋ္ဌေးကလည်း ဟိုနေ့ပေးမယ်၊ ဒီနေ့ပေးမယ်ဆိုပြီး ချော့ခိုင်းလိုက်၊ ခြောက်ခို်င်းလိုက် ဆိုတော့ အလုပ်သမားတွေဟာ လုပ်အားခကိုယ်တနေ့ရနိုး တနေ့ရနိုးနဲ့ အလုပ်တွေ လုပ်လားခဲ့ကြတာ ၁ နှစ်နဲ့ ၆ လလောက်ကြာတော့ သူဋ္ဌေးက အလုပ်သမားတွေရဲ့ ငွေ ကိုမပေးချင်ဘူး ဒါကြောင့် လူသတ်သမားငှားပြီး သက်ခိုင်းတောတာဘဲ လူသတ်သမား တွေကလည်း အလုပ်သမားတွေကိုယ်ကြည့်ပြီး သနားတာနဲ့မသတ်ဘဲ သူဋ္ဌေးငွေ တွေယူပြီး ထွက်ပြေးသွားတယ်၊ သူမသွားခင်မှာ သူဋ္ဌေးကသူ့ကိုငွေပေး သတ်ခိုင်းတယ် ဆိုတဲ့ အကြောင်းပြောသွားလို့ အလုပ်သမားတွေဟာ ညတွင်းချင်ပဲ နောင်ခရိုရွာမှာရှိတဲ့ ကရင်လူငယ်အဖွဲ့ အကူအညီနဲ့ ၂၅ အောက်တိုဘာလ ည ၈ နာရီအချိန်မှာ ခွန်းအား သစ်အလုပ်သမားများအဖွဲ့သို့ ရောက်ရှိခဲ့ပြီး ခွန်အားသစ် အလုပ်သမားရုံးတွင် ၂ ရက် တာပုန်းနေရတယ် ၂၆ ရက် အောက်တိုဘာ ညနေပိုင်းတွင် M.A.P foundation မှ အ လုပ်သမားအရေးလုပ်ပေးနေသော ကိုအေးနှင့်ဆက်သွယ်ပေးပြီး လိုအပ်သည့် သတင်း အချက်အလက်များကို ကောက်ယူသိမ်းစည်းထားခဲ့ပြီး ၂၈ ရက် အောက်တိုဘာလ နေ့ ခင်း ၁၂ နာရီခွဲအချိန်တွင် အလုပ်သမားများရှိနေသည့်နေရာအား အလုပ်ရှင်မှ စုံစမ်းသိ ရှိသွားလို့ အလုပ်သမားများ၏ လုံခြုံရေအရ ၂၈ ရက် အောက်တိုဘာလ နေ့လည် ၁ နာရီအချိန်တွင် မဲဆောက်မြို့ရှိ ဥပဒေအထောက်အကူပြုဌာန မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီအဖွဲ့သို့ ခေတ္တပြောင်းရွှေ့ပေးထားခဲ့ပါသည်။
နောက်ဆက်တွဲ သတင်းများကိုဆက်လက်ဖေါ်ပြပါမည်

Friday, September 11, 2009
မလေးရှားတွင် မြန်မာမိန်းကလေးအလုပ်သမများ နေထိုင်တဲ့အိမ်ကို အကြမ်းဖက်ဝင် ရောက် လုယက်
ပြည်ပနိုင်ငံ တွင်လာရောက် အလုပ်လုပ်ကိုင် နေသော မြန်မာအမျိုးသမီးများမှာ လုံခြုံမှု မရှိ ကြောင်း အောက်ပါ အဖြစ်အပျက်က သက် သေပြနေပါသည်။မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရူးတွင် အလုပ်လာ ရောက်လုပ်ကိုင်နေသော မြန်မာမိန်းကလေး များ နေထိုင်သော အိမ်ကို အကြမ်းဖက်ဝင် ရောက် ပစ္စည်းယူမုဒိန်းကျင့်သော အမှုတခုဖြစ် ပွားခဲ့ကြောင့် သိရှိရပါသည်။
အမှုမဖြစ်ပွားမီ ရက်အနည်းငယ်ကြာက အိမ်နောက်ဘက်လမ်းကြားမှ လာရောက် ကြည့်ရှု ချောင်းမြောင်းနေသည့် ယောင်္ကျားလေးသူစိမ်းကို တွေ့ရှိရသဖြင့် အလုပ်သမများမှ အေး ဂျင့်အား ဖုန်းဆက်ကာ အကြောင်းကြားသော်လည်း တစုံတရာလာရောက် ပြောဆိုလုပ် ကိုင်ပေးချင်း မရှိခဲ့ပါ။
နောက်တကြိမ်တွင်းလည်း အဆိုပါ အိမ်နောက်ဖက်လမ်းကြားမှ မလေးနိုင်ငံသား အိန္ဒိယ ဟုထင်မြင်ယူ စသူများလာရောက်၍ မဖွယ်မရာပုံစံများကို မိန်းကလေးများအား ပြုလုပ်ပြ သဖြင့် အေးဂျင့်အားထပ်မံ တိုင်ကြားခဲ့ပါသည်။ အဆိုပါ အေးဂျင့်မှ သူနှင့် မဆိုင်သလို တာဝန်ယူဖြေရှင်း ပေးချင်းမရှိပဲ လာပြရင် ကြည့်နေပေါ့ဟု ပြန်လည်ပြောကြား ခဲ့သည်ဟု ကြားသိ ရပါသည်။
ယခုဖြစ်ပွားပုံမှာ အဆိုပါ မလေးရှားသို့ လာရောက်အလုပ်လုပ်ကိုင်လျှက်ရှိသည့် မိန်းက လေးများ နေထိုင်ရာ အိမ်တွင်းသို့ မလေးနိုင်ငံသား အိန္ဒိယ ဟုထင်ရသူ လေးဦး ဝင်ရောက် လာကာ အိမ်တွင်နေထိုင်သူ မိန်းကလေး (၁၀) ယောက်ကို ကြိုးနှင့်တုပ် အဝတ်များပါးစပ် ကိုပိတ်စီးကာ အားလုံးကို အဝတ်အစားများချွတ်ကာ ရေချိုးခန်းတွင်းသို့ထည့်ကာ ပိတ် ထားပါသည်။
ထို့နောက် ငယ်ရွယ်သောမိန်းကလေး လေးယောက်ကို အခန်းတွင်းသို့ ခေါ်ကာ မုဒိန်းကျင့် မှုကျူးလွန်ခဲ့သည်ဟု သိရှိရပါသည်။ တန်ဖိုးရှိသော ပစ္စည်းများကို ရှာဖွေ မွှေနှောက်ယူငင် သွားကြသည့်ပြင် မိန်းကလေး (၄) ဦးအား စော်ကားသွားခြင်း ဖြစ်ပါသည်။ အဆိုပါ အမှု ကိစ္စအား မလေးရှားရဲဌာနမှ မည်သို့ဆက်လက် လုပ်ကိုင်ပေးမည်ကို မသိရှိရသေးသော် လည်းနောက်ဆုံး ကြားသိရသည် သတင်းအရ အဆိုပါ မိန်းကလေး များအားလုံးကို မြန်မာ သံရုံးမှ လာရောက်ခေါ်ဆိုသွားသည်ဟု သတင်းပေးပို့သူမှတဆင့် ကြားသိရပါသည်။ အ သေးစိတ်အချက်လက်သတင်းကို ထပ်မံစုံစမ်း ဖော်ပြပေးသွားပါမည်။
ပြည်တွင်းစီးပွားရေး မပြေလည်မှု အလုပ်အကိုင် ရှားပါးမှုများကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ကာ အလုပ်လုပ်ကိုင်နေကြရသည် မြန်မာနိုင်ငံမှ အလုပ်သမားအများအပြား ရှိပါ သည်။ အဆိုပါအထဲတွင် မိန်းကလေးအများအပြား ပါရှိပါသည်။ မြန်မာနိုင်ငံမှ လာရောက် အလုပ် လုပ်ကိုင်လျှက်ရှိသည့် အလုပ်သမား အများအပြားမှာ မလေးရှားနိုင်ငံ နှင့် ထိုင်း နိုင်ငံတွင် အများဆုံးဖြစ်ပါသည်။
မလေးရှားတွင် အလုပ်လာရောက်လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမားများမှာ မ ကြာခဏ လုယက်ခံရခြင်း၊ ရိုက်မှုများဖြစ်ခြင်းနှင့် အနိုင်ကျင့်စော်ကားခံရမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိပါသည်။ အလုယက် ခံရသူများမှာ မည်သို့တိုင်ကြားရမည်ကို မသိရှိခြင်း၊ ရှက်ကြောက်ခြင်းတို့ကြောင့်၊ လူ့အခွင့်ရေး ချိုးဖောက် မှုများဖြစ်ပွားနေသော်လည်း မည် သည့်အမှုမှ သေချာပေါ်ပေါက်ခြင်း မရှိပဲ ရှိနေပါသည်။
ဆက်လက်စုံစမ်းနေပါသည်။
ပေးပို့သူ ... zawsai88@gmail.com
အချက်အလက် ရယူတဲ့နေရာ...
http://thestar.com.my/news/story.asp?file=/2009/9/11/nation/4693097&sec=nation
Labels:
သတင်း
Thursday, September 10, 2009
မြန်မာအလုပ်သမား လင်မယားနှစ်ယောက်အား လုပ်ငန်းရှင်က ရှင်ကွဲခွဲ သတင်းထောက် တဦး နှင့် အလုပ်သမားအဖွဲ့က ကူညီ
ကိုကျော်သောင်း(ဘန်ကောက်)
အခန်းထဲတွင် နောက်ပြန်လက်ထိပ်ခတ် နှိပ် စက်ရိုက်နှက်ပြီး ခင်ပွန်းသည်အား ဇနီးသည် နှင့် ဝေးရာသို့ မောင်းထုတ်ခြင်းခံခဲ့ရသော အ လုပ်သမားလင်မယားနှစ်ဦး၊ မြန်မာ့အလုပ်သ မားအရေး ကူညီသူများကြောင့် ပြန်လည်တွေ့ ဆုံပေါင်းစည်းခွင့် ရရှိလိုက်ပြီး ဖြစ်သည်။
ဘန်ကောက်မြို့ ဘန်ကောက်နွယ်ဈေးအနီး အက်စ်ရာပတ် ၄၇ လမ်း မျက်နှာချင်းဆိုင်ရှိ ကြက်၊ ဘဲ သား ဆီထမင်း၊ ထမင်းဆိုင်တွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမား ကိုအိုက်မွန်နှင့် မနန်းအုန်းတို့ ဇနီးမောင်နှံတို့မှာ လွန်ခဲ့သော ၁၉ ရက်ခန့် လုပ်ကိုင်ခဲ့ကြ သည်။
အသက်၂၇နှစ်အရွယ် ကိုအိုက်မွန်သည် ရှမ်းပြည်နယ် အင်းလေးဒေသမှ ရှမ်းတိုင်းရင်း သားတဦး ဖြစ်ပြီး အသက်၂၂ နှစ် အရွယ် မနန်းအုန်း မှာ ရှမ်းပြည်နယ် မုန်းပန်ဒေသမှ ဖြစ်သည်။ နှစ်ဦးစလုံးမှာ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့သည်မှာ တနှစ်ကျော်ခန့်သာ ရှိ သေးပြီး လင်မယားအဖြစ် ပေါင်း သင်းနေထိုင်ခဲ့သည်မှာ လပိုင်းသာ ရှိသေးသည်။
အလုပ်ချိန်များပြီး လုပ်အားခငွေရရှိမှုနည်းပါးမည်ကို သိရှိရသဖြင့် ၎င်းဆိုင်တွင်အလုပ် လုပ် ရက် ၁ဂ ရက်အကြာ စက်တင်ဘာလ ၇ ရက် နေ့နံနက်ပိုင်းတွင် ဆိုင်ပိုင်ရှင်အား လကုန်လျှင် မိမိတို့လင်မယားအလုပ်အကိုင်ပြောင်းရွေ့လိုကြောင်း ပြောကြားခဲ့သည်။
ဆိုင်ပိုင်ရှင်က ထိုင်းအလုပ်သမားတဦးအား ကိုအိုက်မွန်ကို အခန်းတခုထဲတွင် နောက်ပြန် လက် ထိပ်ခတ်ပြီး ညှင်းပန်းနှိပ်စက်ရန်စေခိုင်ခဲ့သည်။
ကိုအိုက်မွန်က “ကျနော် ရေမိုးချိုးအ၀တ်အစားဝတ်ပြီးတော့ အလုပ်လုပ်ဖို့ အောက်ထပ် ကို ဆင်းမယ်လို့ပြင်တုန်း ကျနော်တို့နဲ့အတူတူလုပ်တဲ့ ထိုင်းအလုပ်သမားနဲ့ ဆိုင်ပိုင်ရှင်မနဲ့ အတူတူလှေခါး ကိုတက်လာခဲ့တယ်။ ပြီးတော့ ကျနော့်ကို အခန်းလွတ်တစ်ခုထဲကို အ တင်းတွန်းပြီးတော့ ၀င်ခိုင်းပါတယ်။ ကျနော့်ကို နောက်ပြန်လက်ထိပ်ခတ်ပါတယ်။ မျက်နှာ ကိုအချက် ၂၀ ကျော်လောက် ပြင်းပြင်းထန်ထန်လက်သီးနဲ့ ထိုးပါတယ်။ အခြားနေရာကို ခြေထောက်နဲ့လည်း ကန်ကျောက်ပါတယ်။ ကျနော့် မျက်နှာ မျက်လုံး မေ့စေ့တွေ တော် တော်နာနေပါတယ်။ ထမင်းလည်းမစားနိုင်ပါ။ သူတို့နှိပ်စက်တာကို အခြားလူတွေကိုပြော ရင် သတ်ပစ်မယ်လို့ ပြောပါတယ်၊ ကျနော်တို့ လင်မယား နှစ်ယောက်လုံး အပြင်က အငှါး သူဋ္ဌေးနဲ့ ဘတ်လုပ်ထားတာပါ။ ကျနော့် ဘတ်လုပ်ထားတဲ့ စာရွက်စာတမ်းတွေ အကုန် လုံးနဲ့ ကျနော့် ပိတ်ဆံအိပ်တွေအားလုံး သိမ်းယူထားလိုက်ပါတယ်။ ဘတ် ၁၀၅၀ ရှိပါ တယ် ” ဟုပြောသည်။
ထိုင်းလုပ်ငန်းရှင်းအများစုတို့သည် လင်မယားစုံတွဲတို့ကို နေရာတစ်ခုတည်းတွင် အလုပ် ခိုင်းလို မှုမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဇနီးဖြစ်သူအား အချိန်ပြည့် မတရားခိုင်းစေ ၍ဖြစ်စေ ရိုက်နှက်လိုလျှင်ဖြစ်စေ ခင်ပွန်းသည်မြင်တွေ့ပါက ပြဿနာတစုံတခုတက်မည် ကို စိုးရိမ်သဖြင့်ဖြစ်ကြောင်းနှင့် ပြင်ပနှင့် အဆက်အသွယ်ဖြတ်ထားပြီး စိတ်ကြိုက် ခိုင်းစေ လိုသောဆန္ဒများ ထိုင်းလုပ် ငန်းရှင်းများတွင်ရှိကြောင်း ကိုအိုက်မွန်က ပြောသည်။
စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဘန်ကောက်အခြေစိုက် ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများအသင်းသို့ ဆက်သွယ် အကူအညီတောင်းခံလာခဲ့သည်။ လက်ထိပ်ခတ်ဒဏ်ရာ နှင့် မျက်နှာဖူရောင်၊ မျက်ကွင်းညိုမည်းနေသော ကိုအိုက်မွန်အား အသင်းတာဝန်ရှိသူက လိုအပ်သော သတင်းအချက်အလက်များကို စုဆောင်းနေစဉ် မိတ် ဆွေဖြစ်သူ နိုင်ငံခြားသတင်း ဌာနတခု၏ သတင်းထောက်တဦးဖြစ်သူ ဂျွန် ရောက်ရှိလာ ခဲ့သည်။ အကျိုးအကြောင်းအား သိရှိသွားသဖြင့် ချက်ခြင်းကူညီရန် စီစဉ်ခဲ့ကြသည်။
