
ကျွန်တော်အခုတင်ပြပေးမယ့် အကြောင်းအရာကတော့ မဲဆောက်မြို့မယ်တောင်မိုင်ကျေး ရွာမှာရှိတဲ့ ခွန်အားသစ်ဆိုတဲ့ ရွှေ့ပြောင်းအလုပ်သမားများအဖွဲ့က ကြီးမှူးကျင်းပတဲ့ ဒုတိ ယအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရပာန်းခံရှင်ပြု အလှူတော်မင်္ဂလာ အ ကြောင်းကို တင်ပြရေးသားလိုက်ပါတယ်။
.JPG)
ပထမအကြိမ်လိုပါဘဲ ယခုတကြိမ်လည်း ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တနှစ်တခါပျော်
ကာနွှဲတဲ့ အတာသင်္ကြန်ပွဲမှာ မြန်မာ့ယဉ်ကျေးမှု မြန်မာ့ဓလေ့တွေနဲ့အညီ စုပေါင်းရပာန်းခံ
ရှင်ပြုအလှူတော်မင်္ဂလာမှာ စက်ရုံအလုပ်သမား တောင်ယာအလုပ်သမား ဆောက်လုပ် ရေးအလုပ်သမား ဈေးဆိုင်အလုပ်သမား စသည့် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရပာန်းခံ ရှင်ပြုအလှူတော်မင်္ဂလာကို မြန်မာသက္ကရာဇ် (၁၃၇၁) ကဆုန်လဆန်း (၃) ရက် (၁၅.၄.၂၀၁၀) ကြာသပတေး မြန်မာသင်္ကြန်အကြတ်နေ့ (ထိုင်းသင်္ကြန်အတက်) နေ့မှာ တော့ ဘွဲကုလားကျေးရွာ ဘွဲကုလားဘုန်းတော်ကြီးကျောင်းတိုက်မှာ စုပေါင်းရပာန်းခံ ရှင် ပြု အလှူတော်မင်္ဂလာကို ကျင်းပခဲ့ပါတယ်။


သာသနာ့ဘောင်အတွင်းသို့ ဒုလ္လဘရပာန်း (၇၁) ပါး၊ သာမဏေ (၃၁) ပါး သီလရှင် (၂၃) ပါးတို့ သာသနာ့ဘောင်တွင်းသို့ ဝင်ရောက်ကြပါတယ်။ ကမ္ဘာ့စီးပွားရေးပျက်ကပ်ဒဏ်ကို ယခုထက်တိုင်ခံစားနေရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေပာာ သာသနာ့အကျိုး ကိုတတ် နိုင်သလောက် ထမ်းဆောင်ကြတဲ့ ရွှေ့ပြောင်းတွေရဲ့ အလှူတော်မင်္ဂလာရပာန်းခံရှင်ပြုပွဲ ပာာ ကျက်သရေအပေါင်းနဲ့ပြည့်စုံနေတာတော့အမှန်ပါဘဲ။ ရွှေ့ပြောင်းအလုပ်သမားတွေ ပာာ မိမိတို့ရဲ့ချွေးနည်းစာထဲကနေ ရပာန်းခံရှင်ပြုအလှူတော်မင်္ဂပွဲကို ပြုလုပ်ခဲ့ကြပါတယ်။


တနှစ်တာပင်ပန်းနွမ်းနယ်သမျှကို ပြေဖျောက်ဖို့အတွက် အတာသင်္ကြန်ပွဲမှာ ကုသိုလ်ရေး လုပ်ကြတဲ့ ကျတော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေပာာ တနှစ်တာရဲ့ဝင်ငွေတွေကို နောက် ခံမိသားစု လက်ရှိမိသားစုအတွက် အမျိုးမျိုးအဖုံဖုံထောက်ပံ့နေကြရတဲ့ ရွှေ့ပြောင်း တွေရဲ့ ဘဝတွေကမလွယ်ကူလှပါဘူး။ ဒါတွေကိုဘေးဖယ်ထားပြီး မိဘနဲ့အတူနေတဲ့ ရွှေ့ ပြောင်းသားသမီးတွေကတော့ ရပာန်းဘောင်ကို ဝင်ရောက်ခံရတဲ့အတွက ပျှော်ရွှင်မဆုံး တ ပြုံးပြုံးနဲ့ပေါ့။ မိဘနဲ့ဝေးကွာနေကြရတဲ့ သူတွေကတော့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းပေါင်း သင်းတွေနဲ့အတူ သာသနာ့ဘောင်ကို ဝင်ရောက်ရတဲ့အတွက်လည်း ပျှော်ရွှင်ကြည်းနူးနေ ကြတဲ့ ရွှေ့ပြောင်းတွေရဲ့အပြုံးတွေကတော့ သကာမဖုံးတဲ့ ရင်ထဲကအပြုံးတွေဖြစ်ပေါ်နေမှာ အမှန်ပါပဲ။

