Saturday, August 7, 2010
Sunday, July 25, 2010
Thursday, June 24, 2010
Friday, June 18, 2010
Tuesday, June 15, 2010
Monday, June 14, 2010
Sunday, June 13, 2010
Saturday, June 12, 2010
Tuesday, June 8, 2010
Monday, June 7, 2010
သခင်
မဲဆောက်...တဲ့
စွဲလောက်စရာ အပျော်များက
စိတ်အစဉ်ကို ကြည်စား
ဘဝင်များတောင် ဖိုမိပါရဲ့
ရောင်သွေးစုံစွာ တနင်္ဂနွေ ညနေဈေးမှာ
အိုတီ ပိတ် သူပိတ်...ဟိုဒီ ဒိတ် သူဒိတ်
တပါတ်စာ ဟင်းစား ဝယ် သူဝယ်
ရွာအကြောင်း သတင်းစကား သယ် သူသယ်နဲ့
ခန့်ညားနေတဲ့ တနင်္ဂနွေညနေ
အင်း........ကြည့်ရတာ
အပျင်းတော့ ပြေလောက်ပါတယ်လေ........။
ဒီလိုပါပဲ....
လုပ်ကိုင်စားရ ရွှေ့ပြောင်းဘဝတွေ
ပုလိပ်ကြောက်ရ သပိတ်မှောက်မရနဲ့
ရတဲ့ လစာလေး ကျစ်လစ်
အလုပ်ချိန်တွေ ပိုနေလည်း မငြီး
ပိတ်ရက်မရှိလည်း မပြော
ရက်ပေါင်တွေများလည်း စောင့်ဆိုင်း
သီးခံမှုတွေရဲ့ တံတိုင်း ရွှေ့ပြောင်းဘဝတွေကို
ဝိုင်းထား လေရော့ သလားကွယ်......။
အရိုင်းစကားအနေနဲ့ ပြောရင်
ငွေဝယ်ကျွန်ပမာ...
မိုးလင်းက မိုးချုပ် လုပ်ရတာ
ရသည့်လစာ တပဲခြောက်ပြား
အိမ်ပြန် မပို့ဖြစ်တာကများ
ဟဲ့ ...နင်တို့သုံးဖြုန်းနေသလား မောင်လုပ်မောင်စား
တကယ်ပါဗျာ...
ပိတ်ရက်ဆို ဘယ်မှ မသွား
အဆောင်မှာ ကုတ်နေတာက များပါတယ်
အားပါတယ်ဆိုတဲ့ အချိန်
ဖါးရှာငါးရှာ..ဟင်းရွက်ကန်ဇွန်းမကျန်ပါ
ရွှေ့ပြောင်းဘဝ တစေ့တစောင်းလောက်မပါလို့
ကယ်မယ့်သူတွေကိုမျှော်
ရောက်လာတာက ပုလိပ်တွေပါနော်........။
အဲဒီလိုနဲ့ပဲ........
အရှက်ပေးသွားရသူတွေ
အသက်ပေးသွားရသူတွေ
အားလုံး သိတာရှိသလို
တောတောင်ထဲမှာ စတေးသွားရတာတွေလည်း
ရှိခဲ့ဘူးပြီလေ..
ငိုခဲ့ဘူးတဲ့ ထရံနောက်က ရှိုက်သံ
ဝမ်းရေးအတွက် စည်းချက်သံမြန်နေတယ်
မှန်နေတယ်ဆိုတဲ့ ယမကာဝိုင်း
ဒါတနေ့တာ ပင်ပန်းမှုရဲ့ ဒီဇိုင်း
ဖခင်ပြန်လာချိန်ကို မျှော်နေတဲ့ ကလေးငယ်
လက်မလေးကို စုပ်နေရှာတယ်
တောင်ယာတခုရဲ့ မီးဖိုဘေးမှာ
မိသားတစု ထမင်းလွေးနေတယ်
အေးနေတယ်ဆိုတဲ့ ညချမ်း
ညည့်ငှက်လေးတွေ ပမ်းနေတယ်
လန်းနေတယ်ဆိုတဲ့ည အိုတီပိတ်ညနေ
ဘဝ အမောတွေ ဝေ
ဟန်ဆောင်မှု မျက်နှာဖုံးတွေ
ပျားပန်းခပ်မျှ ပြုံးနေတယ်.......။
ကွယ်............
လစာထုတ်ရက် အကြွေးတောင်းသံ
စက်ရုံဝင်းကျင်မှာ ညံနေတယ်
လုပ်ငန်းခွင်တိုင်းမှာ ရင်ခုန်သံတွေ မြန်နေတယ်
တောင်ယာထဲက ဆွေးမြည့်တေးတပုဒ်
လွမ်းရောင်သန်းတဲ့ ရှမ်းတောင်တန်းမှာ မှေးငုတ်နေတယ်
ငိုရှိုက်.....ရယ်မော....ကြည်နူး........ဝမ်းနဲ
ဒါ...ရွှေ့ပြောင်းဘဝတွေပဲ.........။
ကဲ....ရွှေမြန်မာများ
အမိမြေကို လွမ်းနေမယ့်အစား
သူများပြည်မှာ ကျွန်ခံလင့်ငြား
သခင် စိတ်ဓါတ်တွေကို
ဘဝင်ထိပ်မှာ တပ်ပါလို့
ကိုယ့်လူမျိုးခြင်း ရိုင်းပင်း
တယောက်ဒုက္ခ တဦးမျှဝေ
ချစ်ခင် ညီညွတ်စွာနဲ့
(ပြည်ထောင်စု ဆိုတဲ့ စိတ်ထား)
ရွှေ့ပြောင်းတိုင်းရဲ့ ရင်ထဲမှာထားရင်လေ
ရွှေပြည်ကြီး မဝေးတော့ပါဘူး
သွေးနှီးကာသာ စည်းလုံးသွား
( သခင် ) ဆိုတဲ့ ဗမာပြည်သား
ကမ္ဘာ့အလယ်မှာ
ဂုဏ်ယူဝင့်ကြွား......သွားကြပါ စို့လား..........။
ကိုမဲကြီး
စွဲလောက်စရာ အပျော်များက
စိတ်အစဉ်ကို ကြည်စား
ဘဝင်များတောင် ဖိုမိပါရဲ့
ရောင်သွေးစုံစွာ တနင်္ဂနွေ ညနေဈေးမှာ
အိုတီ ပိတ် သူပိတ်...ဟိုဒီ ဒိတ် သူဒိတ်
တပါတ်စာ ဟင်းစား ဝယ် သူဝယ်
ရွာအကြောင်း သတင်းစကား သယ် သူသယ်နဲ့
ခန့်ညားနေတဲ့ တနင်္ဂနွေညနေ
အင်း........ကြည့်ရတာ
အပျင်းတော့ ပြေလောက်ပါတယ်လေ........။
ဒီလိုပါပဲ....
လုပ်ကိုင်စားရ ရွှေ့ပြောင်းဘဝတွေ
ပုလိပ်ကြောက်ရ သပိတ်မှောက်မရနဲ့
ရတဲ့ လစာလေး ကျစ်လစ်
အလုပ်ချိန်တွေ ပိုနေလည်း မငြီး
ပိတ်ရက်မရှိလည်း မပြော
ရက်ပေါင်တွေများလည်း စောင့်ဆိုင်း
သီးခံမှုတွေရဲ့ တံတိုင်း ရွှေ့ပြောင်းဘဝတွေကို
ဝိုင်းထား လေရော့ သလားကွယ်......။
အရိုင်းစကားအနေနဲ့ ပြောရင်
ငွေဝယ်ကျွန်ပမာ...
မိုးလင်းက မိုးချုပ် လုပ်ရတာ
ရသည့်လစာ တပဲခြောက်ပြား
အိမ်ပြန် မပို့ဖြစ်တာကများ
ဟဲ့ ...နင်တို့သုံးဖြုန်းနေသလား မောင်လုပ်မောင်စား
တကယ်ပါဗျာ...
ပိတ်ရက်ဆို ဘယ်မှ မသွား
အဆောင်မှာ ကုတ်နေတာက များပါတယ်
အားပါတယ်ဆိုတဲ့ အချိန်
ဖါးရှာငါးရှာ..ဟင်းရွက်ကန်ဇွန်းမကျန်ပါ
ရွှေ့ပြောင်းဘဝ တစေ့တစောင်းလောက်မပါလို့
ကယ်မယ့်သူတွေကိုမျှော်
ရောက်လာတာက ပုလိပ်တွေပါနော်........။
အဲဒီလိုနဲ့ပဲ........
အရှက်ပေးသွားရသူတွေ
အသက်ပေးသွားရသူတွေ
အားလုံး သိတာရှိသလို
တောတောင်ထဲမှာ စတေးသွားရတာတွေလည်း
ရှိခဲ့ဘူးပြီလေ..
ငိုခဲ့ဘူးတဲ့ ထရံနောက်က ရှိုက်သံ
ဝမ်းရေးအတွက် စည်းချက်သံမြန်နေတယ်
မှန်နေတယ်ဆိုတဲ့ ယမကာဝိုင်း
ဒါတနေ့တာ ပင်ပန်းမှုရဲ့ ဒီဇိုင်း
ဖခင်ပြန်လာချိန်ကို မျှော်နေတဲ့ ကလေးငယ်
လက်မလေးကို စုပ်နေရှာတယ်
တောင်ယာတခုရဲ့ မီးဖိုဘေးမှာ
မိသားတစု ထမင်းလွေးနေတယ်
အေးနေတယ်ဆိုတဲ့ ညချမ်း
ညည့်ငှက်လေးတွေ ပမ်းနေတယ်
လန်းနေတယ်ဆိုတဲ့ည အိုတီပိတ်ညနေ
ဘဝ အမောတွေ ဝေ
ဟန်ဆောင်မှု မျက်နှာဖုံးတွေ
ပျားပန်းခပ်မျှ ပြုံးနေတယ်.......။
ကွယ်............
လစာထုတ်ရက် အကြွေးတောင်းသံ
စက်ရုံဝင်းကျင်မှာ ညံနေတယ်
လုပ်ငန်းခွင်တိုင်းမှာ ရင်ခုန်သံတွေ မြန်နေတယ်
တောင်ယာထဲက ဆွေးမြည့်တေးတပုဒ်
လွမ်းရောင်သန်းတဲ့ ရှမ်းတောင်တန်းမှာ မှေးငုတ်နေတယ်
ငိုရှိုက်.....ရယ်မော....ကြည်နူး........ဝမ်းနဲ
ဒါ...ရွှေ့ပြောင်းဘဝတွေပဲ.........။
ကဲ....ရွှေမြန်မာများ
အမိမြေကို လွမ်းနေမယ့်အစား
သူများပြည်မှာ ကျွန်ခံလင့်ငြား
သခင် စိတ်ဓါတ်တွေကို
ဘဝင်ထိပ်မှာ တပ်ပါလို့
ကိုယ့်လူမျိုးခြင်း ရိုင်းပင်း
တယောက်ဒုက္ခ တဦးမျှဝေ
ချစ်ခင် ညီညွတ်စွာနဲ့
(ပြည်ထောင်စု ဆိုတဲ့ စိတ်ထား)
ရွှေ့ပြောင်းတိုင်းရဲ့ ရင်ထဲမှာထားရင်လေ
ရွှေပြည်ကြီး မဝေးတော့ပါဘူး
သွေးနှီးကာသာ စည်းလုံးသွား
( သခင် ) ဆိုတဲ့ ဗမာပြည်သား
ကမ္ဘာ့အလယ်မှာ
ဂုဏ်ယူဝင့်ကြွား......သွားကြပါ စို့လား..........။
ကိုမဲကြီး
Wednesday, May 19, 2010
မိုးသံလေသံတွေရဲ့နောက်သေနတ်ပစ်ခံရတဲ့သတင်း
ကျတော်တို့မဲဆောက်မှာ ၁၇.၅.၂၀၁၀မှာတော့မိုးကလည်း သည်းပြီးတော့လေကလည်း
တော်တော်လေးတိုက်တာကြောင့် ဓာတ်တိုင်တွေကျိုးသစ်ပင်တွေလဲနဲ့ မီးတွေပါပျက်ခဲ့ပါ
တယ်။ အဲဒါကတော့ ညနေ(၃း၀၀)နာရီလောက်မှာဖြစ်ခဲ့တာပါ။ည(၇း၃၀)လောက်မှာတော
့ မဲဆောက်မြို့ဘွန်ခွန်းရပ်ကွက် ဝပ်မနိ ဘုန်းကြီးကျောင်းအနောက်ဘက်မှာမြန်မာပြည်သား
အမျိုးသမီးတစ်ယောက်ကို ထိုင်းလူမျိုးနှစ်ယောက်ကသေနတ်နဲ့ဝင်ပစ်သွားခဲ့ပါတယ်။ ဖြစ်
ပျက်ပုံသတင်းအကျဉ်းကိုမေးမြန်းကြည့်တဲ့အခါမှာတော့ “………………………………………
ဝပ်မနိဘုန်းကြီးကျောင်းအနောက်ဘက် လယ်ကွင်းထဲမှာနေတဲ့ မြန်မာပြည်သားအလုပ်သ
မား လေးယောက်ရဲ့အိမ်ကို ည(၇း၃၀)လောက်မှာ ထိုင်းလူမျိုးနှစ်ယောက်ကလာရောက်ပြီး
တဲအိမ်မှာ လူဘယ်နှစ်ယောက်နေလဲမေးမြန်းပါတယ်။ မေးမြန်းမှု့ကိုတဲမှာနေတဲ့ အမျိုး
သားက လေးယောက်နေတယ်လို့ပြောပြီး ကျန်တဲ့သားအမိနှစ်ဦးဘယ်သွားလည်းလို့မေး
တဲ့အခါ တဲမှာနေတဲ့အမျိုးသားက အိပ်နေတယ်လို့ပြောပါတယ်အဲလိုပြောတဲ့အချိန်မှာ သေ
နတ်နဲ့ပစ်ခံရတဲ့အမျိုးသမီးက အိပ်ယာထဲကနေထလာပါတယ်။ထလာတဲ့အမျိုးသမီးမ……
ကိုထိုင်းအမျိုးသားနှစ်ယောက်က ဘာမှမမေးဘဲသေနတ်နဲ့ ချိန်ပစ်ပါတယ်။သေနတ်နဲ့ချိန်
ပစ်တဲ့အခါမှာ တစ်ယောက်ကသေနတ်နဲ့ ပစ်ပြီးကျန်တစ်ယောက်က ဓာတ်မီးနဲ့ခေါင်းကို
မီးထိုးပေးပါတယ်။သေနတ်ငါးချက်ဆက်တိုက်ပစ်ပြီး အမျိုးသမီး လဲကြသွားတဲ့အခါမှာ ထို
ထိုင်းအမျိုးသားနှစ်ယောက်ကပြန်လည်ထွက်ခွာသွားပါတယ်။သေနတ်ငါးချက်ပစ်ခံရတဲ့အမျိုးသမီးကတော့သေနတ်ကျည်လေးချက်လွဲသွားပြီး သေနတ်ကျည်တချက်က မ……….ရဲ
့ပေါင်ရင်းကနေခါးကိုဖောက်ထွက်သွားပါတယ်။အဲဒီအခါမှာဘေးနားမှာရှိတဲ့လင်မယားနှစ်
ယောက်နဲ့မ……...ရဲ့သမီးကတော့ကြောက်လန့်ကာနေကြပြီး ထိုင်းအမျိုးသားနှစ်ယောက်
ထွက်ခွာသွားတော့မှလည်းကောင်းတို့နေထိုင်ရာတဲကနေ ကားလမ်းမအတိုင်းလမ်း
လျှောက်လာပြီးတော့ဘေးပတ်ဝန်းကျင်ကို အကူညီတောင်းကာ ထိုင်းအာ
ဏာပိုင်တွေကိုဆက်သွယ်ခဲ့ပါတယ်။ည (၈း၀၀) လောက်မှာထိုင်းအာဏာပိုင်တွေ
ရောက်လာပြီးတော့ အမျိုးသမီးကိုဆေးရုံကြီးသို့အရေးပေါ်ကားနဲ့ ပို့ဆောင်ပေးလိုက်
ပါတယ်။ဒါကတော့ သေနတ်နဲ့ပစ်ခံရတဲ့မြန်မာပြည်သားအလုပ်သမားတစ်ဦးရဲ့ဖြစ်ရပ်ပါ”...