ညတွင်းချင်း အချင်းဖြစ်ပွားသည့် ထမင်းဆိုင်ကို မော်တော်ဆိုင်ကယ်များနှင့် လိုက်လံရှာ ဖွေ သိရှိခဲ့ပြီး ဘန်နွယ်ရဲစခန်းသို့ သွားရောက်အမှုဖွင့်တိုင်ကြားခဲ့သည်။ ညဥ့် ၁၁ နာရီ ခန့် တွင် စခန်းမှုနှင့် အမှုစစ် ဒုရဲအုပ်တစ်ဦးနှင့်အတူ ၎င်းဆိုင်သို့သွားရောက်ခဲ့ကြသည်။
ကိုအိုက်ပန်က ပိတ်ထားပြီးဖြစ်သော ထမင်းဆိုင်တံခါးကိုခေါက်ပြီး မေးမြန်းရာ၊ အတွင်းမှ ထိုင်း အမျိုးသမီးတဦးက အိမ်တွင်မရှိကြောင်း ငြင်းဆိုသဖြင့် ရဲစခန်းသို့ပြန်လာခဲ့ရသည်။ ထိုးကြိတ်နှိပ် စက်ခံခဲ့ရသူ ကိုအိုက်မွန် ကတရားစွဲဆို အရေးယူလိုခြင်းကြောင့် ဘန် ကောက်မြို့ ထိုင်းဘုရင် ဆေးရုံသို့သွားရောက်ဆေးစစ်ခံခဲ့ပြီး ညဥ့် ၂ နာရီတွင် မိမိနေ အိမ်အသီးသီးသို့ ပြန်လာခဲ့ကြသည်။
စက်တင်ဘာ ၈ ရက် နေ့ နံနက် ၁၀ နာရီတွင် ဆေးရုံမှဆေးစာကို သွားရောက်ယူခဲ့ပြီး နေ့ လည် ၁၂ နာရီတွင် ဘန်ကောက်နွယ်ရဲစခန်းသို့ ပြန်လာခဲ့ကြသည်။ နေ့လည် ၁ နာရီ ကျော်တွင်ရဲကား နှင့် ၎င်းထမင်းဆိုင်သို့ သွာရောက်ခဲ့ရာ ဆိုင်ပိုင်ရှင်မက ကိုအိုက်မွန်မှာ ဆိုးကြောင်း သူ၏ဇနီးဖြစ် သူအားနှိပ်စက်သဖြင့် မောင်းထုတ်လိုက်ကြောင်း ပြောဆိုပြီး မိမိ၏သမက်မှာ အထူးရဲတပ်ဖွဲ့မှဖြစ်သဖြင့် ရုံးဆင်းပြီးညနေ ၆ နာရီခွဲတွင် မနန်းအုန် ကို ခေါ်လာခဲ့မည်ဖြစ်ကြောင်းပြောသဖြင့် ကူညီသူများနှင့် အမှုသယ်တို့မှာ ရဲစခန်းတွင် စောင့် နေခဲ့ကြသည်။
ညနေပိုင်းအမှုရင်ဆိုင်နေစဉ် ထမင်းဆိုင်ပိုင်ရှင်မ၏သမက်ဖြစ်သူ အထူးရဲက လင်မယား ကွဲကွာနေရခြင်းမှာ ငွေရှာမှုလောက် အရေးမကြီးကြောင်း ကူညီနေသူများအား မည်သူ များဖြစ်သနည်း။ သူ တို့ လင်မယား ၂ ယောက်ကိုပြန်ပို့ရန် စရိတ်မည်သူပေးမည်နည်း။ အစရှိသဖြင့် အင်္ဂလိပ်ဘာသာ စကားဖြင့်ပြောဆိုမေးမြန်းခဲ့သည်။
နိုင်ငံခြားသတင်းဌာ သတင်းထောက်ဖြစ်သူ ဂျွန် က သတင်းဌာ ကဒ်နှင့်စာအုပ်ကိုပြသပြီး “ကျနော် သူတို့ပြန်ဖို့ လမ်းစရိတ်ပေးနိုင်ပါတယ်။ အလုပ်အကိုင်ထက် လင်မယားချင်း ခွဲ ထားမ ကောင်းဘူး။ သူတို့မှာ အလုပ်အကိုင်ပြောင်းရွေ့ခွင့် သူတို့မှာရှိပါတယ်။ လူကြီးမင်း ရဲအရာရှိ တယောက်အိမ်မှာ လက်ထိပ်ခတ်ပြီး ထိုးကြိတ်တဲ့ ဒဏ်ရာတွေကိုကြည့်ပါ။ ဆေးရုံကဆေးစာရွက် ကျနော်တို့လက်ထဲမှာ ရရှိထားပြီး ဖြစ်ပါတယ်။ သူတို့ လင်မယား နှစ်ယောက်ကို အတူတူနေခွင့် ပေးလိုက်ပါ။ အဲဒါဟာ မင်္ဂလာရှိတဲ့အလုပ်ဖြစ်ပါတယ်။ ကျနော်တို့ဘယ်အင်ဂျီအိုကမှမဟုတ်ပါ။ ဒုက္ခရောက်နေတဲ့ ကျနော်တို့ နိုင်ငံသားအချင်း ချင်းကူညီတာပါ” ဟု အင်္ဂလိပ်ဘာသာဖြင့် အခြေအတင် ပြောဆိုကြသည်။
သို့ရာတွင် အဆိုပါ ထမင်းဆိုင်ပိုင်ရှင်၏ သမက်ဖြစ်သူ စေခိုင်းချက်အရ မနန်းအုန်းကို ခေါ်ထုတ် ရန်ပြင်ဆင်သဖြင့် အပြင်းအထန်ကန့်ကွက် ပြောဆိုခဲ့ရသည်။ ကူညီသူများက ဓါတ်ပုံနှင့် ဗွီဒီယိုရိုက် ကူးရန်ပြင်ဆင်သောအခါ အထူးရဲနှင့်ထမင်းဆိုင်ပိုင်ရှင်တို့မှာ မနန် အုန်းကိုထားရစ်ခဲ့ပြီး အခန်းတွင်းမှ လျှင်မြန်စွာထွက်ခွာသွားခဲ့ကြသည်။
မနန်းအုန်းက “ကျမကို ရဲစခန်းမှာ ကျမ ယောင်္ကျားမကောင်းဘူး၊ ကျမကိုရိုက်တယ်၊ နှိပ် စက်တယ်လို့ ဆိုင်ရှင်မက ပြောခိုင်းပါတယ်။ နောက်ပြီးတော့ ကျမယောက်ျားနဲ့ ပြန်လိုက် သွားလို့မရဘူး။ သူတို့က ပုလိပ်တွေဖြစ်တဲ့အတွက် ဖမ်းပြီး ကျမတို့နှစ်ယောက်ကို ထောင် ချမယ်လို့ ပြောပါတယ်။ ကျမယောက်ျားကို သူတို့ဒီလိုလက်ထိပ်ခတ်ပြီးရိုက်နှက်ထားတာ ကျမ ခု ရဲစခန်းရောက်မှ သိရ မြင်ရတာပါ။ ကျမတို့လင်မယား ၂ ယောက်လုပ်အားခ လည်း မရခဲ့ဘူး။ ကျမအ၀တ်အစားအသုံး အဆောင်တွေလည်း ဘာမှမယူခဲ့ရဘူး။ ခု ဘာသာပြန်နေတဲ့ မိတ်ဆွေကို လွှတ်လိုက်လို့တော့ပြောပါတယ်၊ အားလုံးကို ကျေးဇူးတ င်ပါတယ်ရှင်” ဟုပြောသည်။
ဘန်ကောက်နွယ်ရဲစခန်းမှ အရာရှိ အမှုစစ်ဒုရဲအုပ်က အနေအထားအမှန်ကို သိရှိရ သည်ဖြင့်သဖြင့် အဆိုပါ အလုပ်သမားဇနီးမောင်နှံတို့အား ကူညီသူများနောက်သို့ လိုက်ပါ ခွင့်ပြုခဲ့သည်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းတာဝန်ရှိသူက “ဘန်းနွယ်ရဲစ ခန်းက တာဝန်ရှိတဲ့ လူအားလုံး ကိုကျေးဇူးတင်ပါတယ်။ ဒီကိစ္စမှာ အချိန်ကုန်ခံ စရိတ် အကုန်အကျခံ အိပ်ရေးပျက်ခံပြီး ကျနော်နဲ့အတူ ၀ိုင်းဝန်းကူညီပေးတဲ့ နိုင်ငံခြားသတင်း ဌာန သတင်းထောက် ကိုဂျွန်ကို ကျနော် အထူးလေးစားပါတယ်။ ကျနော်တို့ အသင်းအ နေနဲ့ မှတ်တမ်းတင်ပါတယ်။
ကျနော့် ပထမရက်က ကျနော်တို့နဲ့ အဆက်အသွယ်ရှိတဲ့ အဖွဲ့တစ်ဖွဲ့ကို အကြောင်းကြား ခဲ့ပါတယ်။ ဒုတိယနေ့မနက်ပိုင်းမှာလည်း အခြားအဖွဲ့တဖွဲ့တဖွဲ့အား အကူအညီတောင်းခံ ခဲ့ပါတယ် အကူအညီတစုံတ ရာမရရှိခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျနော်နဲ့ ကျနော့်မိတ်ဆွေ နိုင်ငံခြားသတင်း ထောက်နဲ့ ပူးပေါင်းပြီး ရှင်ကွဲကွဲနေတဲ့ မြန်မာအလုပ်သမား ဇနီးမောင် နှံတို့ ပျော်ပျော်ရွှင်ရွှင်ပေါင်းစည်းနိုင်အောင် လုပ်ပေးလိုက်ရတာကိုပဲ ၀မ်းမြောက်ပါတယ်” ဟုပြောသည်။
အလုပ်သမားများအမှုကိစ္စများ ပေါ်ပေါက်လာပါက မြန်မာအလုပ်သမားအများစုတို့မှာ မိမိ လုပ်ကိုင် နေသော နေရာကိုတိကျစွာမပြောပြနိုင်ခြင်းမှာ အထူးပင်ပန်းပြီး၊ သန်းချီရှိသော မြန်မာရွှေ့ပြောင်း မြန်မာအလုပ်သမားများရှိနေသော ထိုင်နိုင်ငံတနံတလျားရှိ၊ နယ်မြေ တိုင်းတွင် မြန်မာအလုပ်သမားအရေးဆောင်ရွက်သော အဖွဲ့အစည်းအမြောက်အများ ရှိ သင့်ကြောင်းနှင့် ထိုမျှများပြားသော မြန်မာအလုပ်သမားများအရေးကိစ္စများကို အစိုးရတ ရပ်အနေဖြင့် လုပ်ကိုင်ဖြေရှင်းနိုင်မှ မြန်မာအလုပ်သမားများမှာ အကာအကွယ်ရရှိနိုင်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း တာဝန်ရှိသူကပြောသည်။
Labels:
သတင်း
Wednesday, September 9, 2009
မဲဆောက် တရုတ်ဘုံကျောင်း ဆန်လှူပွဲ
၄၀ ကြိမ်မြောက် မဲဆောက်မြို့ တရုတ်ဘုံကျောင်းက ဆန်အလှူပွဲကို ၂၀၀၉ ခုနှစ် စက်တင် ဘာလ ၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဒီနှစ်မှာတော့ လှူဒါန်းတဲ့ စားစရာများ ရယူဖို့ လာရောက်တန်းစီသူ မြန်မာပြည်သားများ မနှစ်ကထက်ပိုများပါတယ်။ လူဦးရေ တသောင်းစာလောက် သတ်မှတ်ထားပေမဲ့ လာ ရောက် အလှူခံသူများ သတ်မှတ်ထားတာထက်အလွန်များပြားနေတာ တွေ့ရပါတယ်။ လာ ရောက်အလှူခံတဲ့အထဲမှာ မြန်မာပြည်ဘက်ခြမ်းက မြန်မာပြည်သားအများအပြားလည်း လာရောက်အလှူခံကြပါတယ်။
Labels:
သတင်း
Sunday, September 6, 2009
မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပ
မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာ တော် အသျှင်ဦးဥတ္တမ ပျံလွန်တော်မူခဲ့ရတဲ့ အောက်မေ့ဘွယ်အခမ်းအနားကို ယမန်နေ့က ဘန်ကောက်မြို့မှာ ရခိုင် အမျိုးသားများ စု ပေါင်းကျင်းပခဲ့ကြသည်။
ရခိုင်အလုပ်သမား အများစုဆုံရပ်ဟုဆိုနိုင်သော ဘန်ကောက်မြို့ ဖလန်းဆောင်၊ ထခန်း နယ်မြေ၊ ဘုန်းတော်ကြီးကျောင်းတွင် ဘန်ကောက်အခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်အလုပ်သမားအဖွဲ့တို့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားကို ချင်းမိုင်နဲ့ဘန်ကောက်မြို့မှာ ပညာသင်ကြားနေကြသော ရခိုင် သံ ဃာတော်များ၊ ပြည်ပရောက် အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးဇင်လင်းတို့အပြင် ပြည်ပရောက် အမျိုးသားကျောင်းသားဟောင်းများအဖွဲ့၊ ရခိုင် ၀ံသာနု စာပေအသင်းနဲ့ အလုပ်သမားများ စုစုပေါင်း သုံးရာဝန်းကျင်ခန့် တက်ရောက်ခဲ့ကြပါ တယ်။
ချင်းမိုင်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ရခိုင်ရဟန်းတော်တပါးက “တိုင်းပြည်နဲ့ လူမျိုးအတွက်ကိုယ်ကျိုးမဖက်ပဲ စွမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ကို အာဇာနည်လို့အသိအမှတ်ပြု ကြမယ်ဆိုရင် ဆရာတော်ဦးဥတ္တမ ဟာ အာဇာနည်ထက် အာဇာနည်ဖြစ်ပါတယ်။ ကိုယ် ပိုင်ဥစ္စာပစ္စည်းဆိုလို့ ဘာတစ်ခုမှမကျန်ခဲ့သလို ကိုယ်အကျိုးအတွက်လုပ်ခဲ့တယ် ဆိုတာ လည်း ဘာမှမရှိခဲ့တာကြောင့် တကယ့်အာဇာနည်ပုဂ္ဂိုလ်ထူး ရဟန်းတစ်ပါး ဖြစ်ပါတယ်။ ဆရာတော်ဟာ ရခိုင်အတွက် ကွက်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး။ မြန်မာတနိုင်ငံလုံး လွတ် လပ်ရေးရရှိရေးအတွက်လုပ်ခဲ့တာပါ။
ကမ္ဘာ့နိုင်ငံတွေကို သွားခဲ့တယ်ဆိုရာမှာလည်း ဒီခေတ်မှာလို ပရိုပိုဇေခရီးစရိတ်နဲ့လေ ယာဉ်စီးသွားခဲ့တာမဟုတ်ပါဘူး။ လမ်းလျှောက်၊ လှေစီးပြီးကြွခဲ့တာတွေအများကြီးပါ တိုင်း ပြည်အတွက် တကယ်လုပ်ခဲ့တဲ့ပုဂ္ဂိုလ်မှာ ဖျင်သင်္ကန်းပဲရှိခဲ့တာပါ။ ဆရာတော်ကျေးဇူးကို ဦးပဇင်း တို့ ဘယ်တော့မှမေ့ပျောက်လို့မရနိုင်ပါ’’ ဟု မိန့်တော်မူပါတယ်။
အခမ်းအနားကို ဦးဆောင်ကျင်းပသူတဦးဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ထိုင်း) ဥက္ကဋ္ဌဦးခိုင်အံ့မောင်က “ဆရာတော်ဦးဥတ္တမဟာ တကယ့်ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်ပါတယ်။ ငယ်စဉ်က ပညာကိုတတ်မြောက်အောင်သင်ကြားခဲ့ပြီးတော့၊ နိုင်ငံတကာမှာ ပါမောက္ခ၊ ကထိကတွေလုပ်ခဲ့တယ်၊ ကျနော်တို့မြန်မာနိုင်ငံကိုယ်လိုနီနယ်ချဲ့အောက်မှာ ပြားပြားမှောက်အောင် အကြောက်တရားတွေကြီးစိုးနေတဲ့ အချိန်မှာ တိုင်းပြည်ကျွန်ဖြစ်ပြီး အမှောင်ကျနေတဲ့အချိန်မှာ။ လွတ်လပ်အောင်လုပ်ရမယ် ငါတို့တော်လှန်ရမယ်၊ ညီညွတ် ကြရမယ်စတဲ့ ၀ံသာနုရက္ခိတတရားတွေကို နိုင်ငံအနှံ့လှည့် လည်တရားဟောခဲ့တယ်။ ဆယ်အိမ်ခေါင်းကအစ ဒူးတုန်အောင်ကြောက်နေရတဲ့အချိန်မှာ၊ အဲဒီတုန်းက မြန်မာနိုင် ငံမှာ ဘုရင်ခံအဖြစ် အုပ်ချုပ်နေတဲ့ ဆာရယ်ဂျီနယ်ကရက် ဒေါက်ကို “ကရက်ဒေါက် မင်း မြန်မာပြည်ကထွက်ပြီး အိမ်ပြန်လိုက်ပါ။ CRADDOCK GET OUT” ဆိုပြီး ပေးစာတ စောင်ကို ရေးပေးလိုက်တယ်။
အဲဒီပေးစာကို သူရိယသတင်းစာမှာလည်း ရေးသားဖေါ်ပြလိုက်တယ်။ မြန်မာနိုင်ငံသား တွေ အိပ်နေတာကို ဆရာတော်ကလှန့်နှိုးလိုက်တယ်။ မှောင်နေတဲ့စိတ်တွေကို မီးထွန်း ပေးလိုက်တယ်ခင်ဗျ။ ဆရာတော်ရဲ့ မကြောက်တရားတွေပြန် လည်နိုးထစေလိုတဲ့ ရည် ရွယ်ချက်နဲ့ကျနော်တို့ ဒီလိုအခမ်းအနားကို ကျင်းပရတာဖြစ်ပါတယ်” ဟု ပြောပါတယ်။
အခမ်းအနားကို သဘာပတိအဖွဲ့ဝင်အဖြစ် ဆောင်ရွက်သူ ပြည်ထောင်စု မြန်မာနိုင်ငံအ မျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့မှ ဦးဇင်လင်းက “မြန်မာ့လွတ်လပ်ရေးကို ဆရာတော် ဦး ဆောင်ခဲ့တာပါ။ ဆရာတော်ရဲ့လမ်းပြမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့လို သခင်နုတို့လို ခေါင်းဆောင်တွေပေါ်လာခဲ့တာပါ။ ဆရာတော်ရဲ့ လမ်းပြမှုဟာအရင်ကလည်း ရှိခဲ့သလို ဒီနေ့အထိလည်းရှိတုန်းပါပဲ။ကိုယ်ကျိုးမဖက်ပဲမြန်မာ့လွတ်လပ်ရေးကို ကြိုးပမ်းရင်း ထောင် အကြိမ်ကြိမ်ကျပြီးပင်ပန်းဆင်းရဲ စွာနဲ့ပျံလွန်တော်မူခဲ့ရတာပါ။ မြန်မာ့ နိုင်ငံရေးသမိုင်းမှာ ပထမဦးဆုံးနိုင်ငံရေးအကျဉ်သား ရဟန်းအာဇာနည်းပါ။ ဗြိတိသျှတို့ရဲ့ မှတ်တမ်းတစောင် မှာ ဘယ်လိုရေးထားလည်းဆိုတော့ တောင်သူလယ်သမား အရေးတော်ပုံခေါင်းဆောင် ဆရာစံတို့ တော်လှန်ပုံကန်တာဟာ ဆရာတော်ဦးဥတ္တမရဲ့ လမ်းညွှန်မှုတွေကြောင့် ဖြစ် လာရတယ်လို့ မှတ်တမ်းပြုထားတာကို ကျနော်ဖတ်ဖူးပါတယ်။ ဆရာတော်က အဲဒီ ခေတ်က ဒိုင်အာခီအုပ်ချုပ်ရေးကို တော်လှန်ကန့်ကွက်ခဲ့ပါတယ်။ ဒိုင်အာခီအုပ်ချုပ်ရေး ဆိုတာ လာမယ့် ၂၀၀၈ ခုနှစ်မှာ နအဖ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံနဲ့ အတူတူပါ။ ကျနော်တို့ ဆရာတော်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဆရာတော်ရည်မှန်းခဲ့တဲ့ စစ်မှန်တဲ့လွတ်လပ်ရေး။ ဒီမိုကရေစီရေးရအောင်။ ကျနော်တို့လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့် ကွက်ခြင်းဟာ စစ်အာဏာရှင်တွေကို တော်လှန်သလို ဆရာတော်ကို ကျေးဇူးဆပ်ရာ လည်းရောက်စေပါတယ်” ဟုပြောပါတယ်။
အခမ်းအနားကို နေ့လည် ၁၂ နာရီမှာ စတင်ကျင်းပါတယ်။ ဆရာတော် ဦးဥတ္တမ ရဲ့ ပန်းချီ ကားပုံတော်ရှေ့မှာ် ဖယောင်တိုင် အမွှေးတိုင်များ ကပ်လှူပူဇော်ထားပြီး တက်ရောက် လာတဲ့ ပရိတ်သတ်တွေက နှင်းဆီပန်းတပွင့်စီနဲ့ လာရောက် ပူဇော်ကန်တော့ရှိခိုး ကြပါ တယ်။
အဲဒီနောက် ဆရာတော်ဂုဏ်ပြုသီးချင်းကိုဖွင့်ထားပြီး တမိနစ်ငြိမ်သက်ခြင်းဖြင့် ဂါရ၀ပြုကြ သည်။ သဘာပတိအဖွဲ့ဝင်များ အလှည့်ကျဟောပြောပြီးနောက် ရခိုင်မုန့်တီဖြင့် ဧည့်သည် တွေကို ကျွေးမွေးကြသည်။ တက်ရောက်လာသူများက မိနစ်အနည်းငယ်စီ အမြင်သ ဘောထားများကိုတင်ပြဆွေးနွေးပြီး ညနေ ၃နာရီကျော်ခန့်တွင် အခမ်းအနားကို အောင် မြင်စွာရုတ်သိမ်းခဲ့ပါတယ်။
ဆရာတော် ဦးဥတ္တမ ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက်သာမက အာရှနိုင်ငံများ ကျွန်ဘ၀မှလွတ်မြောက်ရေးအတွက် ဂျပန်နိုင်ငံတွင် ကျင်းပသော နိုင်ငံပေါင်းစုံ ကွန်ဖရင့် တွင် ကိုလိုနီစနစ်ဆန့်ကျင်ရေး မဟာဗျူဟာလက်အောက် အာရှနိုင်ငံများ သွေးစည်းညီ ညွတ်ရေးစီမံကိန်း တရပ်ကို တင်သွင်းခဲ့သဖြင့် ထို့အချိန် ကမ္ဘာ့ခေါင်းဆောင်များက SUN OF ASIA အာရှနေ၀န်းဟု အသိအမှတ်ပြုပြောဆိုခဲ့တာကို နိုင်ငံတကာ သတင်းစာများမှာ ရေးသားဖေါ်ပြခဲ့သည်။ ဟိန္ဒီလူမျိုးများ၊ ဟိန္ဒီပညာရှင်အများအပြားရှိသော အန္ဒိယနိုင်ငံ မဟာဆဗ္ဗအသင်းကြီးမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်တယ်။
ဆရာတော် ငယ်စဉ်က ပညာကိုသင်ကြားလိုစိတ် အထူးပြင်းပြသူ တဦးဖြစ်ပြီး ဂျပန်နိုင်ငံ နဲ့ အန္ဒိယနိုင်ငံတို့တွင် ပါမောက္ခအဖြစ်လုပ်ကိုင်ခဲ့သူဖြစ်သည်။ ဆရာတော်သည် မြန်မာ၊ ပါဠိ၊ ဘင်္ဂလီ၊ သက္ကင်္ရိုက်၊ နာဂလီ၊ အင်္ဂလိပ်၊ တိဘက်၊ ပြင်သစ်နဲ့ ဂျပန်ဘာသာ စတဲ့ ဘာသာ (၉) မျိုးတို့ကိုရေး၊ ဖတ်၊ ပြောဆိုနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ပထမ ဦးဆုံးပြည်ပ ခရီးသွားမှတ်တမ်း ဟုဆိုအပ်သော ဂျပန်ပြည် အတ္ထုပ္ပတ္တိစာအုပ်အပြင် ပရို ဖက်ဆာ မောင်မောင် အမည်နဲ့ ရေးတဲ့ “ဒိန်တလိန်းနတ်ဝတ္ထု” နဲ့ “ဘုန်းဘုန်းကိုယ်တွေ့ ဘုံဓလေ့” ၀တ္ထုများကို ရေးသားထုတ်ဝေခဲ့ပါတယ်။ သူရိယ သတင်းစာ၊ အန္ဒိယနိုင်ငံထုတ် သတင်းစာတို့မှာ ခေါင်းကြီး၊ ဆောင်းပါးမြောက်များစွာတို့ကို စဉ်ဆက်မပြတ် ရေးသားခဲ့ပါ တယ်။
ဆရာတော်၏ ကျေးဇူးတရားကို သိရှိတဲ့အနေနဲ့ ဆရာတော် အထိမ်းအမှတ်ပွဲများကို မြန် မာနိုင်ငံတွင် ဂုဏ်ပြုကျင်းပခွင့် မရရှိနိုင်ကြသော်လည်း နိုင်ငံတကာတွင် ရောက်ရှိနေကြ တဲ့ ရခိုင်လူငယ်များအပါအ၀င် အတိုက်အခံ နိုင်ငံရေးအင်အားစုများမှာ ဆရာတော် ပျံ လွန်တော်မူတဲ့ နေရက်ရောက်တိုင်း အခမ်းအနားများကို သတိတရ ကျင်းပလေ့ရှိကြပါ တယ်။
ကိုကျော်သောင်း (ဘန်ကောက်)
Labels:
သတင်း
Saturday, September 5, 2009
အိမ်ဖေါ်အမျိုးသမီးအခွင့်အရေးဆိုင်ရာသတင်းစာရှင်းလင်းပွဲကျင်းပ
သြဂုတ် ၂၉ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် မက်ဖေါင်ဒေး ရှင်း (ခေါ်) အလုပ်သမား အခွင့်အရေးကာ ကွယ်စောင့်ရှောက်ရေး အန်င်ဂျီအိုအဖွဲ့က ယ နေ့ နေ့လည်ပိုင်းတွင် ဘန်ကောက်မြို့ နိုင်ငံ ခြားသတင်းထောက်များကလပ်၌ သတင်းရှင်း လင်းပွဲတရပ် ကျင်းပခဲ့သည်။
အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကိုလာပြီးအလုပ် လုပ်ကိုင်နေကြသော မြန်မာအ လုပ်သမားများအနက် အိမ်ဖေါ်အလုပ်သမားများ၏ အခြေအနေများကို ထိုင်းအစိုးရ အ နေဖြင့် ဝိုင်းဝန်းဖြေရှင်းကူညီပေးရန် မက်ဖေါင်ဒေးရှင်းက တိုက်တွန်းပြောဆိုသည်။
“လုပ်အားခအပြည့်အဝ မရရှိနိုင်သလို့ ကာအိနြေ္ဒ အကာအကွယ်မဲ့တဲ့အပြင် အိမ်ရှင်အ သတ်ခံရတာလည်း မကြာခဏဆိုသလို ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်တတ်တွေ သိရပါတယ်၊ ထိုင်းအလုပ်သမားတွေကို ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက အကူအညီတွေရရှိသ လိုမျိုး မြန်မာအိမ်တွင်း အလုပ်သမားတွေကိုလည်း ပေးသင့်ပါတယ်၊ ပြီးတော့သူတို့တွေ ကိုနားခွင့် နားရက်ပေးသင့်ပါတယ်”ဟု မက်ဖေါင်ဒေးရှင် ဒါရိုက်တာ မစ္စက် Jackie Pullot ကပြောသည်။
ဘန်ကောက် အခြေစိုက် ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ် ILO အာရှ အလုပ်သမားအခွင့် အရေးမြှင့်တင်ရေးအထူးကိုယ်စားလှယ် Tim De Meyer က “လာမယ့် အိုင်အယ်အို အစည်းအဝေးမှာ တင်ပြသွားမယ်လို့ ဆိုပါတယ်၊ သူတို့်တွေဟာ အချိန်အများကြီးလုပ်ရပြီး တော့အရမ်းပင်ပန်းပါတယ်၊ နားရက်တွေမှာ သူတို့တွေကိုအနားပေးခြင်းဟာ စိတ်ကျန်း မာာရေးရော ကိုယ်ကျန်းမာရေးအတွက်ပါ အထောက်အပံ့ ဖြစ်စေပါတယ်၊ သူတို့ဖြစ်ရပ် တွေဟာ တော်တော်စိတ်မကောင်းစရာဖြစ်ပါတယ်” ဟုပြောသည်။
မက်ဖေါင်ဒေးရှင်း ယာယီ သုတေသနမှူး ပအို့ဝ်အမျိုးသားကိုခွန်အောင်က “ထိုင်းနိုင်ငံကို ရောက်ရှိလာကြတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့အ ခွင့်အရေးဆိုင်ရာကိစ္စတွေ ပညာရေးနဲ့ ကျမ္မာရေးဆိုင်ရာအခွင့်အရေးတွေကို သိရှိအောင်လေ့လာရမယ်၊ ပြီးတော့ အ လုပ်သမားအရေး ဆောင်ရွက်တဲ့အဖွဲ့တွေ၊ အင်ဂျီအိုတွေရဲ့ ဖုန်းနံပါတ်တွေကို သိရှိအောင် စုံစမ်းထားသင့်တယ်”ဟုပြောသည်။
နောက်သုသေတနမှူးတစ်ဦးဖြစ်သူ ကိုစိုးလင်းအောင်က “ကျနော်တို့ အဓိက သုသေတန လုပ်တဲ့ မဲဆောက်နဲ့ ချင်းမိုင်းမှာ အိမ်အလုပ်သမားတွေ ဖြစ်ပါတယ်၊ ထိုင်းနိုင်ငံမှာ စီးပွား ရေးတွေ ကျဆင်းလာတာကြောင့် အလုပ်ဖြုတ်ခံရတာတွေ ရှိပါတယ်၊ ဒါပေမယ့် မြန်မာ အလုပ်သမားတွေဟာ နေရပ်ရင်းကိုမပြန်လိုကြဘူး၊ ဖြစ်သလို နေထိုင်စားသောက်ပြီး အ လုပ်အကိုင်ပြန်ရအောင် စောင့်ဆိုင်းနေကြသလို ရရာအလုပ်တွေကို ရသလောက်လုပ် အားခနဲ့ ဝင်လုပ်နေတာတွေရှိပါတယ်” ဟုပြောသည်။ မြန်မာနိုင်ငံတွင် အုပ်ချုပ်နေသော စစ်အာဏာရှင်များက တိုင်းပြည်၏စီးပွားရေးကို တိုးတက်အောင်စီမံခန့်ခွဲနိုင်ခြင်း မရှိခြင်း တို့ အလုပ်အကိုင်အခွင့်အလမ်း မရှိသလောက် ဖြစ်လာခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ မြန်မာများနေ့စဉ် ဝင်ရောက် အလုပ်လုပ် ကိုင်နေကြဆဲဖြစ်သည်။ အင်ဂျီအိုများနှင့် အလုပ်သမားအရေးဆောင်ရွက် သူများက ထိုင်း နိုင်ငံအတွင်း မြန်မာအလုပ်သမား ၂ သန်းနီးပါးရှိကြောင်းပြော ထားကြပြီ အိမ်ဖေါ် အလုပ် လုပ်ကိုင်နေသူ ပေါင်း ၂ သိန်းထက်မနည်း ရှိနိုင်ကြောင်း ခန့်မှန်းထား ကြသည်။
Labels:
သတင်း
Monday, August 31, 2009
မြန်မာအလုပ်သမားသုံးဦးအသက်ရှူမွန်းကြပ်သေဆုံး
သြဂုတ် ၃၁ထိုင်းနိုင်ငံတောင်ပိုင်း ကျုံဖေါ်မြို့နယ် မူထိ ၅ တာမွန်နာခအန်ရွာ အန်နောင်ကျော်လခစ် ဘုန်းတော်ကြီးကျောင်းအနီးတွင် အမည်မသိ မြန်မာအလုပ်သမားအလောင်း ၃ လောင်း ကို ကျုံဖေါ်ကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းစာမှာ ဖေါ်ပြထားပါတယ်။
ဘုန်းတော်ကြီးကျောင်းရဲ့ အဝင်လမ်း ကီလို မီတာ ၃ဝ အကွာမှာ သြဂုတ်လ ၂၈ ရက်နေ့ ညနေ ၉ နာရီတွင် အဆိုပါ ဘုန်း တော်ကြီးကျောင်းအနီးမှာ ရွာသားအချို့က တွေ့ရှိပြီး ရွာလူကြီး နိုင်ဖနိုန်ကဲမနီက သက် ဆိုင်ရာရဲစခန်းအား အကြောင်းကြားခဲ့ပါတယ်။ ကယ်ဆယ်ရေးကားများရောက်လာပြီး အ လောင်းတွေကို ကျုံဖေါ်ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သြဂုတ်လ ၃ဝ ရက်နေ့ ထုတ် ထိုင်းရပ် သတင်းစာမှာ ဖေါ်ပြထားပါတယ်။
အမှူးလိုက် ရဲအရာရှိ တူချပ်တီလီလပ်ဖုန် က “ဗမာတွေဖြစ်နိုင်ပါတယ်၊ မှတ်ပုံတင်တွေ စာရွက်စာတမ်းတွေဘည်းဘာမှမတွေ့ရဘူး၊ ဖိနပ်တောင် အလောင်းမှာမတွေ့ရဘူး၊ တင် လာတဲ့ ကားက လူသေမှုအပြင် လူကုန်ကူးရေးနဲ့ အရေးယူခံရမှာကို စိုးရိမ်တဲ့အတွက် အလောင်းကို အလျှင်အမြန်လာပစ်လိုက်တာဖြစ်နိုင်တယ်” ဟု သတင်းတွင်ဖေါ်ပြထား သည်။
ဆေးရုံမှ စမ်သပ်စစ်ဆေးချက်အရ အဆိုပါ မြန်မာအလောင်းသုံးလောင်းမှာ အလောင်း တွေ့ရှိချိန်မတိုင်မီ ၁ဝ နာရီခန့်က အသက်ရှူမွန်းကြပ်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သ တင်းစာတွင် ရေးသားဖေါ်ပြ ထားပါတယ်။ အအေးခန်း ကုန်ကားတစီးက လာပစ်ချ သွားခြင်း ဖြစ်နိုင်ကြောင်း ရွာသွားတွေရဲ့ ပြောဆိုချက်ကိုမူတည်ပြီး ကျုံဖေါ်အနီတစ်ဝိုက် တွင် ကားပိုင်ရှင် အချို့အပါအဝင် မြန်မာများကိုမေးမြန်းစုံစမ်းနေကြောင်း သိရပါတယ်။
မြန်မာနိုင်ငံတွင်စီးပွားရေးကြပ်တည်း၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် အိမ်နီးခြင်း ထိုင်း နိုင်ငံကို ရရာလမ်းကြောင်းတွေကှ နည်းမျိုးးစုံနဲ့ ဝင်ရောက်အလုပ်လုပ်ကိုင် နေကြရပါ တယ်။ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ အခုလို မကြာခဏ အဖြစ်ဆိုးတွေနဲ့ ကြုံရ လေ့ ရှိပါတယ်။
လွန်ခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဧပြီလ ၁ဝ ရက်နေ့တုန်းက ရနောင်းမြို့မှ ဖူးခက်မြို့သို့ မြန်မာ အလုပ်သမားတရာကျော် တင်ဆောင်လာတဲ့ အေးခန်းအလုံပိတ် ကွန်တင်နာကားပေါ် တွင် အသက်ရှူမွန်းကြပ်ပြီ မြန်မာအလုပ်သမား ၅၄ ဦး သေးဆုံးခဲ့ပါတယ်။
ကိုကျော်သောင်း(ဘန်ကောက်)
Labels:
သတင်း
Sunday, August 30, 2009
ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် အလုပ်သမားများအရေးပေါ်ဆေးရုံတင်ရ
(သြဂုတ်လ ၂၈)ထိုင်းနိုင်ငံတောင်းပိုင်းက ကျုံဖေါ်မြို့ ပါနန်း လို့ခေါ်တဲ့ ရေထွက်ပစ္စည်းတွေထုတ်တဲ့ ပိုက် ဆိပ်ရှိ ပုဇွန်ကုန်ချောထုတ်လုပ်တဲ့ sea frish ကုမ္ပဏီတွင် ဂက်စ်အိုးမှ ဓါတ်ငွေ့ယိုစိမ့်မှု ဖြစ် ပွားတဲ့အတွက် ဒီအလုပ်ရုံမှာ အလုပ်လုပ်နေ ကြတဲ့ အလုပ်သမားအချို့ အရေးပေါ် ဆေးရုံ တင်လိုက်ရပါတယ်။
“နေ့လည်ထမင်းစားနားခါနီ ၁၁ နာရီကျော်လောက်မှာ ဓါတ်ငွေ့ယိုတော့ အနံ့ တော်တော် ပြင်းတယ် လူတွေမူးမေ့လဲကုန်ကြတယ်။ ကျမတို့ထွက်ပြေးကြတော့ ဘာမှမဖြစ်လိုက်ဘူး၊ အလုပ်ရှင်က ဖြစ်ဖြစ်ချင်း ကားနဲ့ ဆေးရုံကိုလိုက်ပို့ပါတယ်၊ ကျုံဖေါ်ဆေးရုံက ၄ ယောက် တော့ ညနေပိုင်းအထိပြန်မဆင်းလာရသေးဘူး၊ ပါနန်းဆေးရုံက ၈ ယောက်ကတော့ ညနေက ပြန်ဆင်းလာကြပါပြီ”
မြန်မာများအခေါ် ဆီးဗစ် ပုဇွန်ကုမ္ပဏီမှာ မြန်မာအလုပ်သမားတွေ ထောင်ချီရှိနေပါတယ်။ ဒီအလုပ်ရုံရဲ့ အလုပ်ရုံအခန်း အမှတ် ၄ မှာတော့ အများစုက မြန်မာအလုပ်သမားတွေ ဖြစ်ပါတယ်။
အရင်တုန်းက ဒီလုပ်ရုံက မြန်မာအလုပ်သမားကို လက်မခံခဲ့ပါဘူး၊ ဒီနှစ်မှ နေထိုင် အလုပ် ကိုင်ခွင့် ဘတ် လုပ်ပေးပြီး မြန်မာအလုပ်သမားတွေကို လက်ခံခဲ့ပါတယ်။
နေ့တွက်ခ အပါအဝင် အချိန်ပိုကြေးပါ အလုပ်သမားတဦးကို ဘတ်ငွေ ၃ဝဝ ကျော်ရ တယ်လို့ ဒီအလုပ်ရုံ အလုပ်သမားများကပြောပြပါတယ်။
ကျုံဖေါ်မြို့နယ် ပါနန်းလှေဆိပ် တနေရာတည်းတွင် မြန်မာအလုပ်သမား သုံးလေး သောင်းခန့် ရှိနိုင်ကြောင်း အလုပ်သမားများက ပြောပြလို့ သိရှိရပါတယ်။
(ရွှေမောင်း)
Labels:
သတင်း
Subscribe to:
Posts (Atom)