Tuesday, September 28, 2010

မဲဆောက် ARVဆေး နှင့် ရွှေ့ပြောင်းအကြောင်း




ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ၂၃.၉.၂၀၁၀ ကြာသာပတေးနေ့တွင်မယ်တော်ဆေးခန်း၌
မဲဆောက်-မြ၀တီ နယ်စပ်တွင် ရွှေ့ပြောင်းအလုပ်သမားများအား HIV/AIDS နှင့်ပတ်
သက်ပြီးကာကွယ်ရေးတိုက်ဖျက်ရေးလုပ်နေသောအဖွဲ့စည်းများစုပေါင်းကာARV ဆေး
နဲ့ပတ်သတ်ပြီး အစည်းဝေးတရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။ မယ်တော်ဆေးခန်းမှ ဦး
ဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

တက်ရောက်ခဲ့သောဖွဲ့စည်းများမှာ

1. MAP Foundation ‘PHAMIT-2 project
2.SAW
3.World Vision
4.SYCB
5.Men Health Center
6.MTC
7.IRC
8.Youth Center

စသည့်အဖွဲ့စည်းများမှ စုစုပေါင်းသက်ဆိုင်ရာတာဝန်ရှိသူများ ၂၄ဦးတက်ရောက်ခဲ့ကြ
ပါသည်။
အစည်းအဝေးအတွင်းဆွေးနွေးချက်များ