လည်းကောင်းရဲ့နောက်ဆက်တွဲသတင်းကတော့ ထိုင်းအာဏာပိုင်တွေက သေနတ်ပစ်
သွားခဲ့သူ ထိုင်းလူမျိုးနှစ်ယောက်ကို ဆက်လက်ရှာဖွေစုံစမ်းစစ်ဆေးနေဆဲပါ။သေနတ်နဲ့ပစ်
ခံရသူအမျိုးသမီးနဲ့ တအိမ်တည်းနေတဲ့ အမျိုးသားကိုမေးမြန်းကြည့်တဲ့အခါမှာတော့အခုလို
ပြောပြပါတယ် ။ သူတို့လေးယောက်အဲလယ်ကွင်းမှာ အတူနေကြပြီးလယ်ကွင်းထဲမှာ ကန်
စွန်းရွက်၊ ချဉ်ပေါင်ရွက် စသည်တို့ကိုစိုက်ပြီးတော့ မဲဆောက်ဈေးမှာ ရောင်းချစားသောက်
ကြောင်းရှင်းပြပါတယ်။ ခုလထဲမှာ မ……ကဒ်မရှိလို့ ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးမှု့ကြောင့်
အဖမ်းခံရပြီးတော့ ထောင်(၁၂)ရက်ကျသွားခဲ့ပါတယ်။
သူမထောင်မကျခင်စိုက်ထားတဲ့ကန်စွန်းရွက်တွေကိုလည်းကောင်းရဲ့အလုပ်ရှင်ကနေ
သူများတွေကိုအလကားပေးတယ်ဆိုပြီးတော့ ရောင်းစားလိုက်ပါတယ်။မ….…..ထောင်
ကနေပြန်လွတ်လာတဲ့အခါလည်းကောင်းရဲ့အလုပ်ရှင်ကိုဘာမှမပြောဘဲကန်စွန်းရွက်ကိုထပ
်မံစိုက်ပြီးတော့ အခင်းဖြစ်တဲ့နေ့မှာမ…..…..ကလယ်ကွက်ထဲကသူမစိုက်ထားတဲ့ ကန်စွန်း
ရွက်ကိုဈေးထဲမှာေ၇ာင်းခဲ့ပါတယ်။အဲဒါကိုမ………ရဲ့အလုပ်ရှင်ကနေ လာပြီးတော့ မ……
ကသူခိုးလို့စွပ်စွဲပြောဆိုပြီးနင်အသတ်ခံရမယ် ကြည့်နေလို့ လည်းပြောဆိုသွားခဲ့ပါတယ်။
အဲလိုပြောဆိုသွားခဲ့ပြီးညရောက်တဲ့အခါမှာတော့ ထိုင်းလူမျိုးနှစ်ယောက်ရဲ့သေနတ်နဲ့ပစ်
ခတ်ခြင်းကိုမ………တစ်ယောက်ခံခဲ့ရကြောင်းလည်းကောင်းနှင့် အတူနေသည့်အမျိုးသား
ကပြောပြသွားပါတယ်။ထိုမျိုးသားကဆက်ပြီးတော့ ပြောပြတာကတော့ သူမ၏တဲတွင်သူ
တို့ မနေရဲကြောင်း သူတို့ အတွက်အန္တရယ်ရှိတာကြောင့် မည်သို့ လုပ်ဆောင်ရမည်
ကို မသိသေးကြောင်းအသေးစိတ်ပြောပြသွားပါတယ်။ဒါကတော့ကျတော်တို့မဲဆောက်မှာ
ဖြစ်ပျက်သွားတဲ့ သတင်းတပုဒ်ကိုကျတော်တင်ပြပေးလိုက်ပါတယ်။
တော်တော်လေးတိုက်တာကြောင့် ဓာတ်တိုင်တွေကျိုးသစ်ပင်တွေလဲနဲ့ မီးတွေပါပျက်ခဲ့ပါ
တယ်။ အဲဒါကတော့ ညနေ(၃း၀၀)နာရီလောက်မှာဖြစ်ခဲ့တာပါ။ည(၇း၃၀)လောက်မှာတော
့ မဲဆောက်မြို့ဘွန်ခွန်းရပ်ကွက် ဝပ်မနိ ဘုန်းကြီးကျောင်းအနောက်ဘက်မှာမြန်မာပြည်သား
အမျိုးသမီးတစ်ယောက်ကို ထိုင်းလူမျိုးနှစ်ယောက်ကသေနတ်နဲ့ဝင်ပစ်သွားခဲ့ပါတယ်။ ဖြစ်
ပျက်ပုံသတင်းအကျဉ်းကိုမေးမြန်းကြည့်တဲ့အခါမှာတော့ “………………………………………
ဝပ်မနိဘုန်းကြီးကျောင်းအနောက်ဘက် လယ်ကွင်းထဲမှာနေတဲ့ မြန်မာပြည်သားအလုပ်သ
မား လေးယောက်ရဲ့အိမ်ကို ည(၇း၃၀)လောက်မှာ ထိုင်းလူမျိုးနှစ်ယောက်ကလာရောက်ပြီး
တဲအိမ်မှာ လူဘယ်နှစ်ယောက်နေလဲမေးမြန်းပါတယ်။ မေးမြန်းမှု့ကိုတဲမှာနေတဲ့ အမျိုး
သားက လေးယောက်နေတယ်လို့ပြောပြီး ကျန်တဲ့သားအမိနှစ်ဦးဘယ်သွားလည်းလို့မေး
တဲ့အခါ တဲမှာနေတဲ့အမျိုးသားက အိပ်နေတယ်လို့ပြောပါတယ်အဲလိုပြောတဲ့အချိန်မှာ သေ
နတ်နဲ့ပစ်ခံရတဲ့အမျိုးသမီးက အိပ်ယာထဲကနေထလာပါတယ်။ထလာတဲ့အမျိုးသမီးမ……
ကိုထိုင်းအမျိုးသားနှစ်ယောက်က ဘာမှမမေးဘဲသေနတ်နဲ့ ချိန်ပစ်ပါတယ်။သေနတ်နဲ့ချိန်
ပစ်တဲ့အခါမှာ တစ်ယောက်ကသေနတ်နဲ့ ပစ်ပြီးကျန်တစ်ယောက်က ဓာတ်မီးနဲ့ခေါင်းကို
မီးထိုးပေးပါတယ်။သေနတ်ငါးချက်ဆက်တိုက်ပစ်ပြီး အမျိုးသမီး လဲကြသွားတဲ့အခါမှာ ထို
ထိုင်းအမျိုးသားနှစ်ယောက်ကပြန်လည်ထွက်ခွာသွားပါတယ်။သေနတ်ငါးချက်ပစ်ခံရတဲ့အမျိုးသမီးကတော့သေနတ်ကျည်လေးချက်လွဲသွားပြီး သေနတ်ကျည်တချက်က မ……….ရဲ
့ပေါင်ရင်းကနေခါးကိုဖောက်ထွက်သွားပါတယ်။အဲဒီအခါမှာဘေးနားမှာရှိတဲ့လင်မယားနှစ်
ယောက်နဲ့မ……...ရဲ့သမီးကတော့ကြောက်လန့်ကာနေကြပြီး ထိုင်းအမျိုးသားနှစ်ယောက်
ထွက်ခွာသွားတော့မှလည်းကောင်းတို့နေထိုင်ရာတဲကနေ ကားလမ်းမအတိုင်းလမ်း
လျှောက်လာပြီးတော့ဘေးပတ်ဝန်းကျင်ကို အကူညီတောင်းကာ ထိုင်းအာ
ဏာပိုင်တွေကိုဆက်သွယ်ခဲ့ပါတယ်။ည (၈း၀၀) လောက်မှာထိုင်းအာဏာပိုင်တွေ
ရောက်လာပြီးတော့ အမျိုးသမီးကိုဆေးရုံကြီးသို့အရေးပေါ်ကားနဲ့ ပို့ဆောင်ပေးလိုက်
ပါတယ်။ဒါကတော့ သေနတ်နဲ့ပစ်ခံရတဲ့မြန်မာပြည်သားအလုပ်သမားတစ်ဦးရဲ့ဖြစ်ရပ်ပါ”...
လည်းကောင်းရဲ့နောက်ဆက်တွဲသတင်းကတော့ ထိုင်းအာဏာပိုင်တွေက သေနတ်ပစ်
သွားခဲ့သူ ထိုင်းလူမျိုးနှစ်ယောက်ကို ဆက်လက်ရှာဖွေစုံစမ်းစစ်ဆေးနေဆဲပါ။သေနတ်နဲ့ပစ်
ခံရသူအမျိုးသမီးနဲ့ တအိမ်တည်းနေတဲ့ အမျိုးသားကိုမေးမြန်းကြည့်တဲ့အခါမှာတော့အခုလို
ပြောပြပါတယ် ။ သူတို့လေးယောက်အဲလယ်ကွင်းမှာ အတူနေကြပြီးလယ်ကွင်းထဲမှာ ကန်
စွန်းရွက်၊ ချဉ်ပေါင်ရွက် စသည်တို့ကိုစိုက်ပြီးတော့ မဲဆောက်ဈေးမှာ ရောင်းချစားသောက်
ကြောင်းရှင်းပြပါတယ်။ ခုလထဲမှာ မ……ကဒ်မရှိလို့ ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးမှု့ကြောင့်
အဖမ်းခံရပြီးတော့ ထောင်(၁၂)ရက်ကျသွားခဲ့ပါတယ်။
သူမထောင်မကျခင်စိုက်ထားတဲ့ကန်စွန်းရွက်တွေကိုလည်းကောင်းရဲ့အလုပ်ရှင်ကနေ
သူများတွေကိုအလကားပေးတယ်ဆိုပြီးတော့ ရောင်းစားလိုက်ပါတယ်။မ….…..ထောင်
ကနေပြန်လွတ်လာတဲ့အခါလည်းကောင်းရဲ့အလုပ်ရှင်ကိုဘာမှမပြောဘဲကန်စွန်းရွက်ကိုထပ
်မံစိုက်ပြီးတော့ အခင်းဖြစ်တဲ့နေ့မှာမ…..…..ကလယ်ကွက်ထဲကသူမစိုက်ထားတဲ့ ကန်စွန်း
ရွက်ကိုဈေးထဲမှာေ၇ာင်းခဲ့ပါတယ်။အဲဒါကိုမ………ရဲ့အလုပ်ရှင်ကနေ လာပြီးတော့ မ……
ကသူခိုးလို့စွပ်စွဲပြောဆိုပြီးနင်အသတ်ခံရမယ် ကြည့်နေလို့ လည်းပြောဆိုသွားခဲ့ပါတယ်။
အဲလိုပြောဆိုသွားခဲ့ပြီးညရောက်တဲ့အခါမှာတော့ ထိုင်းလူမျိုးနှစ်ယောက်ရဲ့သေနတ်နဲ့ပစ်
ခတ်ခြင်းကိုမ………တစ်ယောက်ခံခဲ့ရကြောင်းလည်းကောင်းနှင့် အတူနေသည့်အမျိုးသား
ကပြောပြသွားပါတယ်။ထိုမျိုးသားကဆက်ပြီးတော့ ပြောပြတာကတော့ သူမ၏တဲတွင်သူ
တို့ မနေရဲကြောင်း သူတို့ အတွက်အန္တရယ်ရှိတာကြောင့် မည်သို့ လုပ်ဆောင်ရမည်
ကို မသိသေးကြောင်းအသေးစိတ်ပြောပြသွားပါတယ်။ဒါကတော့ကျတော်တို့မဲဆောက်မှာ
ဖြစ်ပျက်သွားတဲ့ သတင်းတပုဒ်ကိုကျတော်တင်ပြပေးလိုက်ပါတယ်။
Labels:
မင်းထက်
Sunday, May 16, 2010
ရွှေပြည်သို့  တမ်းခြင်း
ချစ်လျှက်နဲ့ ….. စွန့် ခဲ့ရပြီ
တို့သိပ်ချစ်တဲ့ … တို့ ရွှေပြည်
ဝမ်းရေအတွက် …. အလှမ်းဝေးတဲ့
တစ်ပါးမြေမှာ ….. အနေမသာလည်း
သွေခွါမရလို့  …. နေရဦးမည်
ချစ်သောနေရာ …….ရွှေပြည်မှာတော့
ဘယ်သူသေသေ …..ငတေမာဖို့ 
ငတေတို့ ရဲ့ .......အာဏာမုန်တိုင်း
ကြမ်းတမ်းရိုက်ခတ်……… အနေကြပ်
ဝမ်းရေးခက်သမို့…….. အလှမ်းဝေးတဲ့
တစ်ပါးမြေမှာ …….. “ကျွန်ဘ၀နဲ”့
မရွှင်မပြစွာ ……..ငွေရှာရတဲ့
တို့ ဘ၀တွေ ……..တစ်နေ့ မှာတော့
ငတေလည်းသေ... မုန်တိုင်းပြေရင်
တို့ ရွှေပြည်မှာ ……..ရွှေပြည်သားတို့
အေးချမ်းစွာ ……..သခင်ဘ၀နဲ့ 
နေရပေတော့မည်…………………………
Labels:
Z.L.H(T.S စက်ရုံအလုပ်သမားတဦး)
Saturday, May 15, 2010
အေးကြည်မအတွက် အားဆေးတခွက်

ရုန်းကန်နေရတဲ့..ဘဝ
ဗုန်းဆံ မှန်သလိုပ
အရွယ်လွန်..အချစ်တွေနဲ့
အမှန်ပင်....ချစ်ခဲ့ကြသော်လည်း
ပန်းခြံလည်းမရောက်ဘူး
လမ်းအမှန်တောင်..ပျောက်ဘူးသလို
ရေခဲမုန့်လဲ..မစားဘူး
အသေအလဲ...အလုပ်လည်းများဘူးတယ်
သမီးရည်းစား..အရေးမှာ
စီးပွါးရေးက နေရာယူ
တကယ့်..တကယ်မှာ အပူက
နှစ်ဦးစလုံးကို လောင်ကျွမ်း
အမှောင်တွေပဲ သမ်းနေပါလား....။
ဘဝမှာ
အလှချည်းသက်သက် မဟုတ်တောင်
ည ချည်းပဲတော့..မဖြစ်သင့်ပါဘူးလေ
တို့နှစ်ယောက်ရဲ့ နေ့သစ်
ဒီနေ့ပဲလား...နောက်နေ့ဖြစ်မလား
အဲဒီ့..လား ပေါင်းများစွာဟာ
အမှားပေါင်းများစွာကို ကျော်ဖြတ်
မင်္ဂလာရက် သတ်မှတ်ဖို့အရေး
စိတ်ကူးထဲမှာပဲ တွေးနေရပါလားကွယ်....။
တနိုင်ငံထဲမှာ တမြို့စီခြား
လေထဲမှာဆောက်တဲ့
တိုက်အိမ်တွေ များလာတဲ့အခါ
တဦးကို တဦးဖေးမ
အသံလှိုင်းထဲမှာ
တယောက်ကိုတယောက်..အားပေး
တို့ နှစ်ဦးအမြန်နီးဖို့အရေး
အင်း.....ဘယ်သူ့ကို
ပြေးပြောရမလဲနော်...။
ကမ္ဘာ့ စီးပွါးပျက်ကပ်
ဘာလို့ တို့ နှစ်ယောက်ကို
ခြောက်ကပ်ကပ်နဲ့..ရယ်နေရတာလဲ
လူတွေဘာလို့ မညီမျှရတာလဲ
အဲဒီ မူဝါဒတွေ လွဲနေသမျှ
အခါတော်ရယ် မပေးနိုင်သေး
ကျိုက်ထီးရိုး ဘုရားနဲ့လည်း
ဝေးနေရတယ်...အေးကြည်မရယ်....။
အေး............
မညီမျှတဲ့ လောကဓံတရား
ခါးစည်း...ရင်ကော့.....ခေါင်းမော့ ခံသွားမယ်
တက်မရှိ..ရွက်မရှိရင်
တို့လက်နဲ့ လှော်ကြစို့
ရှေ့ကလာနေတဲ့ နာဂစ်
နှစ်ယောက်ပေါင်းပြီး
အရေခွံ နွှာပြစ်မယ်
ကဲ...ရှင်မရေ
ဗလာဖြစ်နေတဲ့
ပိုက်ဆံအိတ်ကို.....ဖွင့်.........။
Labels:
ကိုမဲကြီး
Wednesday, May 12, 2010
တောင်ယာအလုပ်သမားတစ်ယောက်ရဲ့နောက်ဆုံးခရီး

အခုတင်ပြပေးမှာကတော့ တောင်ယာအလုပ်သမားတစ်ယောက်ရဲ့ဖြစ်ရပ်(သို့)တောင်ယာ
အလုပ်သမားတစ်ယောက်ရဲ့နောက်ဆုံးခရီးအကြောင်းကိုတင်ပြပေးလိုက်ပါတယ်။
သူ့အမည်ကတော့(…..……)ပါ။သူ့မှာဇနီးတစ်ယောက်ရှိပြီးသားသမီးနှစ်ယောက်ရှိပါတယ်။
သားသမီးနှစ်ယောက်စလုံးက တော့မြန်မာပြည်မှာကျန်ခဲ့ပြီးကို…. တို့ဇနီးမောင်နှံကတော့
ထိုင်းနိုင်ငံ မဲဆောက်မြို့ကိုတက်လာပြီး ဖာဒန်းကျေးရွာ အနီးရှိတောင်ယာတဲ မှာ နေ့စားအ
လုပ်သမားအဖြစ်နဲ့တောင်ယာ လုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်ရင်း မပြေလည်တဲ့စားဝတ်
နေရေးကိုအတွက်ရင်ဆိုင်ဖြေရှင်းယင်းတနေ့မှာကို(……)တစ်ယောက်နေမကောင်းမကျန်း
မာလို့ ဆေးရုံဆေးပေးခန်း ကို သွားရောက်ပြီးသွေးစစ်တဲ့ အခါမှာ (HIV+) ဆိုတဲ့အဖြေကို
သိလိုက်ရပြီးနောက်(ကို…………)သူ့ဘဝဆက်လက်ရှင်သန်ဖို့အတွက် ရုန်းကန်လှုပ်ရှားရင်း
တနေ့မဲဆောက်ဆေးရုံကြီးကိုသွားရောက်ပြသခဲ့ပါတယ်။ဆေးရုံကြီးကိုသွားရောက်ပြသတဲ့အခါမှာ ပိုက်ဆံမရှိတဲ့အတွက် ဆေးရုံဝန်ထမ်းတွေကပိုက်ဆံတောင်းတဲ့အခါမှာ သူ့ဇနီးက ပိုက်ဆံမရှင်းပေးနိုင်တဲ့အတွက်နောက်ဆုံးမှာတော့ ဆေးရုံကနေဆင်းလာခဲ့ရပါတယ်။ဒီလိုနဲ့ ရောဂါအခြေနေဆိုးလာတဲ့အတွက်ကျောင်းသားဆေးခန်းမှာထပ်မံပြီး သွားရောက်ပြသ
ခဲ့ပါတယ်။ARVဆေးရဖို့အတွက်နဲ့အတူသူတို့လင်မယားနှစ်ယောက်ရဲ့စားဝတ်နေရေးအတွက်MAPFoundation (PHAMIT2) အဖွဲ့မှကူညီပေးသော်လည်းနောက်ဆုံးမှာတော့မနှုတ်
ဆက်ဘဲလောကကြီးကနေ၁၂.၅.၂၀၁၀မှာတော့အပြီးပိုင်ထွက်ခွာသွားခဲ့ပါတယ်။သူတို့ဇနီး
မောင်နှံဟာထိုင်းနိုင်ငံမှာရောက်ရှိတာ၅နှစ်ကျော်ပါပြီ။သူတို့ဇနီးမောင်နှံဟာတောင်ယာလုပ်ကိုင်စားရတဲ့အတွက် ပိုလျှံခြင်းမရှိသည့် အပြင် ၀တ်နေရေးအတွက် တောင်အနိုင်နိုင်ပါ ။
ယောက်ကျားဖြစ်သူသေဆုံးချိန်မှာ သဂြိုလ်စရိတ် ၁၇၀၀ဘတ်ကိုဘယ်လိုမှမရှိတဲ့အတွက်
ကြောင့် ဆေးခန်းမှာပဲ ပြစ်ထားခဲ့ရန်ပြောကြားရာ ခွန်အားသစ်အလုပ်သမားများအဖွဲ့ မှ သဂြိုလ်စရိတ် နှင့်အတူခွန်အားသစ်နာရေးကားနှင့်အခမဲ့ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။
အလုပ်ကလည်းရှားစားဝတ်နေရေးအတွက်တောင်အနိုင်နိုင်ရုန်းကန်နေကြရတဲ့မြန်မာပြည်သားရွှေ့ပြောင်းအလုပ်သမားတွေရဲ့နောက်ဆုံးခရီးတွေပာာမလွယ်ကူလှပါဘူး။
ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝတွေပာာနောက်ဆုံးခရီးမှာတောင်ပုံစံအမျိုးမျိုးနဲ့ဒုက္ခရောက်ရတယ်ဆိုတာကို တင်ပြရင်းနိဂုံးချုပ်လိုက်ပါ။
Sunday, April 25, 2010
ရွှေ့ပြောင်းတွေရဲ့အလှူတော်မင်္ဂလာ
ကာနွှဲတဲ့ အတာသင်္ကြန်ပွဲမှာ မြန်မာ့ယဉ်ကျေးမှု မြန်မာ့ဓလေ့တွေနဲ့အညီ စုပေါင်းရပာန်းခံ
ရှင်ပြုအလှူတော်မင်္ဂလာမှာ စက်ရုံအလုပ်သမား တောင်ယာအလုပ်သမား ဆောက်လုပ် ရေးအလုပ်သမား ဈေးဆိုင်အလုပ်သမား စသည့် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရပာန်းခံ ရှင်ပြုအလှူတော်မင်္ဂလာကို မြန်မာသက္ကရာဇ် (၁၃၇၁) ကဆုန်လဆန်း (၃) ရက် (၁၅.၄.၂၀၁၀) ကြာသပတေး မြန်မာသင်္ကြန်အကြတ်နေ့ (ထိုင်းသင်္ကြန်အတက်) နေ့မှာ တော့ ဘွဲကုလားကျေးရွာ ဘွဲကုလားဘုန်းတော်ကြီးကျောင်းတိုက်မှာ စုပေါင်းရပာန်းခံ ရှင် ပြု အလှူတော်မင်္ဂလာကို ကျင်းပခဲ့ပါတယ်။
တတ်နိုင်သလောက်ချွေးနည်းစာငွေတွေကို အလှူပေးလိုက်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရ
ပါတယ်ဆိုတဲ့အကြောင်းရွှေ့ပြောင်းတွေရဲ့ရင်ဖွင့်သံတွေကိုကြားလိုက်ရတဲ့ အခိုက်တန့်မှာ
တောင်ကျတော်အရမ်းဘဲ ဝမ်းသာပီတိဖြစ်မိပါတယ်။ဒါတွေပာာရွှေ့ပြောင်းတွေရဲ့ အင်အား
တရပ်ဖြစ်သလို ရွှေ့ပြောင်းတွေရဲ့ စည်းလုံးခြင်းဆိုတဲ့အားတရပ်ဖြစ်တယ်ဆိုတာကတော့
စာဖတ်သူအပေါင်းတွေးကြည့်ယုံနဲ့ သိနိုင်ပါတယ်။သာရေးနာရေးအတွက်ရည်ရွယ်ပြီးတည်
ထောင်ထားတဲ့ ခွန်အားသစ်အလုပ်သမားများအဖွဲ့ကိုကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်း
ရွှေ့ပြောင်းတွေမှတဆင့်ကြားသိရပါတယ။် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အလှူတော်မင်္ဂ
လာအခမ်းနားကိုတက်ရောက်ကြတဲ့လူပေါင်း(၉၀၀)နီးပါးတက်ရောက်ကြပါတယ်။
Labels:
ခွန်အားသစ်သာရေးပုံရိပ်များ
Monday, March 22, 2010
Friday, March 19, 2010
ရွှေ့ပြောင်းတွေရဲ့နာရေး
ကျတော်အခုတင်ပြမဲ့ အကြောင်းအရာကတော့ မဲဆောက်ဒေသမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဖြစ်ရပ် (သို့) မြန်ပြည်ကထွက်ခွာလာတဲ့ ကျတော်တို့ တိုင်းရင်းသားအ
လုပ်သမားတွေရဲ့ ရင်နင့်စရာ ဖြစ်ရပ်မှန်တွေကို တင်ပြပေးလိုက်ပါတယ်။
လူတိုင်းပာာ ဘယ်နေရာဘယ်ဒေသရောက်ရောက် လူတစ်ယောက်ရဲ့နောက်ဆုံးခရီးဆို
တာရှိပါတယ်။အဲဒီနောက်ဆုံးခရီးဆိုတာ ပုံစံအမျိုးမျိုးနဲ့ထွက်သက်ကို ဘယ်လိုနည်း
တွေနဲ့ရင်ဆိုင်ရသလည်းဆိုတာကတော့ ကွဲပြားခြားနားပါတယ်။ငွေရှိတဲ့ လူတစ်
ယောက်အနေနဲ့ ဘယ်လိုနည်းနဲ့ဖြစ်စေ သူ့အတွက်ထွက်သက်ဝင်သက်ပာာ ငွေဆိုတဲ့
လူတွေရဲ့ပစ်ညတ်ချက်ကြောင့် အကောင်းဆုံးမပာုတ်တောင် လူတစ်ယောက်ရဲ့ အသက်
ကိုငွေနဲ့ ဆွဲဆန့်ထားနိုင်တယ်ဆိုတာကိုတော့ အနည်းနဲ့အများယုံကြည်လက်ခံနိုင်လိမ့်
မယ်လို့ထင်မိပါတယ်။

အဲဒီထဲမှာမှ ရွှေ့ပြောင်းတွေရဲ့ ထွက်သက်ပာာ ဘယ်လောက်တောင်ရင်နင့်စရာကောင်း
သလည်း သုတို့ရဲ့နောက်ဆုံး ခရီးပာာ ဘယ်လောက်တောင် ဆိုးဝါးသလည်းဆိုတာကို
ကျတော်တွေ့ကြုံခံစားရတဲ့ အဖြစ်ပျက်တွေကို ဖော်ပြပေးသွားမှာပါ။
ဒီလိုတင်ပြတဲ့အကြောင်းယင်းတွေကလည်း တကယ်လို့မိမိကိုယ်တိုင် ဖြစ်ခဲ့သော်ဆိုတဲ့
အတွေးတွေကို ရင်ဝယ်ပိုက်ပြီးတော့ မလွယ်လှတဲ့ ရွှေ့ပြောင်းတွေရဲ့ နောက်ဆုံးခရီးကို
ကျတော်သိသလောက် ကျတော်ကြုံတွေ့သလောက်တင်ပြပေးလိုက်ပါတယ်။

မြန်မာပြည်ကနေထွက်ခွာပြီးတော့ ထိုင်းနိုင်ငံမဲဆောက်မြို့ကို ရောက်ရှိပြီး မိမိတို့ရဲ့စား
ဝတ်နေရေးအတွက် ရရာကြုံရာအလုပ်တွေကို နေပူမရှောင်မိုးရွာမရှောင် လုပ်ကိုင်စား
သောက်ရတဲ့ ရွှေ့ပြောင်းတွေရဲ့ ဘဝပာာ မလွယ်ကူလှပါဘူး။ဘာကြောင့်လည်းဆိုတော့
လုပ်အားခ အပြည့်အဝမရတဲ့ အဖြစ်တွေ နဲ့အတူ များပြားလာတဲ့မြန်မာပြည်သားကျ
တော်တို့ရွှေ့ပြောင်းအလုပ်သမားတွေပာာ မပြေလည်တဲ့စီးပွားရေးကြောင့် ကိုယ့်မိသား
စု ကိုယ့်ဆွေမျိုးအသိုင်းဝိုင်း တွေနဲ့အတူ ကိုယ့်ပြည်ကိုခွဲခွာပြီးတော့ တနယ်တကျေးဆို
တဲ့ နိုင်ငံရပ်ခြားမှာ အလုပ်မျိုးစုံနဲ့အတူ ဒေသမျိုးစုံကြားမှာ ကြုံရာအလုပ်တွေကို လုပ်
ကိုင်နေယင်းနဲ့ တားဆီးလို့မရတဲ့သေခြင်းတရားကို ရင်ဆိုင်ခဲ့ရတယ်ဆိုပေမယ့် ငွေမရှိ
တဲ့ရွှေ့ပြောင်းတွေကတော့ အထိနာဆုံးပါဘဲ။ဘာကြောင့်လည်းဆိုတော့ ထိုင်းနိုင်ငံ
မဲဆောက်မှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကတော့ နယ်စပ်နဲ့နီးတာကတကြောင်း
နယ်စပ်နဲ့နီးတဲ့အတွက် ထိုင်းအလုပ်ရှင်တွေရဲ့ ငကန်းသွားယင်ငဆွေလာမယ်ဆိုတဲ့အ
တွေးစိတ်တွေကြောင့်ကျတော်တို့မဲဆောက်မှာရှိတဲ့ မြန်မာပြည်သားရွှေ့ပြောင်းအလုပ်
သမားတွေပာာ မိမိတို့ရဲ့အခွင့်ရေးတွေကို ယနေ့ထက်တိုင်ဆုံးရှုံးနေတယ်ဆိုတာက
တော့ ယနေ့ထက်တိုင်ရှိနေဆဲပါ။နေရာဒေသတွေမှာ ကောင်းတဲ့ထိုင်းအလုပ်ရှင်တွေရှိ
သလိုမကောင်းတဲ့ အလုပ်ရှင်တွေလည်းယနေ့ထက်တိုင်ရှိနေတယ်ဆိုတာကတော့
ရွှေ့ပြောင်းအလုပ်သမားတွေအသိဆုံးဖြစ်သလို ဘာကြောင့်ဒီလိုဖြစ်ရသလည်းဆိုတဲ့
အကြောင်းယင်းတွေကတော့ မြန်မာနိုင်ငံရဲ့ဖိနှိပ်ချုပ်မှု့တွေ မတရားတဲ့ ဥပဒေတွေ မညီ
မျှတဲ့လုပ်အားခတွေကြားမှာ မြေဇာပင်ဘဝနဲ့ အဖိနှိမ့်ခံရတဲ့ ရွှေ့ပြောင်းတွေရဲ့ဘဝတွေ
ပာာ နင်းပြားတွေဖြစ်ခဲ့ရပါတယ်။

ကျန်တဲ့နေရာဒေသတွေမှာလည်း ကျတော်တို့မဲဆောက်နည်းတူ ဖြစ်ရပ်တွေရှိမယ်ဆို
တာကတော့ ကျတော်တွေးမိခဲ့ပါတယ်။မဲဆောက်ဒေသမှာ စက်ရုံအလုပ်ရုံမှာ ရှိတဲ့
ရွှေ့ပြောင်းအလုပ်သမားတွေနဲ့အတူ ကြုံရာကျပန်းလုပ်တဲ့အလုပ်သမားတွေ တောင်
ယာဒေသကိုအမှီပြုပြီးတော့ လုပ်ကိုင်စားသောက်ရတဲ့ တောင်ယာအလုပ်သမား
ရွှေ့ပြောင်းတွေရဲ့အဖြစ်တွေကတော့ ရင်နင့်စရာကောင်းလှပါတယ်။တောင်ယာမှာလုပ်
တဲ့ကျတော်တို့ရွှေ့ပြောင်းအလုပ်သမားတွေပာာ အလုပ်ရှင်တွေရဲ့ဖိနှပ်မှု့တွေ အလုပ်ရှင်
ရဲ့မတရားမှု့တွေကိုတော့ တော်တော်လေးကိုရင်ဆိုင်နေကြရပါတယ်။အလုပ်သမားတွေ
ကိုကူညီပံ့ပိုးနေတဲ့ အဖွဲ့စည်းတွေရှိခဲ့လို့ တော်တော်လေးကို အဆင်ပြေခဲ့ပေမယ့် ယ
နေ့ထက်တိုင်မိမိတို့ရဲ့အခွင့်ရေးတွေကို ဆုံးရှုံးနေတဲ့ တောင်ယာအလုပ်သမားတွေပာာ
ရှိနေဆဲဖြစ်သလို တောင်ယာအလုပ်သမားမပာုတ်တဲ့ ကျတော်တို့ရွှေ့ပြောင်းအလုပ်သ
မားတွေပာာ ရသင့်ရထိုက်တဲ့အခွင့်ရေးတွေကို ယနေ့ထက်တိုင်ဆုံးရှုံးနေဆဲပါ။အဲထဲ
မှာမှရွှေ့ပြောင်းတွေရဲ့နောက်ဆုံးခရီးတွေကတော့ တော်တော်လေးကိုရင်နင့်စရာကောင်း
လှပါတယ်။ငွေမရှိလို့ တောင်ယာထဲမှာတင်သဂြိုလ်လိုက်ရတဲ့ ကျတော်တို့ ရွှေ့ပြောင်း
အလုပ်သမားတွေပာာ ယနေ့ထက်တိုင်ရှိနေသလို ငွေမရှိလို့ မဲဆောက်ဆေးရုံကြီးမှာ
ဘတ်ငွေငါးရာပေးပြီးတော့ လူတစ်ယောက်ရဲ့နောက်ဆုံးခရီးကို ရင်နာနာနဲ့ သင်းဂြိုလ်ခဲ့
ရတဲ့အဖြစ်တွေကတော့ ယနေ့ထက်တိုင်(သို့)နောက်လာမယ့် နေ့ရက်တွေမှာ
တောင် ဒီလိုအဖြစ်မျိုးတွေရှိနေနိုင်အုံးမလားဆိုတာကို တော့ ကျတော်တို့တွေးကြည့်
ယင်း ခံစားမှု့တွေကြားမှာ မြေဇာပင်အလုပ်သမားတွေရဲ့ဘဝကို ကိုယ်ခြင်းစာနားလည်
နိုင်ကြမှာပါ။
အခုဆိုယင်လည်း မဲဆောက် ကတ်ပိပန်းမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်
ရဲ့နာရေးလေးတခုကို ကျတော်တင်ပြလိုက်ပါတယ်။သူ့နံမည်ကတော့…
ဖြစ်ပြီးအိမ်ထောင်သည်တစ်ယောက်ဖြစ်ပါတယ်။သူပာာ တနေ့ကိုဘတ်ရှစ်ဆယ်နဲ့
ဘတ်ငွေတရာကြားမှာ ရရှိပြီးတော့ ကလေးနှစ်ယောက်ရဲ့ဖခင်ဖြစ်သလို မြန်မာပြည်မှာ
ကျန်နေခဲ့တဲ့ သူ့ရဲ့နောက်ခံမိဘတွေကို ပံ့ပိုးကူညီနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
မမျှော်လင့်တဲ့ ကံကြမ္မာက မမျှော်လင့်တဲ့ အချိန်မှာ ဇနီးဖြစ်သူနဲ့အတူ ကလေးနှစ်
ယောက်ကိုစွန့်ခွာပြီးတော့ ရုတ်တရက်အားလုံးသောသူငယ်ချင်းတွေနဲ့အတူမိမိရဲ့ရင်နင့်
သည်းခြာကလေးတွေကို စွန့်ခွာပြီးတော့ မလွန်ဆန်နိုင်တဲ့သေခြင်းတရားကို ရင်ဆိုင်
သွားခဲ့ပါတယ်။ တနေ့ကိုရှစ်ဆယ်နဲ့တရာကြားမှာသာရရှိတဲ့ သူမိသားစုပာာ သေဆုံး
သွားတဲ့ သူတို့ရဲ့သက်ဆိုင်သူကိုကြည့်ယင်းနဲ့ ပူဆွေးသောကတွေရင်ဝယ်ပိုက်ပြီး သူရဲ့
ကျန်ရစ်နေတဲ့ရုပ်အလောင်းကို တစိမ့်စိမ့်ကြည့်ယင်း နောက်ဖြစ်လာမယ့် ဘဝရဲ့စိန်ခေါ်
သံတွေကိုရင်ဆိုင်ဖို့အသင့်ပြင်နေသလို နိုင်ငံရပ်ခြားတိုင်းတပါးမှာ ခင်ရာဆွေမျိုးမိတ်ရာ
ပာင်းကောင်းလို့ သတ်မှတ်ယူထားတဲ့ ကျတော်တို့မြန်မာပြည်သားတွေပာာ နီးစပ်ရာ
သူငယ်ချင်းမိတ်ဆွေတွေကိုအားထားပြီး မဲဆောက်မှာ ရှိတဲ့ နာရေးကူညီမှု့ကိုလုပ်ကိုင်
ပေးနေတယ့် အဖွဲ့စည်းအသီးသီးတွေနဲ့အတူ ခွန်အားသစ်ဆိုတဲ့အလုပ်သမား သာရေး
နာရေးအသင်းကိုဆက်သွယ်ပြီး အကူညီတောင်းခဲ့ပါတယ်။
ဒီလိုနဲ့ သူ့ရဲ့နောက်ဆုံးခရီးကို ကျတော်တို့ခွန်အားသစ်အလုပ်သမားအဖွဲ့တွေပာာ
မိမိတို့တတ်နိုင်သလောက်ကူညီပံ့ပိုးပေးခဲ့ပါတယ်။ဒါပေမယ့်ပေါ့ဗျာ ငွေမရှိတဲ့ ရွှေ့
ပြောင်းတွေအလုပ်သမားတွေပာာ မိမိတို့ရဲ့နောက်ဆုံးခရီးကို ရင်နင့်စရာအဖြစ်တွေကို
ကြုံတွေ့နေရတယ်ဆိုတာကတော့ ယနေ့ထက်တိုင်ရှိနေဆဲပါ။ကျတော်တို့ခွန်အားသစ်
အလုပ်သမားအဖွဲ့ရဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်တွေကတော့ လူတစ်ယောက်ရဲ့နောက်ဆုံးခ
ရီးကို ဖျာလိပ်နဲ့ကိုယ်တိုင်ကျင်းတူးပြီးတော့ သင်းဂြိလ်ခဲ့ရတဲ့အဖြစ်တွေ နဲ့အတူ မိဘ
ဆွေမျိုးသူငယ်ချင်းမရှိတဲ့အတွက် ခွန်အားသစ်အဖွဲ့သားတွေဘဲပါတဲ့ လူတစ်ယောက်ရဲ့
နောက်ဆုံးလမ်းခွဲခြင်းတွေကို လိုက်လံပို့ဆောင်ခဲ့ရတဲ့ ဖြစ်ရပ်တွေကို ကျတော်
မြင်ယောင်ယင်းနဲ့ ရွှေ့ပြောင်းတွေရဲ့နောက်ဆုံးခရီးတွေပာာ ဘာကြောင့်ဒီလိုဖြစ်ရသ
လည်းဆိုတာကို ကျတော်တို့အလုပ်သမားတွေ ဖတ်ရှု့နေတဲ့ ကျတော်တို့မိတ်ဆွေညီ
အစ်ကိုမောင်နှမတွေ စဉ်းစားစေခြင်သလို မညီမျှတဲ့ အလုပ်သမားတွေရဲ့ဘဝတွေကို
နားလည်းစာနာယင်း ရွှေ့ပြောင်းတွေရဲ့ နာရေး (သို့) ရွှေ့ပြောင်းတွေရဲ့နောက်ဆုံးခရီး
ပာာ ဘယ်လောက်ထိအောင်ခက်ခဲနေသည်း ဆိုတာကို တွေးတောယင်းနဲ့ ကျတော်
တင်ပြတဲ့အကြောင်းအရာတွေမှာ အမှားပါခဲ့ယင် ခွှင့်လွှင့်နားလည်ပေးပါရန်နှင့်ကျတော်
မည်သူ့ကိုမျှနစ်နာစေလိုသော်အကြောင်းအရာများမပါသလို မည်သူ့ကိုမျှစော်ကားခြင်း
မပာုတ်ကြောင်းတင်ပြရေးသားလိုက်ပါတယ်ရွှေ့ပြောင်းညီအစ်ကိုမောင်နှမများခင်များ…
Labels:
နာရေး
မန္တလေးသား စစ်စစ်ကြီး တခန်းရပ်ပြဇာတ်
မန္တလေး နှစ် ၁၅၀ ပြည့် ပွဲတော် အထိမ်းအမှတ်ပွဲတွင် တစ်ခန်းရပ်ပြဇာတ်အဖြစ် တင်ဆက်ခဲ့သော မန္တလေးသား စစ်စစ်ကြီး တခန်းရပ်ပြဇာတ်
http://vimeo.com/9943839 မှ ...
Saturday, February 20, 2010
ခွန်အားသစ်များ မွေးဖွားခြင်း
ဖိလွန်းရင် .. ကြွတက်မရှိလွန်းရင်...ငတ်မကွဲ့
မြိုင်မာလာတောခွင်က မစ ...
လှိုင်သာယာလုပ်သားများကစတဲ့
စီးပွားမှု တော်လှန်ရေး
သွေးချောင်းတွေ မစီးသေးခင်မှာ
အားလုံးက လျှစ်လျှူရှု့မထား
ဘေးကနေ..ဝိုင်းဝန်းကူကြစို့လား
အခါတော်မှီအရေး တိုက်ပွဲ ခေါ်သံတွေပေးလိုက်မယ်
သောင်းထိုက်က ကြားစေသား ...။
မနက် ရှစ်နာရီက စတဲ့ လုပ်ငန်းခွင်
ည...ဆယ့်တနာရီမှာ နားရ
အပြေးအလွှားနဲ့ ဘဝတွေ
ဘယ်အချိန်မှာနားရ ဘယ်အချိန်မှာသွားရ
ဝမ်းမဝ .. ပမ်းလှပေမယ့်
ရွာမိဘကို ငွေပို့ဘို့အရေး
မဖြစ်စလောက် လစာလေးကို
နွေးထွေးစွာရင်ဝယ်ပိုက်
ရောင့်ရဲတင်းတိမ်မှုလေးတွေနဲ့
အကြည်ရယ်...စိုက်နေပေမယ့်လည်း...
တိုးမြှင့်လာသည့် ဝန်ထမ်းလစာ
လှိုင်သာယာ ရွှေပြည်သာအလုပ်သမားများနှင့်
လားလားမျှ မသက်ဆိုင်ပါ
ကြီးထွားလာတဲ့ ကုန်ဈေးနှုန်းကအကြွားပို
သူတို့ရဲ့..တင်းတိမ်မှုလေးတွေကိုဝါးမြို
ရင်ခေါင်းထဲက ...တောက်ခေါက်သံမိုးတွေပြိုလာတဲ့အခါ
အဆောင်ထောင့်က....ငိုရှိုက်သံတွေက
ရင်တွင်းခံစားချက်များ..ဖေါ်ထုတ်
အပြင်းထန်ဆုံး ...စိတ်အနုမြူဗုံး
ဝုန်းကနဲပေါက်ကွဲ
သူတို့ ထောင်ထဲဝင်ရမှာလဲမကြောက်တော့ဘူးလေ...
မလောက်တော့ဘူးဆိုတဲ့ သူတို့လစာ
သူတို့ တောင်းဆိုတာ
အလုပ်ရှင်ကို..ဆန့်ကျင်တာလား
ပုန်ကန်တာလား စုန်ကန်တာလား
ဒါမှမဟုတ်..
မတရားတောင်းတာလား အလကားတောင်းတာလား
သို့ပေမယ့်ငြား
လားပေါင်းများစွာ ဥပေကာပြု
လုံထိမ်းအစုစုနဲ့ အပြင်ကဝိုင်း
တောင်းဆိုသူတွေသာ အရိုင်းလို့မှတ်
ဒါ အလုပ်ရှင်ရဲ့ လုပ်ရပ်
တကယ်တမ်းစုတ်ပြတ်တာက အလုပ်သမား
ကဲ အတိုင်းတိုင်းအပြည်ပြည်
ကြားလို့မှ..ကောင်းကြသေးရဲ့လား..
ရိုင်းလိုက်တဲ့..ရာဇဝင်
လှိုင်မြစ်ကမ်းမှာ သောင်တင်မှာလား
တချိန်တုန်းက ရေနံမြေသပိတ်
လှိုင်သာယာ..ရွှေပြည်သာ
အလုပ်သမားတွေရဲ့ ဝိဥာဉ်တွေမှာ
တိတ်တစိတ်ပူးကပ်နေတယ်...
ရူးမတတ်အောင် ဖြေရှင်းမရတဲ့ဝမ်းရေး
တရားမျှတစွာ...ဖြေရှင်းနိုင်ဘို့
ကျန်တဲ့ လယ်သမားထု ကျောင်းသားအစုစုတို့ရေ
လက်တွဲကာ တိုက်ပွဲဝင်
အမိုက်အမဲသခင်တွေကို တွန်းလှန်ဘို့မနှေး
စည်းလုံးညီညာစွာနဲ့
အောင်မြင်စွာ လှမ်းနိုင်ဘို့အရေး
လူတိုင်းရဲ့ ရင်ထဲမှာ
ခုချိန်ကစပြီး .. ကဲ
ခွန်အားသစ်တွေ မွေးကြပါစို့လေး ...။
ကိုမဲကြီး
Labels:
ကဗျာ
Subscribe to:
Posts (Atom)
