
ထိုင်းနိုင်ငံတောင်ပိုင်း ကျုံဖေါ်မြို့နယ် မူထိ ၅ တာမွန်နာခအန်ရွာ အန်နောင်ကျော်လခစ် ဘုန်းတော်ကြီးကျောင်းအနီးတွင် အမည်မသိ မြန်မာအလုပ်သမားအလောင်း ၃ လောင်း ကို ကျုံဖေါ်ကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းစာမှာ ဖေါ်ပြထားပါတယ်။
ဘုန်းတော်ကြီးကျောင်းရဲ့ အဝင်လမ်း ကီလို မီတာ ၃ဝ အကွာမှာ သြဂုတ်လ ၂၈ ရက်နေ့ ညနေ ၉ နာရီတွင် အဆိုပါ ဘုန်း တော်ကြီးကျောင်းအနီးမှာ ရွာသားအချို့က တွေ့ရှိပြီး ရွာလူကြီး နိုင်ဖနိုန်ကဲမနီက သက် ဆိုင်ရာရဲစခန်းအား အကြောင်းကြားခဲ့ပါတယ်။ ကယ်ဆယ်ရေးကားများရောက်လာပြီး အ လောင်းတွေကို ကျုံဖေါ်ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သြဂုတ်လ ၃ဝ ရက်နေ့ ထုတ် ထိုင်းရပ် သတင်းစာမှာ ဖေါ်ပြထားပါတယ်။
အမှူးလိုက် ရဲအရာရှိ တူချပ်တီလီလပ်ဖုန် က “ဗမာတွေဖြစ်နိုင်ပါတယ်၊ မှတ်ပုံတင်တွေ စာရွက်စာတမ်းတွေဘည်းဘာမှမတွေ့ရဘူး၊ ဖိနပ်တောင် အလောင်းမှာမတွေ့ရဘူး၊ တင် လာတဲ့ ကားက လူသေမှုအပြင် လူကုန်ကူးရေးနဲ့ အရေးယူခံရမှာကို စိုးရိမ်တဲ့အတွက် အလောင်းကို အလျှင်အမြန်လာပစ်လိုက်တာဖြစ်နိုင်တယ်” ဟု သတင်းတွင်ဖေါ်ပြထား သည်။
ဆေးရုံမှ စမ်သပ်စစ်ဆေးချက်အရ အဆိုပါ မြန်မာအလောင်းသုံးလောင်းမှာ အလောင်း တွေ့ရှိချိန်မတိုင်မီ ၁ဝ နာရီခန့်က အသက်ရှူမွန်းကြပ်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သ တင်းစာတွင် ရေးသားဖေါ်ပြ ထားပါတယ်။ အအေးခန်း ကုန်ကားတစီးက လာပစ်ချ သွားခြင်း ဖြစ်နိုင်ကြောင်း ရွာသွားတွေရဲ့ ပြောဆိုချက်ကိုမူတည်ပြီး ကျုံဖေါ်အနီတစ်ဝိုက် တွင် ကားပိုင်ရှင် အချို့အပါအဝင် မြန်မာများကိုမေးမြန်းစုံစမ်းနေကြောင်း သိရပါတယ်။
မြန်မာနိုင်ငံတွင်စီးပွားရေးကြပ်တည်း၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် အိမ်နီးခြင်း ထိုင်း နိုင်ငံကို ရရာလမ်းကြောင်းတွေကှ နည်းမျိုးးစုံနဲ့ ဝင်ရောက်အလုပ်လုပ်ကိုင် နေကြရပါ တယ်။ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ အခုလို မကြာခဏ အဖြစ်ဆိုးတွေနဲ့ ကြုံရ လေ့ ရှိပါတယ်။
လွန်ခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဧပြီလ ၁ဝ ရက်နေ့တုန်းက ရနောင်းမြို့မှ ဖူးခက်မြို့သို့ မြန်မာ အလုပ်သမားတရာကျော် တင်ဆောင်လာတဲ့ အေးခန်းအလုံပိတ် ကွန်တင်နာကားပေါ် တွင် အသက်ရှူမွန်းကြပ်ပြီ မြန်မာအလုပ်သမား ၅၄ ဦး သေးဆုံးခဲ့ပါတယ်။
ကိုကျော်သောင်း(ဘန်ကောက်)
No comments:
Post a Comment