Showing posts with label နာဂစ်. Show all posts
Showing posts with label နာဂစ်. Show all posts

Tuesday, August 25, 2009

နာဂစ်ဒေသခံများအပေါ် ရာအိမ်မှူးက ခေါင်းပုံဖြတ်

ဧရာဝတီတိုင်း ဘိုကလေးမြိုနယ် ကဒုံကနိကျေးရွာအုပ်စု ဓနိချောင်းကျေးရွာမှ ရာအိမ်မှူ ဦးတင်ဌေးအောင် ဟာ ဒေသခံနာဂစ်ဒုက္ခသည်များနဲ့ လယ်သမားတွေဆီမှ မတ ရားခေါင်း ပုံဖြတ် စီးပွားရှာနေကြောင်းသိရပါတယ်။

နာဂစ်မုန်တိုင်းသင့် ပြည်သူတွေအတွက် နိုင်ငံတကာ အင် ဂျီအိုများနဲ့ ပြည်တွင်းပြည်ပတို့မှ လှူဒါန်းထားတဲ့ အလှူ ပစ္စည်းတွေကို တစ်ကိုယ်ကောင်း အလွဲသုံးစားလုပ်ပြီး စီးပွားရှာနေ တယ်လို့ လယ်သမားတဦးကပြောပြပါတယ်။

“ကျနော်တို့က ကျွဲတွေ နွားတွေလည်းသေသွားတော့ လယ်လည်း မလုပ်နိုင်တော့ဘူး လေ၊ အလှူရှင်တွေက ကျနော်တို့ ရွာကို လယ်ထွန်စက် သုံးလုံးပေးတယ်၊ သူပဲယူထားတယ်၊ ရွာသားတွေ ဘာ မှမရဘူး၊ အဝတ်အထည်၊ အသုံးအဆောင်တွေဆိုလည်း သူနဲ့ နီးစပ်တဲ့လူတွေကိုပဲပေး တာ၊ ကျနော် လယ်လည် မလုပ်နိုင်တော့ဘူး၊ ကွန်ပစ်ချင်လို့ အလှူရှင်တွေပေးတဲ့အထဲ ပါတဲ့ ကွန်တလက် သွားတောင်းတယ်၊ ကျပ် ၅ဝဝဝ ပေးမှရလာတယ်၊ အဖိုးတန်တဲ့ အ သုံးအဆောင်တွေကို ရောင်းစားနေတာဗျ၊ ချမ်းသာလောက်အောင် သူရနေတာ၊ အလှူ ရှင်တွေလာလှူသမျှ သူ့ဆီမှာပဲအပ်ရတယ်”

အသက် ၅ဝ ကျော်အရွယ် ရာအိမ်မှူး ဦးတင်ဌေးအောင် ဟာ ကဒုံကနိကျေးရွာအုပ်စု ရယက ဥက္ကဋ္ဌ ဦးဇော်မင်း ကို နေ့စဉ်နံနက်တိုင်း ကဒုံကနိ ရွာကိုသွားပြီး လဘက်ရည် ကော်ဖီ တိုက်လေ့ရှိကြောင်း လယ်သမားတဦးက ပြောသည်။

နာဂစ်အလှူရှင်တွေ လာရောက်လှူဒါန်းထားတဲ့ အလှူပစ္စည်းတွေအပြင် Ayeyar Delta Agri Export Co.Ltd ကုမ္ပဏီက ထုတ်ချေးထားတဲ့ ချေးငွေတွေအပေါ်မှာလည်း ရန်ပုံ ငွေဆိုပြီး ဖြတ်တောက်ပါသေးတယ်။ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ယူအင်ဒီပီ က ဆောက်ပေးထားတဲ့ တကျောင်းတည်းသော စာသင်ကျောင်းလည်း ပြိုကျသွားခဲ့ပါပြီ။

လယ်သမားတစ်ဦးက “အဲဒီစာသင်ကျောင်းက သွပ်တွေ သစ်တွေကို ရွာသားတွေအကူ အညီနဲ့ အမိုးလုံအောင် တဲထိုးပြီးထားခဲ့ကြတယ်၊ နိုင်ငံတကာအလှူရှင် အဖွဲ့တစ်ခုက ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းဖို့လာတဲ့အခါ သွပ်ဟောင်းတွေနဲ့ သစ်ဟောင်း တွေကို ဆယ်အိမ်မှူး ဦးဌေးတင်အောင် က သူ့အိမ်ကို သယ်ယူသွားခဲ့တယ်၊ လက်သမား ရော ပန်းရံရော သူ့ယောက္ခမတွေပဲ၊ သူလူတွေဆိုရင် နိုင်ငံခြားကလှူတဲ့ အကောင်းစား ပစ္စည်းတွေပြည့်လို့၊ ကျနော်တို့ ရွာသားတွေကတော့ သူတို့ မလိုချင်တဲ့ အစုတ်အပဲ့တွေ ပဲပေးတာ၊ ဒါတောင်နည်းနည်းကောင်းရင် ပိုတ်ဆံပေးမှရတယ်ဗျာ” လို့ ပြောပြပါတယ်။

အီးယူနိုင်ငံများအဖွဲ့ ACF အဖွဲ့မှ အိမ်ထောင်စုတစုကို အမေရိကန်ဒေါ်လာ ၁ဝဝ စီပေးအပ် လှူဒါန်းတုန်းကလည်း ရာအိမ်မှူး ဦးဌေးတင်အောင်က ကျပ်ငွေ ၇၅ဝဝဝ စီသာပေး ကြောင်း ရွာခံအမျိုးသမီးတစ်ဦးက ပြောပြပါတယ်။(ပြည်တွင်းငွေကြေးပေါက်ဈေးအရ၊ ကျပ် တသိန်း ဝန်းကျင်ရှိပါတယ်)

“ကျမတို့လည်း ရရင်ပြီးရောဆိုပြီးယူရတာပေါ့၊ သူကပြောသေးတယ်၊ ငါ့ကိုဘယ်ကောင်မှ ဖြုတ်လို့မရဘူး၊ ငါ့ကိုပြုတ်အောင်ဖြုတ်မယ့်သူ မမွေးသေးဘူးတဲ့၊ ဘာလဲ ယမမင်းတောင် လာ ဖြုတ်လို့ မရဘူးလို့ ပြောတယ်” လို့ ပြောပြပါတယ်။

ဓနိချောင်းရွာဟာ အိမ်ခြေ ၅ဝဝ လောက်ရှိပြီး လယ်သမားဦးရေ ၂ဝဝ ကျော်ခန့် ရှိတဲ့ ရွာကြီးဖြစ်ပါတယ်။ ဘိုကလေးမြို့ကို သွားမယ်ဆိုရင် စက်လှေနဲ့ ၅ နာရီလောက် သွား ရပါတယ်။ နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့ပြီး တနှစ်ကျော်ကြာလာခဲ့ပြီဖြစ်ပေမဲ့ ဒေသခံ ပြည် သူတွေရဲ့ အလုပ်အကိုင်၊ နေထိုင်ရေး၊ ကလေးငယ်တွေရဲ့ ပညာရေးနဲ့ စားဝတ်နေရေး ကျန်းမာရေးကိစ္စတို့မှာ ယခုအချိန်အထိ အခက်အခဲရှိနေသေးတယ်ဆိုတာကို ဓနိချောင်း ရွာခံများက ပြောပြကြပါတယ်။

ပေးပို့သူ … ကိုကျော်သောင်း(ဘန်ကောက်)