မိဘနဲ့ဝေးကွာနေတဲ့ တချို့ရွှေ့ပြောင်းတွေကတော့ မိမိ
တတ်နိုင်သလောက်ချွေးနည်းစာငွေတွေကို အလှူပေးလိုက်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရ
ပါတယ်ဆိုတဲ့အကြောင်းရွှေ့ပြောင်းတွေရဲ့ရင်ဖွင့်သံတွေကိုကြားလိုက်ရတဲ့ အခိုက်တန့်မှာ
တောင်ကျတော်အရမ်းဘဲ ဝမ်းသာပီတိဖြစ်မိပါတယ်။ဒါတွေပာာရွှေ့ပြောင်းတွေရဲ့ အင်အား
တရပ်ဖြစ်သလို ရွှေ့ပြောင်းတွေရဲ့ စည်းလုံးခြင်းဆိုတဲ့အားတရပ်ဖြစ်တယ်ဆိုတာကတော့
စာဖတ်သူအပေါင်းတွေးကြည့်ယုံနဲ့ သိနိုင်ပါတယ်။သာရေးနာရေးအတွက်ရည်ရွယ်ပြီးတည်
ထောင်ထားတဲ့ ခွန်အားသစ်အလုပ်သမားများအဖွဲ့ကိုကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်း
ရွှေ့ပြောင်းတွေမှတဆင့်ကြားသိရပါတယ။် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အလှူတော်မင်္ဂ
လာအခမ်းနားကိုတက်ရောက်ကြတဲ့လူပေါင်း(၉၀၀)နီးပါးတက်ရောက်ကြပါတယ်။

သိမ်ဆွမ်းလောင်းတဲ့အခါမှာတော့ ရွှေဝါရောင်လွှမ်းသွားတဲ့ ဘွဲ့ကုလားဘုန်းတော်ကြီး ကျောင်း မှာတော့ကျက်သရေအဖြာဖြာနဲ့ပြည့်စုံလို့ ပူပင်သောကတွေကိုဘေးချိတ်ထားကြ တဲ့ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝအလှတရားကိုပေါ်လွင်စေခဲ့ပါတယ်။ ကျတော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝတွေက ပာိုကဖိ ဒီကဖိ နင်းပြားဘဝမှာ ကိုယ်နိုင်တဲ့ ဘက်ကနေ သာသနာ့အကျိုးကို ထမ်းဆောင်ယင်းနဲ့ သင်္ကြန်လွန်မြောက်တဲ့အခါမှာ မရေ ရာတဲ့ ရွှေ့ပြောင်းအလုပ်သမားဘဝတွေကို ပြန်လည်တည်ဆောက်ဖို့အတွက်လည်း အား သစ်မာန်သစ်တွေမွေးဖွားဖို့ပြင်ဆင်နေရတဲ့အလုပ်သမားတွေရဲ့ ဘဝတွေပာာမလွယ်ကူလ ပါဘူး။ ဘာပဲပြောပြော တနှစ်တခါဆင်ကာနွှဲတဲ့ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲမှာ ခွန်အား သစ် အလုပ်သမားများအဖွဲ့က ကြီးမှူးကျင်းပတဲ့ စုပေါင်းရပာန်းခံရှင်ပြုအလှူတော် မင်္ဂလာ အခမ်းနားပွဲကို ဒီလောက်နဲ့ တင်ပြယင်း ရွှေ့ပြောင်းတွေရဲ့ စုပေါင်းရပာန်းခံရှင်ပြု အလှူ တော်မင်္ဂလာအခမ်းနားကို ရွှေ့ပြောင်းတွေနဲ့အတူ ဝမ်းသာကြည်နူး သာဓုခေါ်နိုင်ပါစေ …
No comments:
Post a Comment