တက်ရောက်လာသောအဖွဲ့စည်းအသီးသီးမှ တာဝန်ရှိသူများမက မိမိတို့ဖွဲ့စည်း၏ လုပ်
ဆောင်ချက်များကိုထုတ်ဖော်ပြောပြ ခြင်းနှင့် မိတ်ဆက်ကြပြီး……
ARV ဆေး နှင့်
ပတ်သက်ပြီးတော့ရွှေ့ပြောင်းအလုပ်သမားများအားဆေးသောက်နိုင်ရန်ပံပိုးပေးနေသောအဖွဲ့စည်းများမှ ခက်ခဲများအားအသီးသီးဆွေးနွေးပြောကြားသွားခဲ့ပါသည်၊၊မဲဆောက်ဒေ
သတွင် အလုပ်သမားများအတွက် ARV ဆေးအခမဲ့သောက်သုံးနိုင်ရန် ကူညီပေးနေ
သော အဖွဲ့အစည်း ၄ ခုရှိနေပါသည်။ ၄င်းတို့မှာ Mae Tao Clinic ,MAP Foundation ‘PHAMIT-2’ , SAW ,Men Health Center စသည်တို့ဖြစ်ကြပါသည်။
Mae Tao Clinic အောက်တွင် ARV ဆေးသောက်နေသော မြန်မာပြည်သား အလုပ်သ
မားစုစုပေါင်း၃၄ယောက်ခန့်ရှိနေပါသည်။ MAP Foundation ‘PHAMIT-2’အောက်တွင် ARV ဆေးသောက်နေသော မြန်မာပြည်သားအလုပ်သမားစုစုပေါင်း 11 ယောက် ၊ SAW အောက်တွင် ARV ဆေးသောက်နေသော မြန်မာပြည်သားအလုပ်သမားစုစုပေါင်း ၉ ယောက် နှင့် Men Health Center အောက်တွင် ARV ဆေးသောက်နေသော မြန်မာ
ပြည်သားအလုပ်သမားစုစု ပေါင်း၇ ယောက်ခန့်အသီးသီးရှိနေကြပါသည်။ ထို့ပြင် ဆေး
သောက်ရန်မလိုအပ်သေးသော သူများလဲရှိကြကြောင်း ပြောကြားဆွေးနွေးခဲ့ကြပါသည်။
အဖွဲ့စည်းများအနေဖြင့် ၄င်းဆေးကို မဲဆောက်ဆေးရုံကြီးမှ ထုတ်ယူပေးခြင်းဖြစ်ပြီးလူဦး
ရေရှိသလောက်မရရှိကြပါ။ ဆေးရုံကြီးကလဲ နာ့က်ဖာအိတ်စတန်းရှင်းဟုခေါ်သော စီမံ
ကိန်းမှတဆင့်ဖြန့်ဖြူးပေးခြင်းဖြစ်ပါသည်။ထိုသို့ဖြန့်ဖြူးပေးရာတွင်လဲ အလုပ်သမားများ
သို့တိုက်ရိုက်ပေးဆောင်ခြင်းမရှိပါ။ ကြားခံအဖြစ်NGOsတခုခု၏အာမခံမှသာလျှင်ပေးပါ
သည်။ အာမခံပေးသောအဖွဲ့စည်းအနေဖြင့်လည်း ARV ဆေးသောက်သုံးသူအလုပ်သ
မားအနေဖြင့်ဆေးကိုပုံမှန်သောက်ရန် လိုက်လံစစ်ဆေးကြည့်ရှု့ပေးခြင်း၊ လိုအပ်ပါက နှစ်သိမ့်ဆွေးနွေးပညာပေးမှုများလုပ်ဆောင်ပေးခြင်းကိုပြုလုပ်ပေးကြရပါသည်။ ဆေးကို
တလတကြိမ်ထုတ်ပေးပါသည်။အလုပ်သမားကဒ်မရှိသူများအတွက်ဆေးတမျိုးထဲကိုသာအခမဲ့ထုတ်ပေးခြင်းဖြစ်ပါသည်။ ပြင်ပမှ ၀င်ရောက်လာသောအခွင့်ေ၇းယူေ၇ာဂါများကို
ကုသရမည်ဆိုလျှင် ပိုက်ဆံကုန်ပါသည်။ အလုပ်သမားကဒ်ရှိသူများတော့မပေးဆောင်ရ
ကြောင်းစသည် တို့ကိုတက်ရောက်လာသောဖွဲ့စည်းများ မှ ပြောကြားဆွေးနွေးခဲ့ကြပါ
သည်။ထို့နောက် ဆေးခန်းမှ မိမိတို့အား ဆေးရုံကြီးမှ ARV ဆေးတွက်ချမှတ်ပေးထား
သောခွဲတမ်းသည်ပြည့်သွား၍ နောက်ထပ်တိုးလာသောလူနာများတွက် ဆေးသောက်
ရန်ခက်ခဲရှိနေကြာင်းနှင့်နောက်တိုးလာသောလူဦးရေမှာMSF မှ လူများဖြစ်ကြောင်းနှင့်
စုစုပေါင်းလူဦးရေမှာ ၃၅ ယောက်ရှိကြောင်း၊ ထိုထဲမှ၂၄ယောက်ကတော့ ဖုတ်ဖရဆေး
ရုံမှဆေးရရှိပြီး ကျန်ရှိသော ၁၁ ယောက်မှာ ဆေးမရရှိသေးကြောင်းစသည့်ခက်ခဲများ
အားဆွေးနွေးပြောကြားခဲ့ခြင်း ၊၊
MAP Foundation PHAMIT-2 တွင်လဲ စုစုပေါင်း PLWHA ၁၂ ဦးရှိကြောင်း ထိုထဲမှ ၇ယောက်ကတော့ ဆေးရုံကြီးမှဆေးအခမဲ့ရရှိပြီး ၂ယောက်ကတော့ ၀ယ်သောက်နေရ
ကြောင်း ကျန်၃ယောက်ကဆေးသောက်ရန်မလိုသေးကြောင်း ပြောကြားဆွေးနွေးပြီး၊မိ
မိတို့အနေဖြင်း ပညာပေးအဖွဲ့အစည်းဖြစ်ပြီး ကုသမှုပိုင်းတွင် မဆိုင်သော်လည်း မိမိတို့
သွေးစစ်ပေးလိုက်သောအလုပ်သမားများသည်ပိုးရှိသောအခါတွင်ဆေးအခမဲ့ပေးသော
နေရာများမရှိသေး၍ ဆက်လက်တာဝန်ယူနေရ သောကြောင့် ခက်ခဲများရှိနေကြောင်း
ပြောကြားဆွေး၊ နောက်တခုအနေ နဲ့ စီမံကိန်းရဲ့လုပ်ငန်းစဉ်တွင် အလုပ်သမားများသွေး
စစ်ချင်ပါက လိုက်လံဆောင်ရွက်ပေးသောကြောင့် သွေးစစ်၍ပိုးရှိသူများတွေ့ရှိပါက လို
အပ်သလောက်ဆေးမရရှိသေး၍ အခက်ခဲရှိကြောင်း၊ SAW မှလဲ ပိုးရှိသူလူဦးရေရှိသ
လောက်ဆေးများမရရှိသေးသောကြောင့် ခက်ခဲများရှိကြောင်း၊ Men Health Center
အနေနဲ့လဲ လက်ရှိဆေးသောက်နေသောလူ ၇ ဦးကလဲနိုင်ငံခြားစားအလှူရှင်တဦးမှ
ဆေးဝယ်တိုက်နေသောကြောင့်သာ ဆေးရရှိနေသောလဲနောက်လူများအတွက်ဆေးဖိုး
မရှိသေးသောကြောင့် ခက်ခဲများရှိနေကြောင်းကို ဆွေးနွေးပြောကြားကြပါသည်။ ထို့
နောက်မယ်တော်ဆေးခန်း ဒေါက်တာစင်သီယာမောင် မှ ကျမတို့အနေဖြင့်လဲ MSF ကလူ ၁၁ ဦးအတွက်ဆေးအမြန်လိုအပ်လျှက်ရှိနေသောကြောင့် ခက်ခဲများရှိနေကြာင်း၊ နှစ်စဉ်နှစ်တိုင်း ဆေးခန်းမှစစ်ဆေးချက်တွင်လူဦးရေ ၃၀၀ ကျော်ခန့်ရှိနေကြောင်း ပြော
ကြားဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်လာမည့်နိုဝင်ဘာလ ၂ ရက်နေ့မှ ၆ရက်နေ့အထိ
ဘန်ကောက်အခြေစိုက် အဖွဲ့စည်းတခုဖြစ်သော Human Development Foundation
Mercy Center မှမဲဆောက်တွင် HIV/AIDS နှင့်ပတ်သက်ပြီးအလုပ်လုပ်နေသော အဖွဲ့
အစည်းများအားလာရောက်လေ့လာမည်ဖြစ်ကြောင်း ၊ ၄င်းအဖွဲ့အစည်းသည်ARV ဆေး
နှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေကြောင်း၊ ထို့ကြောင့်မိမိတို့တတ်နိုင်သော အ
ပိုင်းရှိပါကလေ့လာပြီးကူညီပေးမည်ဖြစ်ကြောင်း ဆေးခန်းခန်းမှပြောကြားဆွေးနွေးသွား
ခဲ့ပါသည်။ ထို့ကြောင့် ၄င်းအဖွဲ့အစည်းအားမိမိတို့အနေဖြင့်ခေါ်ယူလေ့လာစေလိုကြောင်း
ပြောကြားဆွေးနွေးကြခြင်း ၊ ထို့နောက်ထိုင်းမြန်မာ နယ်စပ်တွင်HIV/AIDS နဲ့ပတ်သက်
ပြီးပြုလုပ်နေကြသောအဖွဲ့အစည်းများ စုပေါင်းကာ NetWorking meeting ကို ၃ လတ
ကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်းသဘောတူဆုံးဖြတ်ကြပြီး ဒုတိယအကြိမ်အစည်းအ
ဝေးကို MAP Foundation PHAMIT-2 Project မှ တာဝန်ယူကာလာမည့်နိုဝင်ဘာလ ၂၂ ရက်နေ့တွင်ဒုတိယအအကြိမ်မြှောက် ကျင်းပမည်ဖြစ်ကြောင်းပြောကြားဆွေးနွေးခဲ့
ကြပါသည်။

No comments: