Friday, September 11, 2009

မလေးရှားတွင် မြန်မာမိန်းကလေးအလုပ်သမများ နေထိုင်တဲ့အိမ်ကို အကြမ်းဖက်ဝင် ရောက် လုယက်

ပြည်ပနိုင်ငံ တွင်လာရောက် အလုပ်လုပ်ကိုင် နေသော မြန်မာအမျိုးသမီးများမှာ လုံခြုံမှု မရှိ ကြောင်း အောက်ပါ အဖြစ်အပျက်က သက် သေပြနေပါသည်။

မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရူးတွင် အလုပ်လာ ရောက်လုပ်ကိုင်နေသော မြန်မာမိန်းကလေး များ နေထိုင်သော အိမ်ကို အကြမ်းဖက်ဝင် ရောက် ပစ္စည်းယူမုဒိန်းကျင့်သော အမှုတခုဖြစ် ပွားခဲ့ကြောင့် သိရှိရပါသည်။

အမှုမဖြစ်ပွားမီ ရက်အနည်းငယ်ကြာက အိမ်နောက်ဘက်လမ်းကြားမှ လာရောက် ကြည့်ရှု ချောင်းမြောင်းနေသည့် ယောင်္ကျားလေးသူစိမ်းကို တွေ့ရှိရသဖြင့် အလုပ်သမများမှ အေး ဂျင့်အား ဖုန်းဆက်ကာ အကြောင်းကြားသော်လည်း တစုံတရာလာရောက် ပြောဆိုလုပ် ကိုင်ပေးချင်း မရှိခဲ့ပါ။

နောက်တကြိမ်တွင်းလည်း အဆိုပါ အိမ်နောက်ဖက်လမ်းကြားမှ မလေးနိုင်ငံသား အိန္ဒိယ ဟုထင်မြင်ယူ စသူများလာရောက်၍ မဖွယ်မရာပုံစံများကို မိန်းကလေးများအား ပြုလုပ်ပြ သဖြင့် အေးဂျင့်အားထပ်မံ တိုင်ကြားခဲ့ပါသည်။ အဆိုပါ အေးဂျင့်မှ သူနှင့် မဆိုင်သလို တာဝန်ယူဖြေရှင်း ပေးချင်းမရှိပဲ လာပြရင် ကြည့်နေပေါ့ဟု ပြန်လည်ပြောကြား ခဲ့သည်ဟု ကြားသိ ရပါသည်။

ယခုဖြစ်ပွားပုံမှာ အဆိုပါ မလေးရှားသို့ လာရောက်အလုပ်လုပ်ကိုင်လျှက်ရှိသည့် မိန်းက လေးများ နေထိုင်ရာ အိမ်တွင်းသို့ မလေးနိုင်ငံသား အိန္ဒိယ ဟုထင်ရသူ လေးဦး ဝင်ရောက် လာကာ အိမ်တွင်နေထိုင်သူ မိန်းကလေး (၁၀) ယောက်ကို ကြိုးနှင့်တုပ် အဝတ်များပါးစပ် ကိုပိတ်စီးကာ အားလုံးကို အဝတ်အစားများချွတ်ကာ ရေချိုးခန်းတွင်းသို့ထည့်ကာ ပိတ် ထားပါသည်။

ထို့နောက် ငယ်ရွယ်သောမိန်းကလေး လေးယောက်ကို အခန်းတွင်းသို့ ခေါ်ကာ မုဒိန်းကျင့် မှုကျူးလွန်ခဲ့သည်ဟု သိရှိရပါသည်။ တန်ဖိုးရှိသော ပစ္စည်းများကို ရှာဖွေ မွှေနှောက်ယူငင် သွားကြသည့်ပြင် မိန်းကလေး (၄) ဦးအား စော်ကားသွားခြင်း ဖြစ်ပါသည်။ အဆိုပါ အမှု ကိစ္စအား မလေးရှားရဲဌာနမှ မည်သို့ဆက်လက် လုပ်ကိုင်ပေးမည်ကို မသိရှိရသေးသော် လည်းနောက်ဆုံး ကြားသိရသည် သတင်းအရ အဆိုပါ မိန်းကလေး များအားလုံးကို မြန်မာ သံရုံးမှ လာရောက်ခေါ်ဆိုသွားသည်ဟု သတင်းပေးပို့သူမှတဆင့် ကြားသိရပါသည်။ အ သေးစိတ်အချက်လက်သတင်းကို ထပ်မံစုံစမ်း ဖော်ပြပေးသွားပါမည်။

ပြည်တွင်းစီးပွားရေး မပြေလည်မှု အလုပ်အကိုင် ရှားပါးမှုများကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ကာ အလုပ်လုပ်ကိုင်နေကြရသည် မြန်မာနိုင်ငံမှ အလုပ်သမားအများအပြား ရှိပါ သည်။ အဆိုပါအထဲတွင် မိန်းကလေးအများအပြား ပါရှိပါသည်။ မြန်မာနိုင်ငံမှ လာရောက် အလုပ် လုပ်ကိုင်လျှက်ရှိသည့် အလုပ်သမား အများအပြားမှာ မလေးရှားနိုင်ငံ နှင့် ထိုင်း နိုင်ငံတွင် အများဆုံးဖြစ်ပါသည်။

မလေးရှားတွင် အလုပ်လာရောက်လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမားများမှာ မ ကြာခဏ လုယက်ခံရခြင်း၊ ရိုက်မှုများဖြစ်ခြင်းနှင့် အနိုင်ကျင့်စော်ကားခံရမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိပါသည်။ အလုယက် ခံရသူများမှာ မည်သို့တိုင်ကြားရမည်ကို မသိရှိခြင်း၊ ရှက်ကြောက်ခြင်းတို့ကြောင့်၊ လူ့အခွင့်ရေး ချိုးဖောက် မှုများဖြစ်ပွားနေသော်လည်း မည် သည့်အမှုမှ သေချာပေါ်ပေါက်ခြင်း မရှိပဲ ရှိနေပါသည်။
ဆက်လက်စုံစမ်းနေပါသည်။

ပေးပို့သူ ... zawsai88@gmail.com
အချက်အလက် ရယူတဲ့နေရာ...
http://thestar.com.my/news/story.asp?file=/2009/9/11/nation/4693097&sec=nation

No comments: