Tuesday, October 5, 2010

ယနေ့အလုပ်သမားသတင်း


ယနေ့နံနက်(၆း၀၀)အချိန်တွင်မဲဆောက်မြို့ ဘန့်ဆန်ကွင်းကျေးရွာအား
ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးရာ အလုပ်သွားမည့်အလုပ်သမားများနှင့်နေ
အိမ်တန်းလျားမှ အလုပ်သမားများအားထိုင်း အာဏာပိုင်များကဝင်ရောက်ဖမ်းဆီးသွား
ကြောင်းနှင့် စက်ရုံအလုပ်သမားများလည်းအဖမ်းဆီးခံရကြောင်းသိရှိရပါသည်။ ဖမ်းဆီးခံ
ရသောစက်ရုံမှာ ဘန့်ဆန်ကွင်း ဘောင်းဘီချုပ်စက်ရုံပာုခေါ်ကြောင်းနှင့်လည်းကောင်း
စက်ရုံတွင် စက်ရုံအလုပ်သမားတစ်ရာကျော်ဝင်ရောက်လုပ်ကိုင်နေကြောင်းအများအား
ဖြင့် လက်မှတ်မရှိသည့် အလုပ်သမားများဖြစ်ကြောင်း အမျိုးသားအနည်းငယ်သာရှိပြီး
အမျိုးသမီးအလုပ်သမားများကြောင်းသိရှိရပါသည်။လက်မှတ်ရှိသည့်အလုပ်သမားအနည်း
ငယ် လွတ်သွားကြောင်းနှင့်ဖမ်းဆီးခံရသောအလုပ်သမားများကိုလွတ်မြောက်ဖို့အတွက်
အလုပ်ရှင်မှ ထိုင်းအာဏာပိုင်များနှင့်ညှိနှိုင်းသော်လည်း မရကြောင်းထို့ကြောင့်လည်း
ကောင်းစက်ရုံမှ အလုပ်သမား (၈၀)ကျော်ဖမ်းဆီးခံရကြောင်း ဘန့်ဆန်ကွင်းကျေးရွာ
တွင်နေထိုင်သည့် နယ်မြေခံအလုပ်သမားတစ်ယောက်ကပြောကြားသွားပါသည်။
အဖမ်းဆီးခံရသော အလုပ်သမားများအား ကားပေါ်တွင် ထိုင်းအာဏာပိုင်များက
လည်းကောင်းတို့အား လွတ်မြောက်လိုလျှင် ဘတ်ငွေ(၅၀၀)ဘတ်တောင်းဆိုကြောင်း
ဘတ်ငွေ(၅၀၀)မရှိပါက ဘတ်ငွေ(၃၀၀)ပေးလျှင်ပြန်လွတ်ပေးကြောင်း လွတ်မြောက်လာ
သောအလုပ်သမားကပြောပြသွားပါသည်။ယနေ့ ဘန့်ဆန်ကွင်းကျေးရွာအား ထိုင်းအာ
ဏာပိုင်များက ဝင်ရောက်ဖမ်းဆီးရာတွင် အလုပ်သမား (၁၀၀)ကျော်ဖမ်းဆီးခံရကြောင်း
သိရှိရပါသည်။

No comments: